Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆို၌ ယမန်နေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိ

ဒီးမော့ဆို ရဲစခန်းအနီးပစ်ခတ်မှု၌ စစ်ကောင်စီတပ်ဘက်မှ တစ်ဦးသေဆုံးခဲ့ခြင်း အပါအဝင် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်ကြောင်း ထုတ်ပြန် သည်။

KNDF
KNDF

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့သည်ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဇွန်လ ၂၅)က ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးရပ်ကွက် ကုန်းသာနှင့်သေးဆူလဲ ကျေးရွာတို့တွင် ခြေကုပ်ယူတပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော်(KA)၊ KNDF၊ PDF (Loikaw) PDF (DMO)၊ KRU ၊ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက် စစ်ဆင်ရေးဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

အဆိုပါ စစ်ဆင်ရေးမှာ နံနက် ၆နာရီခွဲမှ စတင်ခဲ့ပြီး ၈နာရီကြာမြင့်ခဲ့ကာ လက်နက်ကြီးလက်နက်ငယ်များဖြင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများပြင်းထန်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

ထို့အတူ ဒီးမော့ဆိုမြို့မရဲစခန်းအနီးတွင်လည်းအပြန်အ လှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဒီးမော့ဆို ရဲစခန်းအနီးပစ်ခတ်မှု၌ စစ်ကောင်စီတပ်ဘက်မှ တစ်ဦးသေဆုံးခဲ့ခြင်း အပါအဝင် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်ကြောင်း ထုတ်ပြန် သည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားရာ ရွာများနှင့်အနီး တဝိုက်ကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။