Connect with us

Hi, what are you looking for?

သတင်း

ဆလိုင်း တင်မောင်ဦး (၅၀) နှစ်ပြည့်အထိမ်းအမှတ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ စစ်ကိုင်းတိုင်းမှာ ပြုလုပ်

စစ်ကိုင်းတိုင်းအတွင်း ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေက ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး (၅၀)နှစ်ပြည့်အထိမ်းအမှတ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေ ဒီကနေ့ (ဇွန် ၂၆)မှာ ပြုလုပ်ခဲ့ပါတယ်။

ဇွန်-၂၆၊၂၀၂၆။သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်း ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေက ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး (၅၀)နှစ်ပြည့်အထိမ်းအမှတ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေ ဒီကနေ့ (ဇွန် ၂၆)မှာ ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ သပိတ် ကော်မတီဝင်တွေနဲ့ ကျောင်းသားလူငယ်တွေ စုပေါင်းပြီး ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး (၅၀) နှစ်ပြည့် အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားကို ကျင်းပခဲ့ကြပါတယ်။

အဲဒီအခမ်းအနားမှာ ကျဆုံးသွားခဲ့ကြတဲ့ ကျောင်းသားအပေါင်းနဲ့ ရဟန်းရှင်လူပြည်သူအပေါင်းကို ဂုဏ်ပြုဦးညွတ်အလေးပြုခြင်း၊ ဝမ်းနည်းခြင်းအတွက် ၁မိနစ် ငြိမ်သက်ခြင်းတွေ ဆောင်ရွက်ခဲ့ကြသလို ကျောင်းသားနိုင်ငံရေးနဲ့ဆလိုင်းတင်မောင်ဦး ဖြတ်သန်းမှုတွေကို မျှဝေဆွေးနွေးခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

စစ်အာဏာရှင် အဆက်ဆက်ကို တွန်းလှန်တိုက်ပွဲဝင်ခဲ့ကြတဲ့ ကျောင်းသားတွေရဲ့ ရဲရင့်ပြတ်သားသော သတ္တိဗျတ္တိ စိတ်နှလုံးဝိဥာဥ်ကို လက်ရှိကျောင်းသားမျိုးဆက်တွေ ထုံကူးကာ ဆက်လက်တိုက်ပွဲဝင်ပြီး ကျောင်းသားနိုင်ငံရေးအခန်းကဏ္ဍဟာ တိုင်းပြည်လွတ်မြောက်ရေးအတွက် အရေးကြီးတယ်ဆိုတာကို ပြည်သူလူထုကြားသိရှိစေဖို့နဲ့ တော်လှန်ရေး ပိုမိုအားကောင်းလာဖို့ ရည်ရွယ်လှုပ်ရှားခဲ့ကြောင်း သပိတ်ကော်မတီဝင်တွေက ဆိုပါတယ်။

ယင်းလှုပ်ရှားမှုကို ရွာပေါင်းစုံ သပိတ်ကော်မတီ၊ယင်းမာပင်မြောက်ခြမ်း ကျေးရွာများ သပိတ် ကော်မတီ၊ ဒေသခံပြည်သူတွေနဲ့ ကျောင်းသားလူငယ်၊ ဆရာဆရာမတွေ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

ဘုတလင်မြို့နယ်မှာလည်း ဗကသအဖွဲ့ချုပ်ဝင် အခြေခံပညာကျောင်းသားများသမဂ္ဂတစ်ရပ်ကို တတိယအကြိမ်မြောက်အဖြစ် ဖွဲ့စည်းပြီး စစ်အာဏာရှင် အမြစ်ပြတ်သည်အထိ ဆက်လက်တိုက်ပွဲဝင်ကြဖို့ တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။

ဒါ့အပြင် ကျောင်းသားလူငယ်တွေက စစ်ကျွန်ပညာရေးကို ဆန့်ကျင်ဖို့၊ စစ်တပ်ထုတ်ကုန်ပစ္စည်းတွေကို မသုံးစွဲကြဖို့နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေ ဟစ်ကြွေးပြီး ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ရွှေဝါရောင်တော်လှန်ရေး (၁၉)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု စက်တင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ စစ်ကောင်စီ သံရုံးရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြပွဲ စက်တင်ဘာ ၁၅ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

Facebook