Connect with us

Hi, what are you looking for?

သတင်း

ပုဂံမှာ လန်ချန်း − မဲခေါင် အစည်းအဝေးကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဦးစီးကျင်းပမယ်

အစည်းအဝေးကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ကဥက္ကဋ္ဌ အဖြစ် ကမကထ လုပ်ကာ တက်ရောက်မှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး
တရုတ်နိုင်ငံခြားရေးဝန်ကြီး

ပုဂံမှာ ကျင်းပမယ့် ၇ ကြိမ်မြောက် လန်ချန်း−မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးကို တရုတ် က ဦးဆောင်ကျင်းပမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဘက်က သတင်းထုတ်ပြန်လာပါတယ်။

အစည်းအဝေးကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ကဥက္ကဋ္ဌ အဖြစ် ကမကထ လုပ်ကာ တက်ရောက်မှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

လန်ချန်း − မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများအဆင့်အစည်းအဝေးကို ဇူလိုင်လ ၄ ရက်မှာကျင်းပမှာပါ။ အစည်းအဝေးကျင်းပမယ့် ပုဂံဒေသမှာ စစ်ကောင်စီဟာ လုံခြုံရေး တင်းကြပ်ထားပါတယ်။

မဲခေါင်မြစ်ဖြတ်သန်းစီးဆင်းရာ နိုင်ငံတွေကို စုစည်း ပြီး လန်ချန်း − မဲခေါင် ပူးပေါင်းဆောင်ရွက် အဖွဲ့ကို ဖွဲ့စည်းခဲ့တာပါ။

Public Service Announcement

Public Service Announcement

အဖွဲ့ဝင်နိုင်ငံတွေကတော့ တရုတ် ၊မြန်မာ ၊ထိုင်း ၊ လာအို ၊ကမ္ဘောဒီးယား နဲ့ဗီယက်နမ်နိုင်ငံတို့ဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဟာ ဇူလိုင်လ ၃ ရက်ကနေ ဇူလိုင်လ ၁၄ ရက်အထိ အရှေ့တောင်အာရှ နိုင်ငံအချို့ကိုလည်း သွားရောက်မှာလည်းဖြစ်ပါတယ်။

ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင် ၊ အင်ဒိုနီးရှားနဲ့ မလေးရှား နိုင်ငံတွေကိုသွားရောက်မယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတကာ

လူသိများတဲ့ ခွေးလေးတစ်ကောင် အခိုးခံရပြီး ချက်စားခံလိုက်ရတဲ့ ဖြစ်စဉ်အပြီး တရုတ်နိုင်ငံက ခွေးသား ရောင်းဝယ် ဖောက်ကားမှုနဲ့ ပတ်သက်တဲ့ အငြင်းအခုံတွေ တကျော့ပြန် ဆူညံလာခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။