Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီအား အမြစ်ဖြတ်တိုက်ခိုက်မည့် တိုက်ပွဲများ မကြာမီအချိန်အတွင်းရောက်ရှိလာတော့မည်ဟု သပိတ်ကျင်း PDF ​ပြော

တောတွင်းတစ်နေရာတွင် စစ်ရေးလေ့ကျင့်နေသည့် မှတ်တမ်းဓာတ်ပုံများကို ဇူလိုင် ၂ရက်တွင် ထုတ်ဖော်ပြသလိုက်ခြင်းဖြစ်ပြီး အာဏာရှင်စနစ် အပြီးတိုင် အမြစ်ပျက်ချေမှုန်းနိုင်သည်အထိ တိုက်ပွဲများဆင်နွှဲသွားမည်ဖြစ်ကြောင်း လူထုအား အသိပေးထားသည်။

ဓာတ်ပုံ - သပိတ်ကျင်း PDF
ဓာတ်ပုံ - သပိတ်ကျင်း PDF

စစ်ကောင်စီအား အမြစ်ဖြတ်တိုက်ခိုက်မည့် တိုက်ပွဲများ မကြာမီအချိန်အတွင်းရောက်ရှိလာတော့မည်ဟု သပိတ်ကျင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်လိုက်ပြီး တပ်ဖွဲ့ဝင်အများအပြား စစ်ရေးလေ့ကျင့်နေသည့် မှတ်တမ်းဓာတ်ပုံများကို ထုတ်ဖော်ပြသလိုက်သည်။

တောတွင်းတစ်နေရာတွင် စစ်ရေးလေ့ကျင့်နေသည့် မှတ်တမ်းဓာတ်ပုံများကို ဇူလိုင် ၂ရက်တွင် ထုတ်ဖော်ပြသလိုက်ခြင်းဖြစ်ပြီး အာဏာရှင်စနစ် အပြီးတိုင် အမြစ်ပျက်ချေမှုန်းနိုင်သည်အထိ တိုက်ပွဲများဆင်နွှဲသွားမည်ဖြစ်ကြောင်း လူထုအား အသိပေးထားသည်။

” သပိတ်ကျင်း(PDF)အဖြစ် ယခုလို မြင်တွေ့ရတာဟာ မိဘပြည်သူများရဲ့ ကူညီပံ့ပိုးမှု့တွေကြောင့် ဖြစ်လာခဲ့တာပါ။မကြာမီအချိန်အတွင်းမှာ မိဘပြည်သူများ မျှော်လင့်ထားသလို အနိုင်တိုက်မဲ့ တိုက်ပွဲတွေ ရောက်ရှိလာတော့မှာဖြစ်ပါတယ်”ဟု သပိတ်ကျင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောကြားထားသည်။

ဓာတ်ပုံ - သပိတ်ကျင်း PDF
ဓာတ်ပုံ – သပိတ်ကျင်း PDF

သပိတ်ကျင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် အမျိုး သားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ လက်အောက်တွင် ဖွဲဲစည်းထားသည့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဖြစ်ပြီး ၂၀၂၁ မေလ ၂၀ရက်တွင် စတင်ဖွဲ့စည်းခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စခန်းဆုံးရှုံးပြီးနောက် စစ်တပ်က ဗုံးကြဲနေပြီး မိုးမိတ်-မိုးကုတ်လမ်းပိုင်း ပိတ်

သတင်း

အာဏာသိမ်းစစ်တပ်က မကွေးတိုင်း၊ လောင်းရှည်မြို့ကတဆင့် ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ကို စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

သတင်း

ရန်ကုန်-ပြည်လမ်းပိုင်းက စစ်တပ်ဂိတ်စခန်းတိုက်ခိုက်မှုမှာ စစ်တပ်ဘက်က ၅ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ပဲခူးတိုင်းစစ်ဌာနကထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီ​နေ့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းကနေပစ်ကူ​ပေးဗုံးကြဲနေပါတယ်။

Facebook