Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရပြီး ဒုတိယဗိုလ်မှူးကြီးတစ်ဦးအပါအဝင် ၉ဦးသေဟု NUGကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်

အဆိုပါ စစ်ကောင်စီယာဥ်တန်းသည် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့ဘက်သို့ ဦးတည်ထားခြင်းဖြစ်ပြီး မိုင်းဆွဲခံရမှုကြောင့် အသေအပျောက်များလွန်းသဖြင့် ကျိုက်ထိုတပ်ထဲသို့ ဝင်သွားရသည်ဟုအသိပေးသည်။

စစ်ကောင်စီယာဥ်တန်း ပုံအဟောင်းကို အသုံးပြုထားပါသည်။
စစ်ကောင်စီယာဥ်တန်း ပုံအဟောင်းကို အသုံးပြုထားပါသည်။

ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီယာဥ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရပြီး ဒုတိယဗိုလ်မှူးကြီးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား ၉ဦး သေဆုံးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီး ဌာနက ယနေ့(ဇူလိုင် ၄ရက်) ထုတ်ပြန်သည်။

ယမန်နေ့က မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီစစ်၏ ၁၀စီးပါယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့်ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူး ပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဟု ဖော်ပြသည်။

ဘီးလင်းမြို့နယ်
ဘီးလင်းမြို့နယ်

ထို့အပြင် စစ်ကောင်စီယာဥ် တစ်စီးမှာမိုင်းတည့်တည့်ထိမှန်ပြီး လုံး၀ပျက်စီးသွားခဲ့သည်ဟု ဆိုသည်။

“ဘီးလင်းမှာ ဇူလိုင် ၃ရက် မနက်၁၁နာရီ ၅၇မိနစ်အချိန် ဘီးလင်းစည်ပင်သာယာဂိတ်အထွက် နောင်ရိုးမှာ စစ်ခွေးကားတစ်စီး မိုင်းဆွဲခံရတာ တစ်စီးလုံးထိတယ်။ ကားက လုံးဝပျက်စီးသွားတယ်။ ဒုဗိုလ်မှူးကြီးတစ်ဦးအပါအဝင် ၉ ဦး ပွဲချင်းပြီးသေတယ်။ ၅ဦးက ဒဏ်ရာအပြင်းအထန်နဲ့ အသည်းအသန်ပဲ။သေမယ့်သဘောရှိတယ်။ စစ်သား ၉ဦးကတော့ ပွဲချင်းပြီး။ စစ်ကားက တစ်စစီ ဖြစ်ပြီး ကြေမွသွားတာ။ စစ်ကား ၁၀စီးမှာတစ်စီးက လုံးဝပျက်စီးသွားတာ။ ရှေ့ဆက်မသွားတော့ဘူး။ ကျိုက်ထိုတပ်ထဲကိုပဲ ပြန်ဝင်သွားတယ်”ဟု KNLA၊ PDF ပူးပေါင်းတပ်၏ သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကောင်စီယာဥ်တန်းသည် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့ဘက်သို့ ဦးတည်ထားခြင်းဖြစ်ပြီး မိုင်းဆွဲခံရမှုကြောင့် အသေအပျောက်များလွန်းသဖြင့် ကျိုက်ထိုတပ်ထဲသို့ ဝင်သွားရသည်ဟုအသိပေးသည်။

သေဆုံးသူနှင့်ဒဏ်ရာရသူများကို သယ်ဆောင်၍ စစ်ကြောင်းရှေ့ဆက်သွားမည့်အစီအစဉ်ကိုဖျက် သိမ်းလိုက်ကြောင်းလည်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၏ ပြည်သူ့ကာကွယ် ရေးတပ်မတော် (PDF)သည် သက်ဆိုင်ရာ မဟာမိတ်အဖွဲအစည်း များနှင့်လက်တွဲညီညွတ်စွာဖြင့် ပြည်သူ့အာဏာကိုမတရားရယူထားသော စစ်ကောင်စီတပ်ဖွဲ့နှင့်ထောက်တိုင်များကို ရင်ဆိုင်တိုက်ခိုက်လျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

သတင်း

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။

သတင်း

ဧပြီ ၂၅ရက်က မင်းတပ်မြို့နယ်၊ ဝမ္မသူးဆေးရုံအား အကြမ်းဖက်စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက် မှုကြောင့် အရပ်သားပြည်သူ ၅ဦးသေဆုံးကာ ၃၀ ဦး ဒဏ်ရာရရှိခဲ့ခြင်းအပေါ် ယခုကဲ့သို့ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။