Connect with us

Hi, what are you looking for?

သတင်း

ဆလိုင်းတင်မောင်ဦးစိတ်ဓာတ်ကိုင်စွဲပြီး စစ် ၃ စစ်ကိုအမြစ်ပြတ်တိုက်ဖို့ ဗကသများအဖွဲ့ချုပ်တိုက်တွန်း

ဒီနေ့မှာကျရောက်တဲ့ ၄၆ နှစ်မြောက်အခမ်းအနား ကို ဗကသများအဖွဲ့ချုပ် ကသဝဏ်လွှာပေးပို့ရာမှာ ဆလိုင်းတင်မောင်ဦးဟာ လူထုတရပ်လုံးရဲ့ဘုံရန်သူကိုနောက်ဆုံးအချိန်ထိ အလျော့မပေး အညံ့မခံဘဲ အသက်စွန့်ကာ ပြတ်ပြတ်သားသားတိုက်ပွဲဝင်ခဲ့တဲ့ ကျောင်းသားအာဇာနည် ဖြစ်ပြီး အလေးအနက် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်လို့ပါရှိပါတယ်။

ဓာတ်ပုံ − abfsu
ဓာတ်ပုံ − abfsu

စစ်ဖိနပ်အောက် ဒူးမထောက်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး စိတ်ဓာတ်ကို ကိုင်စွဲပြီး စစ်၃စစ်ကို အမြစ်ပြတ်တိုက်ဖျက်ကြ ဖို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

ဒီနေ့ဟာ မဆလ တစ်ပါတီ အာဏာရှင် ဦးနေဝင်းအစိုးရ ရဲ့ အင်းစိန်ထောင်မှာ မတရား ကြိုးပေးသတ်ဖြတ်ခြင်းခံရတဲ့ ကျောင်းသားခေါင်းဆောင် ချင်းတိုင်းရင်းသား ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၆ နှစ်ပြည့်နေ့လည်းဖြစ်ပါတယ်။

စစ်အာဏာရှင်တိုက်ဖျက်ရေး ၊ ဒီမိုကရေစီအရေးတိုက်ပွဲဝင်ရင်း ဆလိုင်းတင်မောင်ဦးဟာ ကြိုးပေးကွပ်မျက်ခံခဲ့ရတာပါ။

ဒီနေ့မှာကျရောက်တဲ့ ၄၆ နှစ်မြောက်အခမ်းအနား ကို ဗကသများအဖွဲ့ချုပ် ကသဝဏ်လွှာပေးပို့ရာမှာ ဆလိုင်းတင်မောင်ဦးဟာ လူထုတရပ်လုံးရဲ့ဘုံရန်သူကိုနောက်ဆုံးအချိန်ထိ အလျော့မပေး အညံ့မခံဘဲ အသက်စွန့်ကာ ပြတ်ပြတ်သားသားတိုက်ပွဲဝင်ခဲ့တဲ့ ကျောင်းသားအာဇာနည် ဖြစ်ပြီး အလေးအနက် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်လို့ပါရှိပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့် ဗကသများအဖွဲ့ချုပ်အနေနဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်တိုက်ဖျက်ရေးမှာ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးရဲ့ ရဲဝံပြတ်သားတဲ့ တိုက်ပွဲဝင်စိတ်ဓာတ် ကို ဆက်လက်ကိုင်စွဲကာ ဘုံရန်သူကို ပြင်းပြင်းထန်ထန်တိုက်ပွဲဝင်သွားမယ်လို့ကတိသစ္စာပြုထားပါတယ်။

စစ် ၃ စစ်အမြစ်ဖြတ်ရေးဆိုတာကတော့ စစ်အစိုးရ ၊ စစ်အုပ်စု၊ စစ်ဗျူရိုကရေစီ ယန္တယားကို တိုက်ဖျက်ရေး တို့ပဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်း ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေက ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး (၅၀)နှစ်ပြည့်အထိမ်းအမှတ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေ ဒီကနေ့ (ဇွန် ၂၆)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်အာဏာရှင်ဗိုလ်ချုပ်ကြီးနေဝင်းအစိုးရရဲ့တရားလက်လွတ် ကြိုးပေးသတ်ဖြတ်မှုကြောင့်ချင်းတိုင်းရင်းသားကျောင်းသားခေါင်းဆောင်ဆလိုင်းတင်မောင်ဦးကျဆုံးခဲ့တာဟာဒီနေ့ဆိုရင် နှစ် ၅၀ တင်းတင်းပြည့်ခဲ့ပြီလို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။

သတင်း

စစ်အာဏာရှင် ဗိုလ်နေဝင်းအမိန့်နဲ့ ကြိုးပေးကွပ်မျက်ခံခဲ့ရတဲ့ ဆလိုင်းတင်မောင်ဦးရဲ့ စိတ်ဓာတ်ခံယူချက်အတိုင်း ရပ်တည်ကာ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ချင်းလူငယ်အဖွဲ့နဲ့ ချင်းတော်လှန်ရေးအဖွဲ့တွေက ဒီကနေ့ ကျရောက်တဲ့ ဆလိုင်းတင်မောင်ဦး အောက်မေ့ဖွယ်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေကြောင်း သက်သေပြသပေးဖို့နဲ့ ဗကသများအဖွဲ့ချုပ် နှစ် (၉၀)ပြည့် လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၉) မှာ ပြုလုပ်ခဲ့ပါတယ်။