Connect with us

Hi, what are you looking for?

News

ဆေးပညာလောကမှာ မသိသူမရှိတဲ့ ဆရာကြီး နာဂသိန်းလှိုင် ကွယ်လွန်

ဆရာကြီးရဲ့ သားဖြစ်သူက လူမှုကွန်ရက်မှာ ” ကျနော့်၏ဖခင်ကြီး ဒေါက်တာနာဂသိန်းလှိုင်ယနေ့မနက်ကိုးနာရီဆယ်မိနစ်တွင်ဆုံးသွားပါပြီ” လို့ ရေးသားထားပါတယ်။

ဆရာကြီးရွှေဓားဗိုလ် ၊ နာဂသိန်းလှိုင်၊ နာဂနတ် စတဲ့နာမည်ပေါင်းစုံနဲ့ ထင်ရှားတဲ့ ဆရာကြီး ဒေါက်တာသိန်းလှိုင်ဟာ ဒီနေ့မနက်ပိုင်း က ကွယ်လွန်သွားတယ်လို့ သိရပါတယ်။

ဆရာကြီးရဲ့ သားဖြစ်သူက လူမှုကွန်ရက်မှာ ” ကျနော့်၏ဖခင်ကြီး ဒေါက်တာနာဂသိန်းလှိုင်ယနေ့မနက်ကိုးနာရီဆယ်မိနစ်တွင်ဆုံးသွားပါပြီ” လို့ ရေးသားထားပါတယ်။

“ ဆရာဝန်က ဘာမှမတတ်ဘူးလေ။ လူနာက ဆရာဝန်ကို ပြန်သင်ပေးတာ။ ဆရာဝန်ဆိုတာ စာဖတ်ပြီး တတ်တာ။ လူနာဟာ ကျေးဇူးရှင်ပဲ။ လူနာက ကိုယ့်ကို အကုန်လုံးသင်ပေးသွားတာ။ ဘာဘွဲ့ပဲရရ မှတ်ဉာဏ်ကောင်းလို့ အလွတ်ဖြေပြီး ဘွဲ့ရလာတာ” လို့ ဆရာကြီး နာဂသိန်းလှိုင်က သူ့ရဲ့ လူနာတွေနဲ့ပတ်သက်တဲ့ ခံယူချက်ကို အင်တာဗျူးတစ်ခုမှာ ပြောဖူးပါတယ်။

ဆရာကြီးဟာ လည်ပင်ကြီးရောဂါသည်တွေကို ထုံဆေးနဲ့ ခွဲစိတ်ကုသပေးခဲ့တာဖြစ်ပြီး သူခွဲစိတ်ခဲ့တဲ့ လူနာပေါင်းဟာ ၂,၈၀၀ ကျော်ရှိတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

နာဂ သိန်းလှိုင်ဆိုရင် ဆေးပညာလောကတစ်ခုလုံးမသိသူ မရှိသူတစ်ဦးဖြစ်ကာ နာဂတောင်တန်းဒေသမှာအခက်အခဲပေါင်းများစွာနဲ့ရင်ဆိုင်ခဲ့ပြီး ဒေသခံတိုင်းရင်းသားတွေကို သွားရောက်ကုသပေးခဲ့သူ စေတနာရှင် ဆရာဝန်ကြီးတစ်ဦးဖြစ်ပါတယ်။

ကွယ်လွန်ချိန်မှာတော့ အသက် ၈၈ နှစ် ရှိပြီလို့သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်ဒိုနီးရှားမှာ ပွက်ပွက်ဆူနေတဲ့ ရေနွေးကို သောက်ဖို့ အတင်းအကျပ် ဖိအားပေး ခံခဲ့ရတဲ့ ကလေးငယ် တစ်ဦးဟာ မသေဆုံးခင်မှာ သူ့ကို အဓမ္မ ခိုင်းစေခဲ့သူကို ဖော်ထုတ်သွားခဲ့ပါတယ်။

သတင်း

မန္တလေးမြို့က ထင်ရှားတဲ့ စာရေးဆရာ သင့်နော် ဒီကနေ့ စက်တင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းမှာ ကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

မန္တလေး၊ အိုးဘိုအကျဥ်းထောင်မှာအကျဥ်းချခံထားတဲ့ နိုင်ငံရေးအကျဥ်းသား တစ်ဦးဟာ အူအတက်ပေါက်ပြီး ဆေးဝါးကုသခွင့်မရလို့ ကွယ်လွန်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရက္ခိုင်နိုင်ငံရေးသမား ဦးဦးလှစောသည် နိုင်ငံရေးသမား များ၌အရေးကြီးသည့် အဖက်ဖက် မျှတွေးတက်သည့် လေးစားစရာ နိုင်ငံရေးသမားတစ်ဦးဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

Facebook