Connect with us

Hi, what are you looking for?

News

ဆေးပညာလောကမှာ မသိသူမရှိတဲ့ ဆရာကြီး နာဂသိန်းလှိုင် ကွယ်လွန်

ဆရာကြီးရဲ့ သားဖြစ်သူက လူမှုကွန်ရက်မှာ ” ကျနော့်၏ဖခင်ကြီး ဒေါက်တာနာဂသိန်းလှိုင်ယနေ့မနက်ကိုးနာရီဆယ်မိနစ်တွင်ဆုံးသွားပါပြီ” လို့ ရေးသားထားပါတယ်။

ဆရာကြီးရွှေဓားဗိုလ် ၊ နာဂသိန်းလှိုင်၊ နာဂနတ် စတဲ့နာမည်ပေါင်းစုံနဲ့ ထင်ရှားတဲ့ ဆရာကြီး ဒေါက်တာသိန်းလှိုင်ဟာ ဒီနေ့မနက်ပိုင်း က ကွယ်လွန်သွားတယ်လို့ သိရပါတယ်။

ဆရာကြီးရဲ့ သားဖြစ်သူက လူမှုကွန်ရက်မှာ ” ကျနော့်၏ဖခင်ကြီး ဒေါက်တာနာဂသိန်းလှိုင်ယနေ့မနက်ကိုးနာရီဆယ်မိနစ်တွင်ဆုံးသွားပါပြီ” လို့ ရေးသားထားပါတယ်။

“ဆရာဝန်က ဘာမှမတတ်ဘူးလေ။ လူနာက ဆရာဝန်ကို ပြန်သင်ပေးတာ။ ဆရာဝန်ဆိုတာ စာဖတ်ပြီး တတ်တာ။ လူနာဟာ ကျေးဇူးရှင်ပဲ။ လူနာက ကိုယ့်ကို အကုန်လုံးသင်ပေးသွားတာ။ ဘာဘွဲ့ပဲရရ မှတ်ဉာဏ်ကောင်းလို့ အလွတ်ဖြေပြီး ဘွဲ့ရလာတာ” လို့ ဆရာကြီး နာဂသိန်းလှိုင်က သူ့ရဲ့ လူနာတွေနဲ့ပတ်သက်တဲ့ ခံယူချက်ကို အင်တာဗျူးတစ်ခုမှာ ပြောဖူးပါတယ်။

ဆရာကြီးဟာ လည်ပင်ကြီးရောဂါသည်တွေကို ထုံဆေးနဲ့ ခွဲစိတ်ကုသပေးခဲ့တာဖြစ်ပြီး သူခွဲစိတ်ခဲ့တဲ့ လူနာပေါင်းဟာ ၂,၈၀၀ ကျော်ရှိတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

နာဂ သိန်းလှိုင်ဆိုရင် ဆေးပညာလောကတစ်ခုလုံးမသိသူ မရှိသူတစ်ဦးဖြစ်ကာ နာဂတောင်တန်းဒေသမှာအခက်အခဲပေါင်းများစွာနဲ့ရင်ဆိုင်ခဲ့ပြီး ဒေသခံတိုင်းရင်းသားတွေကို သွားရောက်ကုသပေးခဲ့သူ စေတနာရှင် ဆရာဝန်ကြီးတစ်ဦးဖြစ်ပါတယ်။

ကွယ်လွန်ချိန်မှာတော့ အသက် ၈၈ နှစ် ရှိပြီလို့သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

"ခန္ဓာကိုယ်ခုခံအားဆဲလ်များဖြင့် ကင်ဆာကို တိုက်ဖျက်မည့် ကမ္ဘာ့ပထမဆုံး တွေ့ရှိချက်"

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမျိုးဇော်သိန်း (ခ)ကိုဘိုဘို (ခ)ကိုဘီလားဟာ ဧပြီ ၇ရက် ညနေပိုင်းက ကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ ကလေးအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဝင်းမြင့်စိုးဟာ ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာကြောင့်ကွယ်လွန်သွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှားမှာ ပွက်ပွက်ဆူနေတဲ့ ရေနွေးကို သောက်ဖို့ အတင်းအကျပ် ဖိအားပေး ခံခဲ့ရတဲ့ ကလေးငယ် တစ်ဦးဟာ မသေဆုံးခင်မှာ သူ့ကို အဓမ္မ ခိုင်းစေခဲ့သူကို ဖော်ထုတ်သွားခဲ့ပါတယ်။