Connect with us

Hi, what are you looking for?

သတင်း

မုံရွာ-မန္တ​လေးလမ်းတွင်စစ်​ကောင်စီယာဥ်တန်းကိုနှစ်​နေရာ၌မိုင်းဆွဲတိုက်ခိုက်ရာ​သေဆုံးထိခိုက်မှူများဟု PDF​ပြော

မိုင်းခွဲတိုက်ခိုက်မှုကြောင့် လူနာတင်ယာဉ် ၂ စီး၊ ပွိုင့်ကား ၁ စီးဖြင့် သေဆုံးထိခိုက်နိုင်သည့် အကြမ်းဖက်စစ်သား ၂၀ မှ ၃၀ ကြားအား သယ်ဆောင်သွားကြသည်ဟု PDF South Monywaက အသိပေးသည်။

(ဧပြီလကုန်ပိုင်းက မုံရွာ-မန္တလေးလမ်းမပေါ် ဖြတ်သန်းသွားသည့် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းအား တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(ဧပြီလကုန်ပိုင်းက မုံရွာ-မန္တလေးလမ်းမပေါ် ဖြတ်သန်းသွားသည့် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းအား တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင်မုံရွာမှထွက်လာသည့် စစ်​​ကောင်စီတပ်၏ အစီး ၅၀ ကျော်ပါ ယာဥ်တန်းအားနှစ်ကြိမ်တိုက်ခိုက်ခဲ့ရာစစ်သားများ​သေဆုံးထိခိုက်များကြောင်း People’s Defence Force – South Monywa က သတင်းထုတ်ပြန်သည်။

ယနေ့ (ဇွန်လ၂၁ရက်)နေ့လယ်ပိုင်းက မုံရွာမှ စစ်ကိုင်းသို့ မုံရွာ-မန္တလေး လမ်းမကြီးအတိုင်း အကြမ်းဖက်စစ်တပ်၏ ၅၇စီးပါယာဥ်တန်းသွား​နေစဥ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မုံရွာမြို့နယ်၊ မြေနဲရွာအနီး၌ ၂လုံးဆင့် မိုင်း၃လုံး တပြိုင်တည်းခွဲ၍ တိုက်ခိုက်ခဲ့ရာ ကားတစ်စီး ထိ၍ မီးခိုးများအူကာ ထိုးရပ်သွားပြီး ကားလေးတစ်စီးမှာ မိုင်းထိ​သောစစ်သား၂ ဦး အား သယ်ဆောင်သွားကြောင်း PDF South Monywa၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နောက်ထပ်ကားကြီးနှစ်စီး အချိန်အနည်းငယ်အကြာတွင် ထပ်မံရောက်ရှိလာပြီး ဒဏ်ရာရအကြမ်းဖက်စစ်သားများအား တင်ဆောင်ကာမိုင်းထိကားအား ဆွဲယူသွားသည်ဟု​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ခင်မွန်ရွာနှင့် ချောင်းဦးမြို့ကြားတွင်လည်းချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ CHU PDF တို့နှင့်ပူးပေါင်း၍ ၃ လုံးဆင့်ပဒေသာမိုင်း ၁ လုံး၊ ၂ လုံးဆင့်မိုင်း ၃ လုံး၊ မိုင်းအကြီး ၁ လုံးတို့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ နံပါတ် ၄ စီးမြောက်၊ ၁၂ စီး မြောက်နှင့် ၁၃စီးမြောက်ကားများ ထိ၍ မီးခိုးများအူ ထိုးရပ်သွားခဲ့သည်ဟုPDF South Monywaကထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

“ဒီနေ့စစ်ဆင်ရေးက အောင်မြင်တဲ့စစ်ဆင်ရေးလို့ ပြောလို့ရပါတယ်ခင်ဗျ။”ဟု PDF South Monywaအဖွဲ့ တာဝန်ရှိသူက ​ပြောသည်။

မိုင်းခွဲတိုက်ခိုက်မှုကြောင့် လူနာတင်ယာဉ် ၂ စီး၊ ပွိုင့်ကား ၁ စီးဖြင့် သေဆုံးထိခိုက်နိုင်သည့် အကြမ်းဖက်စစ်သား ၂၀ မှ ၃၀ ကြားအား သယ်ဆောင်သွားကြသည်ဟု PDF South Monywaက အသိပေးသည်။

အကြမ်းဖက်စစ်တပ်၏ သေဆုံးထိခိုက်မှုအခြေအနေများနှင့်ပတ်သက်၍ People’s Spring ကသီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

စစ်ကိုင်း-မုံရွာလမ်းများကို ယနေ့ ဇွန် ၂၁ ရက် နေ့လယ် ၁၂ နာရီအချိန်မှစ၍ တစ်​နေ့လုံး ပြည်သူများ လမ်းအသုံးပြုခြင်း ခေတ္တရပ်နားကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကကြိုတင်မေတ္တာရပ်ခံထားသည်။

ထိုအပြင် ယနေ့နေ့လယ်ပိုင်းကပင် ​မုံရွာ-မန္တလေးလမ်းမကြီးပေါ်၊ မြင်းမူမြို့နယ်အတွင်း နေရာ ၃ နေရာ၌ ဒေသတွင်း ပြည်သူ့ကာကွယ်ရေး အဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။