Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင်တစ်နိုင်ငံလုံးလွတ်မြောက်ရေး ဆုတောင်းလှုပ်ရှားမှု ပြုလုပ်ရန် GSCB တိုက်တွန်း

” ယုတ်မာကောက်ကျစ်တဲ့ အာဏာရှင် အကြမ်းဖက်စစ်အုပ်စုကို လာမယ့် (၁၉)ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ အာဏာရှင်ကို တော်လှန်နေကြတဲ့ လူထုအပေါင်းတို့ရဲ့ သွေးအေးမနေဘူး။ သွေးကွဲမနေဘူး။ သွေးကြောင်မနေဘူးဆိုတာ ထပ်မံပြသလိုက်ကြရအောင်ပါ ” ဟု တော်လှန်ရေးအင်အားစုများက တိုက်တွန်းခဲ့သည်။

GSCB
GSCB

လာမည့် ဇွန်လ ၁၉ ရက်တွင် ကျရောက်မည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင် တစ်နိုင်ငံလုံး လွတ်မြောက်ရေး ဆုတောင်းလှုပ်ရှားမှု ပြုလုပ်ရန် တော်လှန်ရေးအင်အားစုများက ယနေ့ (ဇွန်လ ၁၇) ၌ တိုက်တွန်းခဲ့သည်။

GSCB
GSCB

အဆိုပါ ဇွန်လ (၁၉) ရက် (တနင်္ဂနွေနေ့) တွင် တစ်နိုင်ငံလုံးက ဘာသာပေါင်းစုံသော လူထုကြီးက ကိုယ် ကိုးကွယ်ယုံကြည်သည့် ဘာသာအလိုက် ဘာသာရေး အဆောက်အဆုံများ၊ ဘုရားများဆီသို့ ချီတက်ကြပါ ဟု အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က တိုက်တွန်းထားသည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဥ်းသားများ၊ သေဒဏ်ချမှတ်ခံရသည့် ရဲဘော်များ၊ တိုက်ပွဲဝင်နေကြသည့် ရဲဘော်များနှင့် တိုင်းပြည်အတွက် ကိုယ်မြို့ကိုယ်ရွာတွင် ရှိကြသည့် တန်ခိုးကြီးဘုရားများ၊ ဘုရားကျောင်းများ၊ ဗလီများ စသဖြင့် ဝတ်ပြုဆုတောင်းရာ နေရာအသီးသီးသို့ သွားရောက်၍ ဆုတောင်းကြပြီး ၎င်းတို့နှင့် တသားတည်းအတူရှိနေကြောင်း ပြသပေးကြရန် GSCB က တောင်းဆိုခဲ့သည်။

GSCB
GSCB

” ယုတ်မာကောက်ကျစ်တဲ့ အာဏာရှင် အကြမ်းဖက်စစ်အုပ်စုကို လာမယ့် (၁၉)ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ အာဏာရှင်ကို တော်လှန်နေကြတဲ့ လူထုအပေါင်းတို့ရဲ့ သွေးအေးမနေဘူး။ သွေးကွဲမနေဘူး။ သွေးကြောင်မနေဘူးဆိုတာ ထပ်မံပြသလိုက်ကြရအောင်ပါ ” ဟု တော်လှန်ရေးအင်အားစုများက တိုက်တွန်းခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

ကဗျာ

-​အောင်​စေ​နွေဦး အမေအို ကနိုင်ငံတော်ကိုနောက်တွဲဆံထုံးလေးလုပ်ပြီးထုံးထားတယ်၊အဲဒီ နောက်တွဲ ဆံထုံးလေးကိုပန်းလေးတွေ ချိတ်တွဲ ပန်ဆင်ပေးထားတယ်၊လှလှပပ မွှေးမွှေးပျံ့ပျံ့ သေသေသပ်သပ်နီနီရဲရဲ တင့်တင့်တယ်တယ် ကြွကြွရွရွသူမကျန်းမာပါစေသက်ရှည်ပါစေအနာကင်းပါစေမသူတော်ဘေး ဝေးပါစေ။ ၁၉၊ ဇွန်၊ ၂၀၂၆ Views: 68

ဆောင်းပါး

ကဖေး/People’s Spring သန့်ရှင်းသော ထိုဝန်းကျင်တွင် ပန်းရနံ့တို့ပိုသင်းပျံ့နေသည်။ ရွာဦးထိပ်က ယာယီစာသင်ကျောင်းဆီလှမ်းလာနေသော ကျောင်းဆရာမလေး၏ ဦးခေါင်းထက်မှာ နှင်းဆီပန်းနီနီရဲရဲက ဟန်ကျပန်ကျ လှပနေသည်။ ရွာလမ်းတလျှောက်တွေ့မြင်နေရသူတိုင်း၏ ဦးခေါင်းထက်မှာလည်း နှင်းဆီပန်းနှင့်အခြားသော အလျဉ်းသင့်ရာပန်းတွေ ပန်ဆင်ထားကြသည်။ ကြိုးသိုင်းလွယ်အိပ်လေးတွေ အဆင်ပြေသလိုလွယ်ထားကြသောကျောင်းသားကျောင်းသူလေးတွေလက်ထဲမှာလည်း နှင်းဆီပန်းလေးတွေ ကိုင်ထားကြပြန်သည်။ ပန်းရနံ့တို့သင်းထုံနေသောရွာလမ်းလေးအတိုင်းကျောင်းဆရာမလေး ဒေါ်နှင်းဆီ(အမည်လွှဲ)က ကျောင်း...

သတင်း

မြန်မာ့နိုင်ငံရေးပြဿနာများ ငြိမ်းချမ်းစွာပြေလည်စေရေးအတွက် အထူးဦးစားပေးလုပ်ငန်းစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး အဓိကထား ကြိုးပမ်း ဆောင်ရွက်ပေးကြဖို့ မိတ်ဆွေနိုင်ငံတွကို မေတ္တာရပ်ခံတိုက်တွန်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နဲ့ ပြည်နယ်၊ တိုင်းလွှတ်တော်၊ အစိုးရတွေက ဒီကနေ့မှာ ပူးပေါင်း ထုတ်ပြန်လိုက်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။