Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်တိုက်ပွဲ စစ်ကောင်စီတပ်မှ ​လေးဦးသေဆုံးပြီး ဒဏ်ရာရသူများရှိ၊ CDF ရဲဘော်တစ်ဦးကျဆုံး

စစ်ကောင်စီတပ်များသည် တိုက်ပွဲစဖြစ်သည့်မနက်ပိုင်းတွင် လက်နက်ကြီးများဖြင့် ကျေးရွာများ ရှိရာသို့ရမ်းသမ်းပစ်ခတ်ခဲ့ရာ ကလေးငယ်တစ်ဦးထိမှန်ပြီးအသက်ဆုံးရှုံးခဲ့ရသည်။

CDF-Mindat
CDF-Mindat

▪️တိုက်ပွဲပြင်းထန်လာနိုင်၍ ကူညီပံ့ပိုးကြရန် မင်းတပ် CDF အကူအညီတောင်း

မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF)နှင့် စစ်ကောင်စီတပ်တို့ ယနေ့မွန်းလွဲပိုင်းမှစ၍ တိုက်ပွဲ ၂ကြိမ်ထပ်မံ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ​လေးဦးသေဆုံးပြီး ဒဏ်ရာရသူများရှိခဲ့ကြောင်း မင်းတပ် CDFက ထုတ်ပြန်သည်။

မင်းတပ် CDFနှင့် စစ်ကောင်စီတပ်တို့သည် ယနေ့(ဇွန်လ ၂၉ ရက်)နံနက် ၉နာရီမှစ၍ မင်းတပ်မြို့နယ်၌ တိုက်ပွဲဖြစ်ပွားခဲ့သည်။ နံနက်ပိုင်း တိုက်ပွဲအခြေအနေကို CDF က ဖော်ပြထားခြင်းမရှိသော်လည်း

ယနေ့ ညနေ၂နာရီအချိန်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးပြီး ဒဏ်ရာရသူများ ရှိခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

ထို့ပြင် မွန်းလွဲ ၃နာရီ၌တိုက်ပွဲပြန်လည်ဖြစ့်ပွားရာ စစ်ကောင်စီတပ်မှ သုံးဦးထပ်သေပြီး ဒဏ်ရာရသူများလည်း ရှိခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း မင်းတပ် CDFမှ ရဲဘော်တစ်ဦးလက်နက် ကြီးထိမှန်ကျဆုံးခဲ့ပြီး ရဲဘော်တစ်ဦး ဒဏ်ရရခဲ့သည်ဟု ထုတ်ပြန်သည်။

ထီးလင်းမြို့နယ်မှ မင်းတပ်နယ်သို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်များသည် မင်းတပ်မြို့နယ် ပလုံတွီရွာ၌ ယနေ့ ညနေပိုင်း၌ ဝင်ရောက်တပ်စွဲခဲ့ရာ တိုက်ပွဲ ဆက် လက် ဖြစ်နိုင်ခြေရှိသောကြောင့် ကူညီပံ့ပိုးမှုများ ပြုလုပ်ပေးကြရန် မင်းတပ် CDFက အကူအညီ တောင်း ခံထားသည်။

စစ်ကောင်စီတပ်များသည် တိုက်ပွဲစဖြစ်သည့်မနက်ပိုင်းတွင် လက်နက်ကြီးများဖြင့် ကျေးရွာများ ရှိရာသို့ရမ်းသမ်းပစ်ခတ်ခဲ့ရာ ကလေးငယ်တစ်ဦးထိမှန်ပြီးအသက်ဆုံးရှုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။