Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံရေးအကျဉ်းသားလေးဦးအပေါ်ချမှတ်ထားသောသေဒဏ်ပြစ်ဒဏ်ကို အိန္ဒိယက တားမြစ်ရန်ဥရောပရောက်မြန်မာ့အရေးလှုပ်ရှားသူ ၁၇ ဖွဲ့တောင်းဆို

ယင်းသို့ ထပ်မံအတည်ပြုကြောင်း ပြောကြားချက်ကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် နှင့် အနောက်အင်အားကြီးနိုင်ငံများက အပြင်းအထန်ကန့်ကွက်ရှုတ်ချထားသည်။

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားလေးဦးအပေါ် ချမှတ်ထားသော သေဒဏ်ပြစ်ဒဏ်ကို အိမ်နီးချင်းအိန္ဒိယအစိုးရက တားမြစ်ရန် ဥရောပရောက်မြန်မာ့အရေးလှုပ်ရှားသူ ၁၇ ဖွဲ့ က တောင်းဆိုသည်။

ဥရောပရှိ မြန်မာနိုင်ငံရေးအတွက် သွေးစည်းညီညွတ်စွာလှုပ်ရှားနေသောအဖွဲ့ ၁၇ ဖွဲ့က ၎င်းတို့နိုင်ငံများတွင်ရှိနေသော အိန္ဒိယသံရုံးများသို့ အိတ်ဖွင့်ပေးစာများ ပေးပို့ထားပြီး မြန်မာစစ်အာဏာရှင်များ၏ နိုင်ငံရေးအကျဉ်းသား လေးဦးကို တရားမျှတစွာ စီရင်ခြင်းမရှိဘဲ ကွပ်မျက်ရန် ရည်ရွယ်ထားကြောင်းကြေညာချက်ကို ပေါ်ပေါ်ထင်ထင်ရှုတ်ချရန်တိုက်တွန်းထားခြင်းဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားလေးဦးအပေါ်ချမှတ်ထားသောသေဒဏ်ပြစ်ဒဏ်ကို အိန္ဒိယက တားမြစ်ရန်ဥရောပရောက်မြန်မာ့အရေးလှုပ်ရှားသူ ၁၇ ဖွဲ့တောင်းဆို
နိုင်ငံရေးအကျဉ်းသားလေးဦးအပေါ်ချမှတ်ထားသောသေဒဏ်ပြစ်ဒဏ်ကို အိန္ဒိယက တားမြစ်ရန်ဥရောပရောက်မြန်မာ့အရေးလှုပ်ရှားသူ ၁၇ ဖွဲ့တောင်းဆို

အကြမ်းဖက်စစ်တပ်၏ သေဒဏ်ပြစ်ဒဏ်ချမှတ်မှုကို စွမ်းနိုင်သမျှတားပေးရန် သံအမတ်ကြီးများက အိန္ဒိယအစိုးရအားတောင်းဆိုပေးကြရန် တိုက်တွန်းထားခြင်းလည်းဖြစ်သည်။

ထို့အပြင် အိတ်ဖွင့်ပေးစာကို ချက်သမ္မတနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Shri Hemant H. Kotalwa နှင့် ဂျပန်သံအမတ်ကြီး H.E. Suzuki Hideo နှင့် ထောက်ခံမှုရရှိထားသောအဖွဲ့အစည်းများသို့လည်း ပေးပို့ထားသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

တရားမဝင်အာဏာသိမ်းစစ်ကောင်စီသည် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ NLD အမတ်ဟောင်း ကိုဖြိုးဇေယျာသော်အပါအဝင် လူပုဂ္ဂိုလ် ၄ ဦးအပေါ် ချမှတ်ထားသော သေဒဏ်ပြစ်ဒဏ်ကို ဇွန်လဆန်းတွင် ထပ်မံအတည်ပြုခဲ့သည်။

ယင်းသို့ ထပ်မံအတည်ပြုကြောင်း ပြောကြားချက်ကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် နှင့် အနောက်အင်အားကြီးနိုင်ငံများက အပြင်းအထန်ကန့်ကွက်ရှုတ်ချထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

BRICS စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ရဲ့ ထိပ်သီးညီလာခံ တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ အိန္ဒိယ နိုင်ငံမှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

နိုင်ငံတကာ

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်မှာ လူနေ အဆောက်အအုံတစ်လုံး ပြိုကျခဲ့တာကြောင့် ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး နောက်ထပ် လူ ၅၀ လောက် အပျက်အစီးတွေအောက် ပိတ်မိနေတယ်လို့ ယုံကြည်ရပါတယ်။