Connect with us

Hi, what are you looking for?

သတင်း

သရက်​ချောင်းမြို့နယ်အတွင်းတိုက်ပွဲများတွင်စစ်​ကောင်စီတပ် ၁၄ဦး​သေ ၊ PDF ၂ ဦးကျဆုံး

စစ်​ကောင်စီတပ်ကို ဒေါင်းမင်းစစ်ဆင်ရေးတပ်(TYC-PDF) ၊ Dawei Southern Defense Force၊ People Defense Guerrilla Force( TYC)၊ Fighting For Freedom Force(ထားဝယ် ပကဖ) နှင့် ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(PDF များက စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရမိ​သော စစ်ဖက်အ​သုံးအ​ဆောင်နှင့် ကျည်အချို့ ။ ဓါတ်ပုံ-​ဒေါင်းမင်းစစ်ဆင်​ရေး)
(PDF များက စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရမိ​သော စစ်ဖက်အ​သုံးအ​ဆောင်နှင့် ကျည်အချို့ ။ ဓါတ်ပုံ-​ဒေါင်းမင်းစစ်ဆင်​ရေး)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် နှစ်ရက်အတွင်းတိုက်ပွဲသုံးကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ ၁၄ ဦးသေဆုံးခဲ့ကာ ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်များဘက်မှ ၂ ဦးကျဆုံးခဲ့ကြောင်း ဒေါင်းမင်းစစ်ဆင်ရေးတပ်ကထံ မှသိရသည်။

စစ်ကောင်စီတပ်သည် ဇွန် ၂၄ ရက်မှ စတင်ပြီး သရက်ချောင်းမြို့နယ်၊ ကျောက်ဖြူရွာကို အင်အား ၅၀ကျော်ဖြင့် စစ်ကြောင်း ဝင်ရောက်လာခြင်းကြောင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

(PDF များက စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရမိ​သော စစ်ဖက်အ​သုံးအ​ဆောင်နှင့် ကျည်အချို့ ။ ဓါတ်ပုံ-​ဒေါင်းမင်းစစ်ဆင်​ရေး)
(PDF များက စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရမိ​သော စစ်ဖက်အ​သုံးအ​ဆောင်နှင့် ကျည်အချို့ ။ ဓါတ်ပုံ-​ဒေါင်းမင်းစစ်ဆင်​ရေး)

စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့ကြား ဇွန် ၂၄ ရက်မှ ၂၆ ရက်အထိ ထိတွေ့တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခြင်းဖြစ်သည်။

ကျောက်ဖြူရွာအနီး၌Dawei Defense Forceအပါအဝင်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ ဇွန် ၂၄ ရက်၊နေ့လယ် ၁၁နာရီကျော်တွင်၁၀မိနစ်ခန့်တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၄ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့သည်။ ဒေသခံကာကွယ်ရေးတပ်များဘက်မှာ နှစ် ဦးကျဆုံးပြီး ၁ ဦးမှာ မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ထိုတိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်က ကျောက်ဖြူရွာနှင့် လောင်းမင်းဘရွာတို့တွင် ဇွန် ၂၆ ရက်အထိ တပ်ဖြန့်နေရာယူခဲ့ထားသည်ဟု ဒေါင်းမင်းစစ်ဆင်ရေးတပ်က ထုတ်ပြန်ထားသည်။

(PDF များက စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရမိ​သော စစ်ဖက်အ​သုံးအ​ဆောင်နှင့် ကျည်အချို့ ။ ဓါတ်ပုံ-​ဒေါင်းမင်းစစ်ဆင်​ရေး)
(PDF များက စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရမိ​သော စစ်ဖက်အ​သုံးအ​ဆောင်နှင့် ကျည်အချို့ ။ ဓါတ်ပုံ-​ဒေါင်းမင်းစစ်ဆင်​ရေး)

ဇွန် ၂၆ ရက်တွင် စစ်ကောင်စီတပ်များသည် ကျောက်ဖြူရွာမှ လူနေအိမ် ၃ လုံးနှင့် စပါးကျီ ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး စော်ဖျားရွာကို တပ်ဆုတ်သွားသည်။ထိုသို့ဆုတ်ခွာစဉ်သ
ရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်များက စစ်ကောင်စီတပ်ကို ကထီးဝရွာနှင့် စော်ဖျားရွာကြားတွင်တစ်ကြိမ်၊ မိုးရွှေကုန်းရွာအနီးတွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်တိုက်ခိုက်ခဲ့သည်။

ထိုတိုက်ပွဲနှစ်ကြိမ်တွင် စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက​ပြောသည်။ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်သည်ဟု ဒေါင်းမင်းစစ်ဆင်ရေးတပ်ကထုတ်ပြန်သည်။

စစ်​ကောင်စီတပ်ကို ဒေါင်းမင်းစစ်ဆင်ရေးတပ်(TYC-PDF) ၊ Dawei Southern Defense Force၊ People Defense Guerrilla Force( TYC)၊ Fighting For Freedom Force(ထားဝယ် ပကဖ) နှင့် ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင် မှာစစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ထပ်ဖြစ်ခဲ့ပြီး လက်နက် ၇လက် သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅)က စက်တင်ဘာ ၂၇ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်အင်အားသစ်တွေဝင်ရောက်လာပြီးနောက် အခုရက်ပိုင်းမှာ နေ့တိုင်းလိုလိုတိုက်ပွဲပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

Facebook