Connect with us

Hi, what are you looking for?

News

မကွေးလေတပ်စခန်းရှိ လက်နက်သိုလှောင်ရုံအား ဗုံးဖြင့် တိုက်ခိုက်ခဲ့ဟု ဗိဿနိုးနယ်မြေ PDF ထုတ်ပြန်

ဗိဿနိုးနယ်မြေ PDF အနေဖြင့်လည်း အခြား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ်အုပ်ချုပ်ရေးအမြစ်ပြုတ်သည်အထိ တိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူလူထုအနေဖြင့်လည်း ပူးပေါင်းပါဝင်ကြရန် လေးစားစွာ မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ခဲ့သည်။

မကွေးမြို့ လေတပ်စခန်းအား ယနေ့ နံနက် ၄နာရီအချိန်တွင် မဟာမိတ်တပ်ပေါင်းစုနှင့် ပူးပေါင်း၍ ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ် ရေးတပ်(PDF)က ထုတ်ပြန်သည်။

ယနေ့ ဩဂုတ် ၈ရက်တွင် ကျရောက်သည့် ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံ ၃၃နှစ်ပြည့်တွင် သွေးမအေးကြောင်း ပြသသည့်အနေဖြင့် လေတပ်စခန်းရှိ လက်နက်သိုလှောင်ရုံအား ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

“ဗိဿနိုးတပ်ဆိုပြီး တောင်တွင်းဘက်က ကလေးတွေလုပ်တယ်လို့ ပြောတယ်။ အရင်တုန်းကလည်း ဒီ မကွေးလေတပ်ကိုပဲ လျှော့တိုက်ဒုံးနဲ့ ပစ်သွားတာပဲ။ လုံခြုံရေးတော့ အထူးအားမနည်းလောက်ဘူး။ အခုလည်း သူတို့ရဲ့ လက်နက်ခဲယမ်းမီး ကျောက်သိုလှောင်တဲ့တိုက်ကို ဗုံးခွဲတယ်ဆိုတာတော် တော်လေးကို လိမ္မာပါးနပ်မှုရှိလိုပဲ။ သာမန်ပေါက်ကွဲတဲ့သဘောလောက်ဖြစ်မယ် ဒီသိုလှောင်ရုံကြီးတော့ မပေါက်ကွဲလောက်ဘူး။ ကွဲရင်တော့ နည်းနည်းနောနော ပေါက်ကွဲအားမှ မဟုတ်တာ” ဟု မကွေးတိုင်းဒေသခံတစ်ဦးက ပြောသည်။

ဗိဿနိုးနယ်မြေ PDF အနေဖြင့်လည်း အခြား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ်အုပ်ချုပ်ရေးအမြစ်ပြုတ်သည်အထိ တိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူလူထုအနေဖြင့်လည်း ပူးပေါင်းပါဝင်ကြရန် လေးစားစွာ မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်ကွပ်ကဲမှုအောက်ရှိ အမှတ် (၉၇၁၁) တပ်ရင်းကို လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည့်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)၊အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ စစ်သုံ့ပန်း ၁၆ ဦးကို သူတို့ရဲ့ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် တာဝန်ထမ်း‌ ဆောင်ခွင့် ပြုလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ရေးလုံခြုံရေးနဲ့ လမ်းပိုင်းအခြေအနေကြောင့် မကွေးတိုင်း၊ဆောမြို့နယ်က ကားလမ်းတချို့ကို ပိတ်ထားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင် တပ်ရင်း (၆)က ထုတ်ပြန်ပါတယ်။