Connect with us

Hi, what are you looking for?

သတင်း

တောင်ကိုရီးယား၌ မြန်မာနိုင်ငံသားသုံးဦးနိုင်ငံရေးခိုလှုံခွင့်ရရှိ

အဆိုပါ မြန်မာနိုင်ငံသား သုံးဦးသည် တောင်ကိုရီးယားနိုင်ငံဆိုင်ရာ NUGကိုယ်စားလှယ်ရုံးတာဝန်ရှိသူများနှင့်ဆက်သွယ်ကာ အကူအညီတောင်းခံခဲ့သဖြင့် ၎င်းတို့ နိုင်ငံရေးခိုလှုံခွင့် ရရှိရေးအတွက် NUG ကိုယ်စားလှယ်ရုံးက ဆောင်ရွက်ပေးခဲ့သည်။

တောင်ကိုရီးယား၌ မြန်မာနိုင်ငံသားသုံးဦးနိုင်ငံရေးခိုလှုံခွင့်ရရှိ
တောင်ကိုရီးယား၌ မြန်မာနိုင်ငံသားသုံးဦးနိုင်ငံရေးခိုလှုံခွင့်ရရှိ

မြန်မာနိုင်ငံသားသုံးဦးကို တောင်ကိုရီးယား၌ နိုင်ငံရေးခိုလှုံခွင့်ရရှိရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း NUG ကိုယ်စားလှယ်ရုံးက သတင်းထုတ်ပြန်သည်။

ဇွန်လအစောပိုင်းတွင် မြန်မာအမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သည် အင်ချွန်းလေဆိပ်မှတဆင့် ဝင်ရောက်ကာ နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားခဲ့သော် လည်း တောင်ကိုရီးယားလူဝင်မှုကြီးကြပ်ရေးဌာနက အကြောင်းပြချက်မခိုင်လုံဟုဆိုကာ မိခင်နိုင်ငံသို့ ပြန်ပို့ရန်စီစဉ်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

သို့သော် အဆိုပါ မြန်မာနိုင်ငံသား သုံးဦးသည် တောင်ကိုရီးယားနိုင်ငံဆိုင်ရာ NUGကိုယ်စားလှယ်ရုံးတာဝန်ရှိသူများနှင့်ဆက်သွယ်ကာ အကူအညီတောင်းခံခဲ့သဖြင့် ၎င်းတို့ နိုင်ငံရေးခိုလှုံခွင့် ရရှိရေးအတွက် NUG ကိုယ်စားလှယ်ရုံးက ဆောင်ရွက်ပေးခဲ့သည်။

နိုင်ငံရေးခိုလှုံသူများအား ကူညီပေးနေသည့် APILရှေ့နေအဖွဲ့၊ မြန်မာအလုပ်သမားလူမှုဖူလုံရေးစင်တာ (ကိုရီးယား)၊ မြန်မာ့ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအရေးအတွက် ကိုရီးယားလွှတ်တော်အမတ်များအဖွဲ့တို့နှင့် ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြ သည်။

Public Service Announcement

Public Service Announcement

ထိုသို့ သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ယနေ့(ဇွန် ၁၆ ရက်) မွန်းလွဲပိုင်းတွင် တောင်ကိုရီးယားလူဝင်မှုကြီးကြပ်ရေးဌာနက မြန်မာနိုင်ငံသား သုံးဦးကို နိုင်ငံရေးခိုလှုံခွင့်ပေးခဲ့ကြောင်း NUG ကိုယ်စားလှယ်ရုံးက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ​ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး (၃၈)နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့အကြို လှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၆) ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အခုနှစ် နွေရာသီမှာ လွန်လွန်ကဲကဲ ပူပြင်းမှုတွေကြောင့် သေဆုံးသူ ၁၉ ဦးထိ ရှိလာကြောင်း တောင်ကိုရီးယား အစိုးရက ထုတ်ပြန်ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

သတင်း

စင်ကာပူမှာ အမြဲတမ်း နေထိုင်ခွင့် (PR) ရထားတဲ့ မြန်မာတစ်ဦးကို အကြမ်းဖက် အားပေးမှု စွပ်စွဲချက်နဲ့ တရားစွဲဆိုသွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။