Connect with us

Hi, what are you looking for?

သတင်း

ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရပြီး ဒုတိယဗိုလ်မှူးကြီးတစ်ဦးအပါအဝင် ၉ဦးသေဟု NUGကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်

အဆိုပါ စစ်ကောင်စီယာဥ်တန်းသည် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့ဘက်သို့ ဦးတည်ထားခြင်းဖြစ်ပြီး မိုင်းဆွဲခံရမှုကြောင့် အသေအပျောက်များလွန်းသဖြင့် ကျိုက်ထိုတပ်ထဲသို့ ဝင်သွားရသည်ဟုအသိပေးသည်။

စစ်ကောင်စီယာဥ်တန်း ပုံအဟောင်းကို အသုံးပြုထားပါသည်။
စစ်ကောင်စီယာဥ်တန်း ပုံအဟောင်းကို အသုံးပြုထားပါသည်။

ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီယာဥ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရပြီး ဒုတိယဗိုလ်မှူးကြီးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား ၉ဦး သေဆုံးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီး ဌာနက ယနေ့(ဇူလိုင် ၄ရက်) ထုတ်ပြန်သည်။

ယမန်နေ့က မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီစစ်၏ ၁၀စီးပါယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့်ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူး ပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဟု ဖော်ပြသည်။

ဘီးလင်းမြို့နယ်
ဘီးလင်းမြို့နယ်

ထို့အပြင် စစ်ကောင်စီယာဥ် တစ်စီးမှာမိုင်းတည့်တည့်ထိမှန်ပြီး လုံး၀ပျက်စီးသွားခဲ့သည်ဟု ဆိုသည်။

“ဘီးလင်းမှာ ဇူလိုင် ၃ရက် မနက်၁၁နာရီ ၅၇မိနစ်အချိန် ဘီးလင်းစည်ပင်သာယာဂိတ်အထွက် နောင်ရိုးမှာ စစ်ခွေးကားတစ်စီး မိုင်းဆွဲခံရတာ တစ်စီးလုံးထိတယ်။ ကားက လုံးဝပျက်စီးသွားတယ်။ ဒုဗိုလ်မှူးကြီးတစ်ဦးအပါအဝင် ၉ ဦး ပွဲချင်းပြီးသေတယ်။ ၅ဦးက ဒဏ်ရာအပြင်းအထန်နဲ့ အသည်းအသန်ပဲ။သေမယ့်သဘောရှိတယ်။ စစ်သား ၉ဦးကတော့ ပွဲချင်းပြီး။ စစ်ကားက တစ်စစီ ဖြစ်ပြီး ကြေမွသွားတာ။ စစ်ကား ၁၀စီးမှာတစ်စီးက လုံးဝပျက်စီးသွားတာ။ ရှေ့ဆက်မသွားတော့ဘူး။ ကျိုက်ထိုတပ်ထဲကိုပဲ ပြန်ဝင်သွားတယ်”ဟု KNLA၊ PDF ပူးပေါင်းတပ်၏ သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကောင်စီယာဥ်တန်းသည် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့ဘက်သို့ ဦးတည်ထားခြင်းဖြစ်ပြီး မိုင်းဆွဲခံရမှုကြောင့် အသေအပျောက်များလွန်းသဖြင့် ကျိုက်ထိုတပ်ထဲသို့ ဝင်သွားရသည်ဟုအသိပေးသည်။

သေဆုံးသူနှင့်ဒဏ်ရာရသူများကို သယ်ဆောင်၍ စစ်ကြောင်းရှေ့ဆက်သွားမည့်အစီအစဉ်ကိုဖျက် သိမ်းလိုက်ကြောင်းလည်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၏ ပြည်သူ့ကာကွယ် ရေးတပ်မတော် (PDF)သည် သက်ဆိုင်ရာ မဟာမိတ်အဖွဲအစည်း များနှင့်လက်တွဲညီညွတ်စွာဖြင့် ပြည်သူ့အာဏာကိုမတရားရယူထားသော စစ်ကောင်စီတပ်ဖွဲ့နှင့်ထောက်တိုင်များကို ရင်ဆိုင်တိုက်ခိုက်လျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။