Connect with us

Hi, what are you looking for?

သတင်း

ဒေါ်​အောင်ဆန်းစုကြည်၏​​မွေး​နေ့ကို နိုင်ကျဥ်းများဦး​ဆောင်၍ မုံရွာ​ထောင်အတွင်းပြုလုပ်

နိုင်ငံ​ရေးအကျဥ်းသားများက မတည်၍ မနက်ပိုင်းတွင်အကျဥ်းသားအားလုံးကို ​ကော်ဖီနှင့်မုန့်​ကျွေးပြီး၊​နေခင်းတွင် အချိုရည်တိုက်​သည်။ထိုအပြင် ဒေါ်​အောင်ဆန်းစုကြည် ကိုဂုဏ်ပြု ၍ကဗျာရွတ်ဆိုခဲ့ကြ​ကြောင်းသိ့ရသည်။

(၂၀၂၁ ​ဖေ​ဖော်ဝါရီတတိယပါတ်တွင်နိုင်ငံ​ရေးအကျဥ်းသားများလွှတ်​ပေးရန် ပြည်သူများက မုံရွာ​ထောင်​ရှေ့ဆန္ဒပြရာစစ်​ကောင်စီရဲများက​ထောင်​ရှေ့တွင်ပိတ်ဆို့ထားခဲ့စဥ်။ ဓါတ်ပုံ-CJ)
(၂၀၂၁ ​ဖေ​ဖော်ဝါရီတတိယပါတ်တွင်နိုင်ငံ​ရေးအကျဥ်းသားများလွှတ်​ပေးရန် ပြည်သူများက မုံရွာ​ထောင်​ရှေ့ဆန္ဒပြရာစစ်​ကောင်စီရဲများက​ထောင်​ရှေ့တွင်ပိတ်ဆို့ထားခဲ့စဥ်။ ဓါတ်ပုံ-CJ)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကို မုံရွာအကျဥ်းထောင်အတွင်း နိုင်ငံရေးအကျဥ်းသားများက ဦးဆောင်ကာ ကျင်းပခဲ့ကြသည်။

​ဒေါ်​အောင်ဆန်းစုကြည်၏ အသက် ၇၇နှစ်ပြည့် မွေးနေ့ပွဲကို မုံရွာအကျဥ်းထောင်အတွင်းဇွန်လ ၁၉ရက်က ကျင်းပခဲ့ကြောင်း မုံရွာမြို့မှနိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက People’s Spring သို့ပြောသည်။

“မွေးနေ့ပွဲလုပ်ခဲ့တာကို ကျွန်တော့်ဆီသတင်းပုံစံရေးပို့တယ်။ အကျဥ်းထောင်ဘက်က အရမ်းတင်းကျပ်တာတော့ မရှိဘူး။ ဒါပေမယ့် တက်ကြွတဲ့ နိုင်ကျဥ်းတွေကလည်း တင်းကျပ်လည်းလုပ်မယ့်သူတွေ” ဟု ၎င်းကဆက်ပြောသည်။

မုံရွာအကျဥ်းထောင်အတွင်း ဇွန်လ ၁၉ရက် နံနက် ၅နာရီတွင် ဒေါ်အောင်ဆန်းစုကြည်အား အမှုးထားကာ မေတ္တာပို့အမျှဝေခဲ့ပြီး မေတ္တာသုတ်၊မောရသုတ်များကို သံပြိုင်ရွတ်ဆိုခဲ့ကြောင်း၊အမိမြေအား စစ်အာဏာရှင်လက်မှ လွတ်မြောက်စေစေကြောင်း ဆုတောင်းခဲ့ကြသည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

နိုင်ငံ​ရေးအကျဥ်းသားများက မတည်၍ မနက်ပိုင်းတွင်အကျဥ်းသားအားလုံးကို ​ကော်ဖီနှင့်မုန့်​ကျွေးပြီး၊​နေခင်းတွင် အချိုရည်တိုက်​သည်။ထိုအပြင် ဒေါ်​အောင်ဆန်းစုကြည် ကိုဂုဏ်ပြု ၍ကဗျာရွတ်ဆိုခဲ့ကြ​ကြောင်းသိ့ရသည်။

မုံရွာအကျဥ်းထောင်အတွင်း နိုင်ငံရေးအကျဥ်းသား ၈၀၀ခန့်ရှိပြီး ယင်းတို့အထဲတွင် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်နှင့် တိုင်းအစိုးရအဖွဲ့ဝင်များအပြင် ​မုံရွာသပိတ​ခေါင်း​ဆောင်ကို​ဝေမိုးနိုင် ၊နိုင်ငံ​ရေးတက်ကြွလှုပ်ရှားသူကိုမာန်ဇာမြေမွန်စ​သောနိုင်ငံ​ရေးအကျဥ်းသားများစွာရှိသည်။

စစ်ကောင်စီကထိန်းသိမ်းထားသည့်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၇နှစ်မြောက်မွေးနေ့ပွဲကိုလူထုကလည်းကျင်းပခဲ့ကြသလိုပြည်သူ့ကာကွယ်ရေးအဖွဲ့များကလည်း ရှေ့တန်းနေရာများမှနေ၍ကျင်းပခဲ့ကြသည်။

ဇွန်လ၂၀ရက်ကရုံးထုတ်စဥ်ကလည်းဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပါဝင်သော မွေးနေ့ပွဲကို တရားရုံးတွင် ကျင်းပခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာမြို့ရဲ့ ရပ်ကွက်အချို့မှာ မိုးရွာလိုက်တိုင်း ​ရေနှုတ်​မြောင်းမရှိတဲ့အတွက် ရေဝပ်ပြီး ရေနစ်မြုပ်​နေတာ​ကြောင့် ​နောက်ဆက်တွဲကျန်းမာ​ရေးပြသာနာ​တွေဖြစ်လာမှာကို ဒေသခံတွေစိုးရိမ်​​နေကြပါတယ်။

သတင်း

တပတ်ကျော်အတွင်း အိမ်ခြံမြေပွဲစားတွေ ပြန်ပေးဆွဲခံရမှု ၂မှုဖြစ်လာ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

Facebook