Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးမြို့နယ်တွင် စစ်အုပ်စုအား ၁၀ရက်အတွင်း လေးကြိမ်တိုက်ခိုက်ရာ စစ်​​​ကောင်စီတပ်သား ငါးဦးသေဟု PDFထုတ်ပြန်

ချောင်းဦးမြို့နယ်သည် အကြမ်းဖက်စစ်ကောင်စီအား ခုခံတိုက်ခိုက်မှုအားကောင်းရာ ဒေသတစ်ခုဖြစ်ပြီး ဒေသတွင်း အခြား PDFအဖွဲ့များနှင့်လည်း ပူးပေါင်းတော်လှန်နေကြသည်။

(ယခင်လပိုင်းအတွင်းက ချောင်းဦးမြို့ပေါ်တွင် ယာဥ်များအား စစ်ဆေးနေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(ယခင်လပိုင်းအတွင်းက ချောင်းဦးမြို့ပေါ်တွင် ယာဥ်များအား စစ်ဆေးနေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် အကြမ်းဖက်စစ်အုပ်စုအား ၁၀ရက်အတွင်း လေးကြိမ်တိုက်ခိုက်ရာ စစ်​​​ကောင်စီတပ်သား ငါးဦးသေဆုံးကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(CHU PDF)က သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇွန်လ ၂၃ ရက် နံနက်ပိုင်းက ချောင်းဦးမြို့နယ်၊ အောင်ချမ်းသာရွာအနီး၌ လမ်းသွားလမ်းလာများအား ​ခြိမ်းခြောက်ငွေညှစ်နေသော အကြမ်းဖက်အုပ်စုကို တပ်ခွဲ (၁)က မိုင်းခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားတစ်ဦး သေဆုံးခဲ့သည်ဟု ချောင်းဦး PDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဇွန်လ ၂၅ ရက် ညပိုင်းတွင်လည်း ချောင်းဦးမြို့ပေါ်သို့ ထွက်လာသော အကြမ်းဖက်အုပ်စုကို တပ်ခွဲ (၄)မိုင်းတပ်ခွဲက မိုင်းခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ​လေးဦး ဒဏ်ရာရရှိခဲ့သည်ဟု ချောင်းဦး PDFက ဆိုသည်။

ဇွန်လ ၂၇ ရက် ညနေ၅နာရီခွဲခန့်တွင် ချောင်းဦးပြည်သူ့အားကစားကွင်းအနီးရှိ အကြမ်းဖက်စစ်သား သုံးဦးကို တပ်ခွဲ(၄)မိုင်းတပ်ခွဲက မိုင်းနှစ်လုံးခွဲကာ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားတစ်ဦးသေဆုံး၍ သုံးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ချောင်းဦး PDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ (ဇူလိုင်လ ၂ ရက်).ညနေ၅နာရီခန့်တွင်လည်း ချောင်းဦးမြို့တွင်းတစ်နေရာရှိ အကြမ်းဖက်စစ်ကောင်စီတပ်ကို တပ်ခွဲ (၃) ရဲဘော်များက မိုင်းခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားသုံးဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

အထက်ပါဖြစ်စဥ်များတွင် စုစု​ပေါင်း အကြမ်းဖက်စစ်သား ငါးဦးသေဆုံးပြီး ပြည်သူ့ရဲဘော်များ အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ချောင်းဦး PDF က အသိပေးသည်။

ဇွန်လ၂၇ရက်ဖြစ်စဥ်တွင် ပြည်သူနှစ်ဦးနှင့် ဇူလိုင်၂ ရက်နေ့ဖြစ်စဥ်တွင် ပြည်သူတစ်ဦးတို့ မတော်တဆထိခိုက်မိသည်ဟု သိရှိရပြီး စိတ်မကောင်းခြင်းများဖြင့် တောင်းပန်အပ်ကြောင်း ချောင်းဦး PDF၏ ထုတ်ပြန်ချက်တွင် ရေးသားသည်။

ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်တပ်နှင့်နီးကပ်စွာ နေထိုင်ခြင်းမပြုရန် ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CHU PDFက မေတ္တာရပ်ခံသည်။

အထက်ပါဖြစ်စဥ်များနှင့်ပတ်သက်၍ အကြမ်းဖက်စစ်သားထိခိုက်သေဆုံးမှုများနှင့်ပတ်သက်၍ ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပါ။ ချောင်းဦး PDF သို့လည်း ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေး​ပေ။

ချောင်းဦးမြို့နယ်သည် အကြမ်းဖက်စစ်ကောင်စီအား ခုခံတိုက်ခိုက်မှုအားကောင်းရာ ဒေသတစ်ခုဖြစ်ပြီး ဒေသတွင်း အခြား PDFအဖွဲ့များနှင့်လည်း ပူးပေါင်းတော်လှန်နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။