Connect with us

Hi, what are you looking for?

သတင်း

ပုလဲနယ်မှလာသည့် စစ်ယာဉ်တန်းကိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးများနိုင်ဟု ယင်းမာပင်ခရိုင်တပ်ရင်း(၁) အသိပေး

ကျန်နေသည့် ရဲဘော်များသည် မဟာမိတ် တပ်များ၏ လက်နက်ငယ်ပစ်ကူဖြင့် ဘေးကင်းရာသို့ ဆုတ်ခွာလာနိုင်ခဲ့ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း(၁)က အသိပေးထားသည်။

ပုလဲနယ်မှလာသည့် စစ်ယာဉ်တန်းကိုတိုက်ခိုက်
ပုလဲနယ်မှလာသည့် စစ်ယာဉ်တန်းကိုတိုက်ခိုက်

PDF ရဲဘော် သုံးဦးကျဆုံး

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှ ထွက်ခွာလာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို ယမန်နေ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်(PDF) ယင်းမာပင်ခရိုင် တပ်ရင်း (၁)က သတင်းထုတ်ပြန်သည်။

ဇွန်လ ၁၅ရက် ညနေ ၄နာရီခွဲတွင် စစ်ယာဉ်တန်းကို ပုလဲ-မင်းတိုင်ပင် – ယင်းမာပင်လမ်းတွင် ပွိုင့် ၆ ပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အကျအဆုံးများနိုင်ပြီး ယာဉ်တန်းရပ်တန့်မှုပင်ရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

အထိနာသည့် စစ်ကောင်စီတပ်များက ရမ်းသန်းပစ်ခတ်ခဲ့ရာ PDF ရဲဘော် ၃ဦး ကျဆုံးခဲ့ရပြီး ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

ကျန်နေသည့် ရဲဘော်များသည် မဟာမိတ် တပ်များ၏ လက်နက်ငယ်ပစ်ကူဖြင့် ဘေးကင်းရာသို့ ဆုတ်ခွာလာနိုင်ခဲ့ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း(၁)က အသိပေးထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကောင်စီယာဉ်တန်းကို မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA)ကလည်း ယနေ့တွင် မင်းတိုင်ပင်နှင့် လက်ပုကန်ရွာ ကြား၌လည်းကောင်း၊ လက်ပုကန်ရွာအနီး၌ လည်းကောင်း နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့သည်ဟု MRDAက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့