Connect with us

Hi, what are you looking for?

သတင်း

တရုတ်နိုင်ငံခြား​​ရေးဝန်ကြီးဝမ်ယိ ပုဂံခရီးစဥ်တွင် Heritage Bagan ဟိုတယ်တွင်တည်းခိုမည်

အကြမ်းဖက်စစ်ကောင်စီတပ်သည် ၎င်းတို့၏ တပ်ဝန်းကျင်နှင့် မြို့ပေါ်တွင်သာ နယ်မြေ စိုးမိုးမှုရှိပြီး နယ်ဒေသအများအပြားကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက စိုးမိုးထားကြောင်း ၎င်းက ဆက်ပြောသည်။

တရုတ်နိုင်ငံခြား​ရေးဝန်ယီ။ ဓါတ်ပုံ- Time
တရုတ်နိုင်ငံခြား​ရေးဝန်ယီ။ ဓါတ်ပုံ- Time

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် ညောင်ဦးလေဆိပ်လမ်းမပေါ်ရှိ Heritage Bagan Hotel ၌ တည်းခိုမည်ဖြစ်ပြီး တရုတ်အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ခရီးစဉ်ရှိသဖြင့် ယင်းဟိုတယ်၌အခြားမည်သည့်ဧည့်သည်မျှလက်မခံကြောင်းသတင်းရင်းမြစ်တစ်ဦးက People’s Spring သို့ပြောသည်။

Heritage Bagan Hotel သည် ဗိုလ်ချုပ်တစ်ဦး၏ဇနီးပိုင်ဆိုင်သော ဟိုတယ်ဖြစ်ပြီး တရုတ်အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ၎င်းတို့၏ ကိုယ်ပိုင်စားဖိုမှူးဖြင့်လာရောက်မည်ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

ထိုအပြင်လွန်ခဲ့​သောတစ်ပါတ်ခန့်မှစ၍ ဟိုတယ်ဝန်ထမ်းအားလုံးကို အိမ်မပြန်ခိုင်းဘဲဟိုတယ်မှာပင်​နေခိုင်းထားပြီး ဟိုတယ်အတွင်းနှင့်အပြင်တွင်စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ယူနီ​ဖောင်းဖြင့်​ရော ၊အရပ်ဝတ်ဖြင့်ပါ လုံခြုံ​ရေးလုပ်​​နေပြီး​ခြေရှုပ်​နေ​ကြောင်း တပ်တွင်းဖရဲသီးသတင်း​ပေးပို့မှုအရသိရသည်။

တရုတ်နိုင်ငံခြား​ရေးဝန်ကြီးတည်းခိုမည်ဆို​သောဟိုတယ် ဓါတ်ပုံ- Heritage Bagan Hotel Facebook
တရုတ်နိုင်ငံခြား​ရေးဝန်ကြီးတည်းခိုမည်ဆို​သောဟိုတယ် ဓါတ်ပုံ- Heritage Bagan Hotel Facebook

“မြို့ပေါ်က လမ်းဘေးဈေးသည်တွေ ဈေးဆိုင်တဲလေးတွေ လည်းအကုန် ဖျက်ဆီးရှင်းလင်းပစ်တာပါ။ ဘာ‌လမ်း‌ဘေး ဈေးသည်မှ မထွက်ရပါ၊ ဂယ်ပေါက်မပေးပဲ သူတို့ လုပ်ချင်တာကိုပဲ မျက်နှာလိုအားရနဲ့ သခင်အားရ ကျွန်ပါးဝလုပ်နေကြတာပါ”ဟု ​ဒေသခံတစ်ဦးကလည်း စစ်​ကောင်စီက ပုဂံ​ညောင်ဦး​ဒေသတွင် ပြည်သူများကိုယခုရက်ပိုင်းဖိနှိပ်​နေမှုများကို​ပြောသည်။

Public Service Announcement

Public Service Announcement

တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် လန်ချန်း-မဲခေါင် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး တက်ရောက်ရန်ပုဂံ-ညောင်ဦးသို့ လာရောက်မည်ဖြစ်ပြီး ယခုသီတင်းပတ်အကုန်(ဇူလိုင်လဆန်း)တွင် ရောက်ရှိမည်ဟု စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက AFP သို့ ပြော ထားသည်။

နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ၏ မြန်မာနိုင်ငံခရီးစဉ်နှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနက ယနေ့မွန်းလွဲပိုင်းအထိ တစုံတရာသတင်းထုတ်ပြန်ခြင်းမရှိသေးပေ။သို့​သော် ဇွန်လ ၂၇ ရက်တွင် တရုတ်သံအမတ်ကြီးမစ္စတာချန်ဟိုင်းသည် စစ်​ကောင်စီ၏ အပြည်ပြည်ဆိုင်ရာ ပူး​ပေါင်း​ဆောင်ရွက်​ရေးဝန်ကြီး ဦးကိုကိုလှိုင်နှင့်​နေပြည်​တော်တွင်​တွေ့ဆုံ၍ နှစ်နိုင်ငံဆက်ဆံ​ရေး၊ ပူး​ပေါင်း​ဆောင်ရွက်​ရေးတို့ကို​ဆွေး​နွေးခဲ့​ကြောင်း စစ်​ကောင်စီကသတင်းထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံခြား​ရေးဝန်ကြီးတည်းခိုမည်ဆို​သောဟိုတယ် ဓါတ်ပုံ- Heritage Bagan Hotel Facebook
တရုတ်နိုင်ငံခြား​ရေးဝန်ကြီးတည်းခိုမည်ဆို​သောဟိုတယ် ဓါတ်ပုံ- Heritage Bagan Hotel Facebook

ထိုအပြင်ယခုလပိုင်းအတွင်း အာဏာသိမ်းစစ်​ကောင်စီပုဂံ-ညောင်ဦးကို လုံခြုံရေးအင်အားများတိုးချဲ့​​နေပြီး လမ်း​ဘေးရှိသစ်ပင်များကိုလည်းထုံးသုတ်​နေ​ကြောင်း​ဒေသခံများက​ပြောသည်။ယမန်နေ့နှင့် ယနေ့နံနက်တွင်လည်း ဧရာ၀တီမြစ်အတွင်း စစ်ရေယာဉ်များကို မြင်တွေ့ရ ကြောင်းဒေသခံအချို့က ပြောသည်။

ထို့အပြင် ပုဂံနှင့်ဧရာဝတီမြစ်တဖက်ကမ်းသာခြား​သောပခုက္ကူ၊ ရေစကြိုမြို့နယ်များအတွင်းရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များကို နှိမ်နှင်းရန်အတွက် အကြမ်းဖက်စစ်ကောင်စီသည် အင်အားဖြည့်တင်းမှုများ၊ စစ် ကြောင်းထိုးမှုများရှိနေကြောင်း သိရသည်။

“မနေ့က ရေစကြို တပ်ထဲမှာ အင်အား ၅စီးလောက် ရောက်နေတာ။ မနေ့ညနေက။ ရေလယ်ကျွန်းမှာတော့ အရင်ထိုးနေတဲ့ စစ်ကြောင်းက အခုထက်ထိရှိနေသေးတယ် ဘယ်မှတော့ မသွားဘူး ရွာတွေထဲ ဝင်လိုက် ထွက်လိုက် ပေါ့။ နောက်ထပ်တစ်ကြောင်းကတော့ မနေ့ညနေက ထိုးလာတဲ့ စစ်ကြောင်း တစ်ကြောင်း ရှိတယ်။ သစ်ကြီးတောမှာ။ မနေ့ညကတော့ သစ်ကြီးတောကို ဝင်ပြီး မီးတွေရှို့နေတယ်” ဟု ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်ဝေကြီးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ၎င်းတို့၏ တပ်ဝန်းကျင်နှင့် မြို့ပေါ်တွင်သာ နယ်မြေ စိုးမိုးမှုရှိပြီး နယ်ဒေသအများအပြားကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက စိုးမိုးထားကြောင်း ၎င်းက ဆက်ပြောသည်။

ယခုအခါရေစကြိုနယ်တွင် စစ်ကောင်စီတပ်များသည်ထိုးစစ်ဆင်ခြင်း ၊ စစ်ရေးအင်အားဖြည့်တင်းခြင်းများပြုလုပ်နေပြီး ဇွန်လ ၂၈ရက်ညပိုင်းတွင် သစ်ကြီးတောရွာကိုထပ်မံမီးရှို့ခဲ့​ကြောင်း ​ဒေသခံများက​ပြောသည်။

“ပြည်သူလူထုကတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူ့ဘက် ရပ်တည်တဲ့ သူတို့ကို ကာကွယ်ပေးတဲ့ သူတွေဘက်ရပ်တည်တဲ့သူနဲ့ပေါင်းတာဆိုတော့ စစ်ကောင်စီအနေနဲ့ စိုးမိုးမှုကတော့ ရမှာ မဟုတ်ဘူး။ မရတော့ သူတို့ စိုးမိုးမှု မရနိုင်တဲ့အဆုံး သူတို့က မီးရှို့မှာပေါ့။မီးရှို့မယ် ဒုက္ခပေးမယ် ဒါပါပဲ” ဟု ရဲဘော်ဝေကြီးက ပြောသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ မြေပြိုမှုအတွင်း သေဆုံးသူက ၅၀ ကျော်လာပြီဖြစ်ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။