Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားရဲ့ ခေတ်အမီဆုံး နျူကလီးယား ဒုံးကျည်တွေ တိုက်ပွဲဝင်အဆင့် ရောက်လာတော့မယ်လို့ ပူတင်ပြော

ရုရှားဟာ Sarmat ဒုံးကျည်တစ်စင်း စမ်းသပ်မှုကို ဧပြီလမှာ တရားဝင် ကြေညာခဲ့ပြီး နောက်ထပ် တစ်လ အကြာမှာတော့ ရုရှား အာကာသ အေဂျင်စီ အကြီးအကဲ ဒီမစ်ထရီ ရိုဂိုဇင်က နိုင်ငံရဲ့ နျူကလီးယား လက်နက်တိုက်ထဲမှာ နောက်ထပ် ဒုံးကျည်အသစ် အစင်း ၅၀ လောက် တိုးလာလိမ့်မယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။

ရုရှားရဲ့ ခေတ်အမီဆုံး နျူကလီးယား ဒုံးကျည်
ရုရှားရဲ့ ခေတ်အမီဆုံး နျူကလီးယား ဒုံးကျည်

ရုရှားရဲ့ ခေတ်အမီဆုံး၊ အသစ်လွင်ဆုံး နျူကလီးယား ဒုံးကျည်တွေကို လပိုင်းအတွင်း တိုက်ပွဲဝင်အဆင့် ဖြန့်ကျက်ထားနိုင်တော့မယ်လို့ သမ္မတ ဗလာဒီမာ ပူတင်က ကြွေးကြော်လိုက်ပါတယ်။

RS-28 Sarmat ဒုံးကျည်တွေဟာ အခုနှစ်မကုန်ခင် ရုရှားစစ်တပ်မှာ လက်တွေ့ အသုံးပြုနိုင်တဲ့ အခြေအနေ ရောက်လာမယ်လို့ ပူတင်က ကာကွယ်ရေး အကယ်ဒမီ တစ်ခုမှာ ပြောကြားတဲ့ မိန့်ခွန်းထဲ ထည့်သွင်း မှတ်ချက် ပေးသွားခဲ့ပါတယ်။ NATO မဟာမိတ်တွေကတော့ အဲဒီ ဒုံးကျည်တွေကို Satan-2လို့ ခေါ်ဝေါ်လေ့ ရှိပါတယ်။

ပူတင်က Sarmatတွေဟာ ကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်းတဲ့ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တွေ ဖြစ်လာစေမယ်လို့ ကြွားဝါထားပါတယ်။ Sarmatတွေကို စမ်းသပ် ပစ်လွှတ်မှု အစီအစဉ်ဟာ စိတ်ကျေနပ်စရာ အပြည့်နဲ့ အောင်မြင်မှုတွေ ရခဲ့ကြောင်း၊ နှစ်ကုန်ပိုင်းလောက်ကျရင် Sarmatတွေအတွက် ဒုံးကျည် အခြေစိုက် စခန်းတစ်ခုလောက် တိုက်ပွဲဝင်အဆင့် အသင့်အနေအထား ဖြစ်နေလိမ့်မယ်လို့ ပူတင်က ဆိုပါတယ်။

ရုရှားဟာ Sarmat ဒုံးကျည်တစ်စင်း စမ်းသပ်မှုကို ဧပြီလမှာ တရားဝင် ကြေညာခဲ့ပြီး နောက်ထပ် တစ်လ အကြာမှာတော့ ရုရှား အာကာသ အေဂျင်စီ အကြီးအကဲ ဒီမစ်ထရီ ရိုဂိုဇင်က နိုင်ငံရဲ့ နျူကလီးယား လက်နက်တိုက်ထဲမှာ နောက်ထပ် ဒုံးကျည်အသစ် အစင်း ၅၀ လောက် တိုးလာလိမ့်မယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။ ရုရှားရဲ့ လက်နက် အင်အားကြောင့် ရန်လိုသူတွေက အပြောအဆို ပိုယဉ်ကျေးလာမယ်လို့လည်း သူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အသံထက် ၅ ဆကျော် ပိုမြန်တဲ့ ဟိုက်ပါဆောနစ် ဒုံးကျည် နည်းပညာ မြှင့်တင်ရေး အစီအမံတွေကိုလည်း တစိုက်မတ်မတ် အကောင်အထည် ဖော်နေခဲ့ပါတယ်။ ယူကရိန်း စစ်ပွဲမှာ ရုရှားက ဟိုက်ပါဆောနစ် ဒုံးကျည် တစ်စင်းကို လက်တွေ့ အသုံးပြု တိုက်ခိုက်ခဲ့ပြီး စစ်မြေပြင်မှာ ဟိုက်ပါဆောနစ် ဒုံးကျည် သုံးတဲ့ ပထမဆုံး နိုင်ငံအဖြစ်လည်း မှတ်တမ်း ဝင်စေခဲ့ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။