Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်သတ်ဖြတ်ခဲ့သည့် မြန်မာပြည်သူ ၂,၀၀၀ အတွက် အမေရိကန်နှင့် ပြင်သစ်တို့ ဝမ်းနည်းပူဆွေး

အာဏာသိမ်းသည့်အချိန်မှစပြီး အမေရိကန်သည် မြန်မာစစ်တပ်၊ စစ်ခေါင်းဆောင်များနှင့် ၎င်းတို့၏ ဘဏ္ဍာရေးအကျိုးစီးပွားများကို အရေးယူပိတ်ဆို့မှုများပြုလုပ်ခြင်းနှင့် နိုင်ငံတကာဘဏ္ဍာရေးစနစ်အတွင်း ၎င်းတို့ဝင်ရောက်နိုင်မှုဟန့်တားရေးတို့ကို ဆောင်ရွက်ခဲ့သည်။

French Embassy in Myanmar
French Embassy in Myanmar

▪️စစ်တပ်တာဝန်ရှိသူများ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးတိုးမြှင့်ဆောင်ရွက်မည်ဟု ထုတ်ပြန်

အာဏာသိမ်းချိန်မှစ၍ သတ်ဖြတ်ခံရသည့်အရပ်သားပြည်သူ ၂,၀၀၀အတွက် ဝမ်းနည်းပူဆွေးရကြောင်း အမေရိကန်သံရုံးက ယနေ့ထုတ်ပြန်လိုက်ပြီး ပြင်သစ်နှင့်အမေရိကန်သံရုံးတို့က ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အနက်ရောင်ပရိုဖိုင်ပြောင်းလဲလသည်။

“နိုင်ငံတစ်ဝှမ်းတွင် မြန်မာပြည်သူများအပေါ် ကျူးလွန်ခဲ့သည့် စစ်တပ်၏ လူမဆန်သောကြမ်းကြုတ်ရက်စက်မှုများသည် စစ်တပ်အတွင်းမှတာဝန်ရှိသူများကို တာဝန်ယူမှု တာဝန်ခံမှုရှိစေရေး အပူတပြင်းလိုအပ်လျက်ရှိကြောင်း မီးမောင်းထိုးပြနေပါသည်”ဟု အမေရိကန်သံရုံးက ထုတ်ပြန်သည်။

U.S. Embassy Rangoon
U.S. Embassy Rangoon

အာဏာသိမ်းသည့်အချိန်မှစပြီး အမေရိကန်သည် မြန်မာစစ်တပ်၊ စစ်ခေါင်းဆောင်များနှင့် ၎င်းတို့၏ ဘဏ္ဍာရေးအကျိုးစီးပွားများကို အရေးယူပိတ်ဆို့မှုများပြုလုပ်ခြင်းနှင့် နိုင်ငံတကာဘဏ္ဍာရေးစနစ်အတွင်း ၎င်းတို့ဝင်ရောက်နိုင်မှုဟန့်တားရေးတို့ကို ဆောင်ရွက်ခဲ့သည်။

ထို့အပြင် အမေရိကန်သည် ၎င်းတို့၏ မိတ်ဖက်များ၊ မြန်မာပြည်သူများနှင့်အတူ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ကိုပံ့ပိုးကူညီခြင်းကဲ့သို့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး တိုးမြှင့်ဆောင်ရွက်ခြင်းကို ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

တဖက်တွင်လည်း မြန်မာနိုင်ငံကို ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိစေရန် ဆက်လက်တွန်းအားပေးသွားမည်ဖြစ်ကြောင်း သံရုံးက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

စက်တင်ဘာ ၉ ရက်နေ့တုန်းက ဆိုးလ်မြို့တော်ရဲ့ အမေရိကန် သံရုံးနားမှာ ပြည်သူတချို့ စုဝေးပြီး အီရန်စစ်ပွဲမှာ ပါဝင်ပတ်သက်တာမျိုး မလုပ်ဖို့ အစိုးရကို တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ အီရန်စစ်ပွဲ ဆိုတာက အမေရိကန်ရဲ့ တစ်ဖက်သတ် ဆုံးဖြတ်တဲ့ ကိစ္စဖြစ်ပြီး တောင်ကိုရီးယား အနေနဲ့ ဓားခုတ်ရာ လက်လျှိုသလို...

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်အတွင်းရှိ ဘုတ်ဆုတ်ခင်ကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ အများအပြားသေဆုံးထိခိုက်ခဲ့ရကြောင်း KNU ဗဟိုက ဒီကနေ့ စက်တင်ဘာ ၁၃ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ မနေ့ညက နေရာ ၃ခုမှာ ကားမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။