Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လွိုင်ကော် – လောပိတလမ်း၌ ကင်းလှည့်စဉ် စစ်ကောင်စီယာဉ်တွေ့၍ တိုက်ခိုက်၊ အရာရှိအပါအဝင် စစ်ကောင်စီတပ်မှ လေးဦးသေဟု KNDF ထုတ်ပြန်

ထို့ပြင် တပ်ရေးဗိုလ်ကြီး ကိုင်ဆောင်သော (၉)မမပစ္စတိုသေနတ်(၁)လတ် ၊ ကျည် (၁၂)တောင့် နှင့် ဖုန်း (၂)လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း KNDFက ထုတ်ပြန်ခဲ့သည်။ တိုက်ပွဲအတွင်း KNDFမှ ထိခိုက်ဒဏ်ရာရမှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ဓာတ်ပုံ - KNDF
ဓာတ်ပုံ - KNDF

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော် – လောပိတလမ်း၌ ယနေ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် လေးဦးသေဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်သည်။

ယနေ့ (ဇွန်လ ၃၀)နံနက်ပိုင်း၌ လွိုင်ကော် – လောပိတလမ်းမကြီးပေါ်တွင် KNDF တပ်ရင်း အမှတ်(၁၀)မှ ကင်းလှည့်လှုပ်ရှားမှုပြုလုပ်နေစဉ် စစ်ကောင်စီ ၏ တပ်ရိက္ခာသယ်ပို့သည့် ယာဉ်တစ်စီးနှင့်ထိပ်တိုက်တွေ့ကာ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

ထိတွေ့ပစ်ခတ်တိုက်ခိုက်မှုမှ မိနစ် ၂၀ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီ၏ ယာဉ်ပေါ်ပါ တပ်ရေးဗိုလ်ကြီးတစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦးနှင့် တပ်သားနှစ်ဦး စုစုပေါင်း လေးဦးကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့သည်ဟု ဖော်ပြသည်။

ဓာတ်ပုံ - KNDF
ဓာတ်ပုံ – KNDF

ထို့ပြင် တပ်ရေးဗိုလ်ကြီး ကိုင်ဆောင်သော (၉)မမပစ္စတိုသေနတ်(၁)လတ် ၊ ကျည် (၁၂)တောင့် နှင့် ဖုန်း (၂)လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း KNDFက ထုတ်ပြန်ခဲ့သည်။ တိုက်ပွဲအတွင်း KNDFမှ ထိခိုက်ဒဏ်ရာရမှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်အနေဖြင့် ၎င်းတို့၏ လောပိတအခြေစိုက် အမှတ်(၇၂) တပ်ရင်းမှ တိုက်ပွဲဖြစ်ပွားရာအနီးရှိ ကျေးရွာများဖက်သို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခက်ခဲ့ရာ လေးအိမ်စုရွာအတွင်း လက်နက်ကြီးကျရောက်၍ နေအိမ်တစ်လုံးပါ ထိခိုက်ပျက်ဆီးခဲ့ကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။