Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင် အကျဉ်းထောင်စောင့်စစ်သားနှင့်ရဲများကို KIA တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ သေဆုံးမှုရှိ

စစ်ကောင်စီတပ် ခလရ (၇၆) ၊ အမှတ် (၂၈၊ ၃၀) ရဲတပ်ဖွဲ့ ပူးပေါင်းတပ်တို့ အကျဉ်းထောင် စောင့်နေချိန် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်မှုရှိခဲ့ပြီး စခန်းလည်း ပျက်စီးမှုရှိခဲ့သည်ဟု ဖော်ပြထားသည်။

ဖားကန့်အကျဉ်းထောင်
ဖားကန့်အကျဉ်းထောင်

▪️ပြည်သူလူထုအား လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်၍ KIAက တုံ့ပြန်တိုက်ခိုက်ခြင်းဟု အသိပေးထား

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် အကျဉ်းထောင်စောင့်သည့် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့နံနက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့ကြောင်း KIA သတင်းပြန်ကြားရေးက သတင်းဖော်ပြသည်။

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု မဇွပ်ယာန်ရွာရှိ အကျဉ်းထောင်စောင့်သည့် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ကို ယနေ့ (ဇွန်လ ၂၂ရက်)နံနက် ၄နာရီခွဲက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ် ခလရ (၇၆) ၊ အမှတ် (၂၈၊ ၃၀) ရဲတပ်ဖွဲ့ ပူးပေါင်းတပ်တို့ အကျဉ်းထောင် စောင့်နေချိန် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်မှုရှိခဲ့ပြီး စခန်းလည်း ပျက်စီးမှုရှိခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါ စစ်ကောင်စီတပ်နှင့် ရဲများသည် ဇွန်လ ၂၀ရက်နှင့် ၂၁ရက်က ပြည်သူလူထုများနေထိုင်ရာ ကျေးရွာများဘက်သို့လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ရာ ပြည်သူ သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ကြောင့် KIAက လက်နက်ကြီးဖြင့်တုံ့ပြန် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KIA သတင်းပြန်ကြားရေးဌာနက အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ထိုသို့ တိုက်ခိုက်ခံရခြင်းကြောင့် စစ်ကောင်စီတပ်က လမ်းပိတ်ဆို့ကာ ဖြတ်သွားဖြတ်လာ ပြည်သူများကို စစ်ဆေးရှာဖွေမှုများ ပြုလုပ်လျက်ရှိသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ် ငါးအိုးဗျူဟာမှာစုဖွဲ့ပြီး ရွှေကူမြို့ထိုးစစ်ဆင်လာတဲ့ စစ်တပ်ဟာ မြို့အတွင်းကို ဝင်ရောက်သွားပြီဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။