Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယက စာကြည့်တိုက် အသစ်ကြီးမှာ AIနဲ့ ရေးထားတဲ့ စာအုပ်တွေ အများအပြား ဝယ်ထားလို့ ပြဿနာတက်

အိန္ဒိယ နိုင်ငံက စာကြည့်တိုက်သစ်ကြီး တစ်ခုဟာ ဉာဏ်ရည်တု (AI) နည်းပညာ အသုံးပြု ရေးသားထားတဲ့ စာအုပ် အများအပြား ဝယ်ယူထားတယ်ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ ကြုံနေရပါတယ်။

အိန္ဒိယ နိုင်ငံက စာကြည့်တိုက်သစ်ကြီး တစ်ခုဟာ ဉာဏ်ရည်တု (AI) နည်းပညာ အသုံးပြု ရေးသားထားတဲ့ စာအုပ် အများအပြား ဝယ်ယူထားတယ်ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ ကြုံနေရပါတယ်။

နိုင်ငံတောင်ပိုင်းက တမီလ်နာဒူ ပြည်နယ်မှာ ဖွင့်လှစ်လိုက်တဲ့ ပြည်သူ့ စာကြည့်တိုက် အသစ်ကြီးဟာ AIနဲ့ ရေးသားထားတဲ့ စာအုပ်ပေါင်း ရာဂဏန်းနဲ့ချီ ဝယ်ယူထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ မက်ဒရပ်စ်မြို့ တရားရုံးချုပ်က ညွှန်ကြားထားလိုက်ပါတယ်။

ကွိုင်မ်ဘာတောမြို့မှာ ဖွင့်လှစ်ခဲ့တဲ့ စာကြည့်တိုက်မှာ တွေ့ရတဲ့ စာအုပ်တွေထဲမှာ အချက်အလက် အမှားအယွင်းတွေ ပါဝင်နေတာတွေ၊ မူပိုင်ခွင့်ဆိုင်ရာ အငြင်းပွားစရာ အခြေအနေတွေကို တမီးလ် ဝတ္ထုရေးဆရာ ပါရူမဲလ် မူရူဂန်က ထောက်ပြခဲ့ရာက အခုလို အရှုပ်အထွေးတွေ ဖြစ်လာတာပါ။

အခုတော့ တရားရုံးဟာ ပြည်နယ်ရဲ့ အဂတိ တိုက်ဖျက်ရေး အေဂျင်စီ အနေနဲ့ စာကြည့်တိုက်ရဲ့ စာအုပ်အဝယ် မှတ်တမ်းတွေကို ပြန်လည် စိစစ်ဖို့ ညွှန်ကြားထားသလို စာအုပ်တွေ ထောက်ပံ့ဝယ်ယူပေးနေတဲ့ ထုတ်ဝေရေး ကုမ္ပဏီ တစ်ခုကိုလည်း ဘဏ်အကောင့်တွေ အသုံးပြုလို့ မရအောင် တားဆီးမိန့် ထုတ်ထားလိုက်ပါတယ်။

Public Service Announcement

Public Service Announcement

ပြည်နယ် အစိုးရကတော့ အဲဒီစာအုပ် ဝယ်ယူမှုတွေဟာ အရင်က ပြည်နယ် အစိုးရ တာဝန်ကို ယူခဲ့တဲ့ ဒရာဗီဒါ မွန်နက်ထရာ ကာဇာဂမ် (DMK) ပါတီရဲ့ ဆောင်ရွက်မှုတွေလို့ စွပ်စွဲခဲ့ပြီး DMKကတော့ ငြင်းဆိုထားပါတယ်။

တမီလ်နာဒူ ပြည်နယ် ပညာရေးဝန်ကြီး အေရက်ဂျ်မိုဟန်းက ဒီဖြစ်ရပ်ဟာ အိန္ဒိယမှာ ကြုံတွေ့လာတဲ့ ပထမဆုံး AI အခြေပြု ငွေကြေးလိမ်လည်မှုလို့ ယူဆရကြောင်း မှတ်ချက်ပေးခဲ့ပြီး တိတိကျကျ စုံစမ်းစစ်ဆေးမှုတွေ လိုအပ်နေကြောင်း ပြောကြားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ AIနဲ့ ဖန်တီးထားတဲ့ စာပေတွေ အရမ်းများလာတာကြောင့် စာကြည့်တိုက်မှူးတွေနဲ့ တာဝန်ရှိသူတွေက ပိုပြီး အလေးထား စိစစ်ဖို့ လိုအပ်လာတာကို မီးမောင်းထိုးပြနေကြောင်း သူက ဆိုပါတယ်။

ဒီဖြစ်ရပ်ကို အများသိအောင် စတင်ဖွင့်ချခဲ့သူ စာရေးဆရာ မူရူဂန်ကတော့ တမီးလ်စာပေတွေ ကက်တလောက်ထဲမှာ လူသိနည်းတဲ့ ထုတ်ဝေရေး ကုမ္ပဏီ တစ်ခုဖြစ်တဲ့ အေဂဲလ် ဗီလက်ကူ ပါသစ်ပါဂမ်ရဲ့ စာအုပ်ပေါင်း ၁၈၀၀ နီးပါး ဝယ်ယူထားတယ်လို့ ထုတ်ဖော် ရေးသားခဲ့ပါတယ်။

အခုအခါမှာတော့ စာရေးဆရာတွေ၊ စာပေ သုတေသီတွေ၊ ပညာရှင်တွေ၊ ထုတ်ဝေသူတွေ စုစုပေါင်း လူ ၁၆၀ လောက်က အဲဒီအရှုပ်တော်ပုံနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှုရှိရှိ စုံစမ်း ဖော်ထုတ်ပေးဖို့ အဆိုပြုချက်ကို ပူးတွဲ လက်မှတ်ရေးထိုး တောင်းဆိုထားကြောင်းလည်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ