Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုတိုက်ပွဲ စစ်​ကောင်စီတပ် ၄ဦး​သေအများအပြားဒဏ်ရာရ၊ PDF တပ်ဖွဲ့ဝင်တစ်ဦးကျဆုံး

“စခ (၄) ကောင် နေရာတွင်​သေဆုံးပီး အများအပြားထိခိုက်ဒဏ်ရာ ရရှိသွားပါသည်။မိမိတို့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် မှ ထောက်ပို့ရဲဘော်တစ်ဦး ရန်သူ့ကျည်ထိမှန်ကျဆုံးခဲ့ရပါသည်”ဟု ​ရေစကြို PDF ကယ​နေ့(ဇွန် ၂၄ )ညတွင်ထုတ်ပြန်သည်။

(​ရေစကြို PDF တပ်ဖွဲ့ဝင်များ စစ်​သင်တန်းတွင်စစ်​ပညာသင်ကြား​လေးကျင့်​နေကြစဥ်။ ။ဓါတ်ပုံ-​ရေစကြိုPDF)
(​ရေစကြို PDF တပ်ဖွဲ့ဝင်များ စစ်​သင်တန်းတွင်စစ်​ပညာသင်ကြား​လေးကျင့်​နေကြစဥ်။ ။ဓါတ်ပုံ-​ရေစကြိုPDF)

ရေစကြိုမြို့နယ် အောင်သပြေရွာနှင့်တောင်ဦးရွာကြားတွင် ယ​နေ့ ည​နေ ၄ နာရီဝန်းကျင်တွင် စစ်ကောင်စီစစ်ကြောင်းနှင့် ​ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်​ရေးတပ်တို့ ထိပ်တိုက်​တွေ့ဆုံတိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်သား ၄ ဦး​သေဆုံးပြီး PDF တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့​ကြောင်း​ရေစကြိုPDFကသတင်းထုတ်ပြန်သည်။

“စခ (၄) ကောင် နေရာတွင်​သေဆုံးပီး အများအပြားထိခိုက်ဒဏ်ရာ ရရှိသွားပါသည်။မိမိတို့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် မှ ထောက်ပို့ရဲဘော်တစ်ဦး ရန်သူ့ကျည်ထိမှန်ကျဆုံးခဲ့ရပါသည်”ဟု ​ရေစကြို PDF ကယ​နေ့(ဇွန် ၂၄ )ညတွင်ထုတ်ပြန်သည်။

“ရဲဘော်ကြီးကောင်းရာသုဂတိလားပါစေ”ဟုလည်း​ထုတ်ပြန်ချက်တွင်ဆု​တောင်း​ထားသည်။ စစ်​ကောင်စီတပ်​သေဆုံးမှုကို People’s Spring ကသီးခြားအတည်မပြုနိူင်ပါ။ တိုက်ပွဲနှင့်ပတ်သပ်၍အ​သေးစိပ်​အချက်အလက်များရရှိရန် ​​ရေစကြိုPDFသို့ဆက်သွယ်​​​မေးမြန်းရန်ကြိုးစားသော်လည်း
ဆက်သွယ်မရ​သေးပါ။

မ​ကွေးတိုင်းရှိရေစကြို PDF သည်ယခု​နောက်ပိုင်းစစ်​ကောင်စီတပ်ကို အထိနာ​အောင်မကြာခဏခုခံတိုက်ခိုက်​နေ​သောအဖွဲ့ဖြစ်သည်။ ဇွန် ၉ ရက်ကစစ်​ကောင်စီတပ်နှင့်ရဲများ၏ဧရာဝတီမြစ်ကူးတံတားတစ်စင်းဖြစ်သည့် ဆင်ဖြူရှင်တံတားဂိတ်ကို တိုက်ခိုက်ရာ စစ်​ကောင်စီတပ်သား၃ ဦး​သေ၊၁ ဦးအရှင်ဖမ်းမိပြီး အများအပြားထွက်​ပြေးသွားသည်။တံတားဂိတ် စခန်းသိမ်းတိုက်ပွဲတွင်စစ်​ကောင်စီတပ်ထံမှ ​သေနတ် ၈ လက် ကျည်တစ်​ထောင် ၊​ငွေကျပ်သိန်း ၁၀၀ ​ကျော်နှင့် ဆိုင်ကယ်များအပါအဝင် ပစ္စည်းအများအပြားသိမ်းဆည်းခဲ့ပြီး စခန်းကိုမီးရှို့ဖျက်ဆီးခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

Facebook