Connect with us

Hi, what are you looking for?

သတင်း

သထုံ ထုံးဘိုလေးရွာ၌ စစ်ကောင်စီတပ်လက်ချက်ကြောင့် နေအိမ် ၆၀ကျော် မီးလောင်ပြကျ၊ ရွာသားသုံးဦးကို စစ်ကောင်စီသတ်ဖြတ်သွားဟု KNU ထုတ်ပြန်

ဇွန်လ ၂၅ရက်က စစ်ကောင်စီတပ်က ထုံးဘိုလေးရွာကို မီးရှို့ခဲ့ခြင်းဖြစ်သည်။ ထိုသို့ မီးရှို့ခဲ့ရာတွင် ဘုန်းတော်ကြီးကျောင်းနှင့် ကျေးရွာစာသင်ကျောင်းကိုလည်း မီးရှို့ခဲ့ကြသည်ဟု ဆိုသည်။

ဓာတ်ပုံ - KNU
ဓာတ်ပုံ - KNU

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁) နယ်မြေ သထုံမြို့နယ် ထုံးဘိုလေးကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ရာ နေအိမ် ၆၁လုံး မီးလောင်ပြာကျခဲ့ပြီး ရွာသားသုံးဦးကိုလည်း သတ်ဖြတ်သွားကြောင်း KNUက သတင်းထုတ်ပြန်သည်။

ဇွန်လ ၂၅ရက်က စစ်ကောင်စီတပ်က ထုံးဘိုလေးရွာကို မီးရှို့ခဲ့ခြင်းဖြစ်သည်။ ထိုသို့ မီးရှို့ခဲ့ရာတွင် ဘုန်းတော်ကြီးကျောင်းနှင့် ကျေးရွာစာသင်ကျောင်းကိုလည်း မီးရှို့ခဲ့ကြသည်ဟု ဆိုသည်။

မီးလောင်ထားသည့် နေအိမ်ပြာများထဲမှ ရွာသားသုံးဦး၏ အရိုးအစအနများတွေ့ရပြီး အရှင်လတ်လတ်မီးရှို့သတ်ခံရခြင်း (သို့မဟုတ်) သတ်ပြီးမှ မီးရှို့ထားခြင်းလည်းဖြစ်နိုင်ကြောင်း KNU သထုံမြို့နယ် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောကြားကြောင်း ဖော်ပြထားသည်။

ဓာတ်ပုံ - KNU
ဓာတ်ပုံ – KNU

အသတ်ဖြတ်ခံရသူများထဲတွင် ခြေထောက်တစ်ဖက်မရှိသည့် မသန်စွမ်းတစ်ဦးပါဝင်သည်ဟု အသိပေးထား သည်။ ၎င်းတို့ ပျောက်ဆုံးနေသည်မှာ စစ်ကောင်စီတပ် ရွာကို မီးဝင်ရှို့သည့် ဇွန်လ ၂၅ရက်ကတည်းက ဖြစ်ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ - KNU
ဓာတ်ပုံ – KNU

ထုံးဘိုလေးကျေးရွာအားမီးရှို့ဖျတ်ဆီးခြင်း၊ ဒေသခံပြည်သူများကိုသတ်ဖြတ်ခြင်း စသည့် လူ့အခွင့်ရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့သည်မှာ အာဏာသိမ်းစစ်ကောင်စီ၏ တပ်မ (၄၄)နှင့် တပ်မ (၂၂) လက်အောက်ခံတပ်များ၊ စစ်ကောင်စီ လက်ပါးစေ နယ်ခြားစောင့်တပ် (BGF)နှင့် အခြားသော တပ်ရင်းလက်အောက်ခံများ ဖြစ်ကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို