Connect with us

Hi, what are you looking for?

News

မကွေးလေတပ်စခန်းရှိ လက်နက်သိုလှောင်ရုံအား ဗုံးဖြင့် တိုက်ခိုက်ခဲ့ဟု ဗိဿနိုးနယ်မြေ PDF ထုတ်ပြန်

ဗိဿနိုးနယ်မြေ PDF အနေဖြင့်လည်း အခြား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ်အုပ်ချုပ်ရေးအမြစ်ပြုတ်သည်အထိ တိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူလူထုအနေဖြင့်လည်း ပူးပေါင်းပါဝင်ကြရန် လေးစားစွာ မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ခဲ့သည်။

မကွေးမြို့ လေတပ်စခန်းအား ယနေ့ နံနက် ၄နာရီအချိန်တွင် မဟာမိတ်တပ်ပေါင်းစုနှင့် ပူးပေါင်း၍ ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ် ရေးတပ်(PDF)က ထုတ်ပြန်သည်။

ယနေ့ ဩဂုတ် ၈ရက်တွင် ကျရောက်သည့် ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံ ၃၃နှစ်ပြည့်တွင် သွေးမအေးကြောင်း ပြသသည့်အနေဖြင့် လေတပ်စခန်းရှိ လက်နက်သိုလှောင်ရုံအား ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

“ဗိဿနိုးတပ်ဆိုပြီး တောင်တွင်းဘက်က ကလေးတွေလုပ်တယ်လို့ ပြောတယ်။ အရင်တုန်းကလည်း ဒီ မကွေးလေတပ်ကိုပဲ လျှော့တိုက်ဒုံးနဲ့ ပစ်သွားတာပဲ။ လုံခြုံရေးတော့ အထူးအားမနည်းလောက်ဘူး။ အခုလည်း သူတို့ရဲ့ လက်နက်ခဲယမ်းမီး ကျောက်သိုလှောင်တဲ့တိုက်ကို ဗုံးခွဲတယ်ဆိုတာတော် တော်လေးကို လိမ္မာပါးနပ်မှုရှိလိုပဲ။ သာမန်ပေါက်ကွဲတဲ့သဘောလောက်ဖြစ်မယ် ဒီသိုလှောင်ရုံကြီးတော့ မပေါက်ကွဲလောက်ဘူး။ ကွဲရင်တော့ နည်းနည်းနောနော ပေါက်ကွဲအားမှ မဟုတ်တာ” ဟု မကွေးတိုင်းဒေသခံတစ်ဦးက ပြောသည်။

ဗိဿနိုးနယ်မြေ PDF အနေဖြင့်လည်း အခြား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ်အုပ်ချုပ်ရေးအမြစ်ပြုတ်သည်အထိ တိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူလူထုအနေဖြင့်လည်း ပူးပေါင်းပါဝင်ကြရန် လေးစားစွာ မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ