Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီအား အမြစ်ဖြတ်တိုက်ခိုက်မည့် တိုက်ပွဲများ မကြာမီအချိန်အတွင်းရောက်ရှိလာတော့မည်ဟု သပိတ်ကျင်း PDF ​ပြော

တောတွင်းတစ်နေရာတွင် စစ်ရေးလေ့ကျင့်နေသည့် မှတ်တမ်းဓာတ်ပုံများကို ဇူလိုင် ၂ရက်တွင် ထုတ်ဖော်ပြသလိုက်ခြင်းဖြစ်ပြီး အာဏာရှင်စနစ် အပြီးတိုင် အမြစ်ပျက်ချေမှုန်းနိုင်သည်အထိ တိုက်ပွဲများဆင်နွှဲသွားမည်ဖြစ်ကြောင်း လူထုအား အသိပေးထားသည်။

ဓာတ်ပုံ - သပိတ်ကျင်း PDF
ဓာတ်ပုံ - သပိတ်ကျင်း PDF

စစ်ကောင်စီအား အမြစ်ဖြတ်တိုက်ခိုက်မည့် တိုက်ပွဲများ မကြာမီအချိန်အတွင်းရောက်ရှိလာတော့မည်ဟု သပိတ်ကျင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်လိုက်ပြီး တပ်ဖွဲ့ဝင်အများအပြား စစ်ရေးလေ့ကျင့်နေသည့် မှတ်တမ်းဓာတ်ပုံများကို ထုတ်ဖော်ပြသလိုက်သည်။

တောတွင်းတစ်နေရာတွင် စစ်ရေးလေ့ကျင့်နေသည့် မှတ်တမ်းဓာတ်ပုံများကို ဇူလိုင် ၂ရက်တွင် ထုတ်ဖော်ပြသလိုက်ခြင်းဖြစ်ပြီး အာဏာရှင်စနစ် အပြီးတိုင် အမြစ်ပျက်ချေမှုန်းနိုင်သည်အထိ တိုက်ပွဲများဆင်နွှဲသွားမည်ဖြစ်ကြောင်း လူထုအား အသိပေးထားသည်။

” သပိတ်ကျင်း(PDF)အဖြစ် ယခုလို မြင်တွေ့ရတာဟာ မိဘပြည်သူများရဲ့ ကူညီပံ့ပိုးမှု့တွေကြောင့် ဖြစ်လာခဲ့တာပါ။မကြာမီအချိန်အတွင်းမှာ မိဘပြည်သူများ မျှော်လင့်ထားသလို အနိုင်တိုက်မဲ့ တိုက်ပွဲတွေ ရောက်ရှိလာတော့မှာဖြစ်ပါတယ်”ဟု သပိတ်ကျင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောကြားထားသည်။

ဓာတ်ပုံ - သပိတ်ကျင်း PDF
ဓာတ်ပုံ – သပိတ်ကျင်း PDF

သပိတ်ကျင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် အမျိုး သားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ လက်အောက်တွင် ဖွဲဲစည်းထားသည့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဖြစ်ပြီး ၂၀၂၁ မေလ ၂၀ရက်တွင် စတင်ဖွဲ့စည်းခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။