Connect with us

Hi, what are you looking for?

သတင်း

မုံရွာနယ်အခြေစိုက်PDFတပ်များပေါင်၍”အနောက်မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစု”အဖြစ်ဖွဲ့စည်း

ပြည်သူ့ကာကွယ်ရေးနှင့် တော်လှန်ရေးအဖွဲ့အစည်းများ စုစည်းညီညွတ်စွာ သဘောတူညီချက်များဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း”အနောက်မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစု” ကယနေ့(ဇွန်လ ၁၈ရက်)နေ့တွင်အသိပေးသည်။

မုံရွာနယ်အခြေစိုက်PDF
မုံရွာနယ်အခြေစိုက်PDF

စစ်ကိုင်းတိုင်း၊ မုံရွာနယ်အခြေစိုက် PDF တပ်များစုပေါင်းကာ “အနောက်မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစု”အဖြစ် ဖွဲ့စည်းလိုက်ကြောင်း၎င်းအဖွဲ့များကထုတ်ပြန်ကြေညာသည်။

ပြည်သူ့ကာကွယ်ရေးနှင့် တော်လှန်ရေးအဖွဲ့အစည်းများ စုစည်းညီညွတ်စွာ သဘောတူညီချက်များဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း”အနောက်မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစု” ကယနေ့(ဇွန်လ ၁၈ရက်)နေ့တွင်အသိပေးသည်။

လက်ရှိ အချိန်အထိ “တပ်ရင်း (၄) ရင်း” စာ အင်အားဖြင့် ဖွဲ့စည်းတည်ထောင်လိုက်ကြောင်း အနောက်မြောက်တိုင်း မဟာမိတ် PDFတပ်ပေါင်းစုကအသိပေးကြေညာထားသည်။

တပ်ပေါင်းစုဖွဲ့စည်းရခြင်းနှင့်ပတ်သက်၍ အနောက်မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစုတွင်ပါဝင်သည့် People’s Defence Force – South Monywaအဖွဲ့၏ တာဝန်ရှိသူက “နီးစပ်ရာအဖွဲ့အစည်းတွေကိုတော့တိုင်ပင် ဖြစ်ကြပါတယ်။အဖွဲ့အကုန်တော့မပါသလိုအကုန်လည်းမ
ပါနိုင်ပါဘူးဗျာ။ ဘုံ သဘောတူညီချက်ကတော့ အားလုံးသိကြသလိုစစ်အာဏာရှင်စနစ် နိဂုံးချုပ်ရေးပေါ့။ ကျန်တာကတော့တစ်ဖွဲ့နဲ့ တစ်ဖွဲ့ တတ်နိုင်တာတွေကူညီကြအကြံပေးကြ ဖလှယ်ကြတာကစလို့စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေအထိပဲပါတယ်ဆိုတာလောက်ကိုပဲ ပြင်ပကို ပြောပြနိုင်ပါတယ်ခင်ဗျ။”ဟုပြောကြားသည်။

Public Service Announcement

Public Service Announcement

အနောက်မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစုတွင် People’s Defence Force – South Monywa၊ Black Dragon – Special Task Force၊ Anyar Defence Force (A.D.F)၊ God of Monywa People’s Defence Force၊ Red Eagle People’s Defence Force၊ Golden Eagle Force – Monywa၊ Monywa Fighter Group (MFG) Excellent Flag Force၊ G.P.D.F People Revolution Army၊Dragon Brother People Defence’s Force၊ Zayar-7 Sagaing-ARA၊ Black Wolf People Defence Force၊ Monywa Ranger Group Truth Army၊ Monywa Red Peacock၊People’s Defence Force-Yar Za Than၊Springs Dove၊C.D.F & S.R.A
စသည့် အဖွဲ့အစည်း ၁၇ ဖွဲ့ ပါဝင်ထားကြသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းက မြို့နယ်ပေါင်း ၁၀ ခုမှာ ရေလွှမ်းမိုးမှုဖြစ်နေပြီး လူဦးရေ ၂သိန်းကျော် ရေဘေးသင့်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ် အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၈)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အကြိုလှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၆) ပြုလုပ်ခဲ့ပါတယ်။