Connect with us

Hi, what are you looking for?

သတင်း

ချင်းတွင်းမြစ် ရွှေလှေ – အမြင့်ရေလက်ကြားအတွင်း ဖြတ်သန်းမောင်းနှင်ခြင်းမပြုရန် ချောင်းဦးမြို့နယ်တော်လှန်ရေးတပ် သတိ​ပေး

အကြမ်းဖက်စစ်ကောင်စီတပ်က ချင်းတွင်း မြစ်ကြောင်းအသုံးပြုမှုများလာသည့်အတွက် ရေကြောင်းတိုက်ခိုက်ရေး ပြင်ဆင်နေမှုကြောင့် ပြည်သူ့စက်လှေများ ထိခိုက်မှုမရှိစေရန် ကြိုတင်သတိပေးခြင်းဟု၎င်းက ဆိုသည်။

(ရေလက်ကြားအတွင်းသို့ဝင်လာသော ပြည်သူများ၏ မော်တော်ယာဥ်များအား မြစ်လက်ကြားမှ မလာရန် မေတ္တာရပ်ခံနေစဥ်၊ ဓာတ်ပုံ - Chaung U Revolution Army)
(ရေလက်ကြားအတွင်းသို့ဝင်လာသော ပြည်သူများ၏ မော်တော်ယာဥ်များအား မြစ်လက်ကြားမှ မလာရန် မေတ္တာရပ်ခံနေစဥ်၊ ဓာတ်ပုံ - Chaung U Revolution Army)

ချင်းတွင်းမြစ်ကြောအတွင်းရှိ ရွှေလှေ – အမြင့်ရေလက် ကြားအတွင်း ဖြတ်သန်းမောင်းနှင်ခြင်းမပြုရန် ချောင်းဦးမြို့နယ်တော်လှန်ရေးတပ် – Chaung U Revolution Army ထုတ်ပြန်သည်။

“အဲဒီရေလက်ကြားမှာက ကံကြီးကုန်း(ခွေးကုန်း)-ပျူရွာနဲ့ နီးတယ်။အခုက မိုးတွင်းရေတက်ချိန်ဖြစ်တာနဲ့ အဲဒီရွာထဲ ရေဝင်တယ်။ နောက်တစ်ခုက ဒီကောင်တွေက ပြည်သူစက်လှေတွေ သဘော်တွေကို မကြာခဏ ချောဆွဲတာလည်းရှိနေတယ်”ဟု CRA တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

(ရေလက်ကြားအတွင်းသို့ဝင်လာသော ပြည်သူများ၏ မော်တော်ယာဥ်များအား မြစ်လက်ကြားမှ မလာရန် မေတ္တာရပ်ခံနေစဥ်၊ ဓာတ်ပုံ - Chaung U Revolution Army)
(ရေလက်ကြားအတွင်းသို့ဝင်လာသော ပြည်သူများ၏ မော်တော်ယာဥ်များအား မြစ်လက်ကြားမှ မလာရန် မေတ္တာရပ်ခံနေစဥ်၊ ဓာတ်ပုံ – Chaung U Revolution Army)

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်က ချင်းတွင်း မြစ်ကြောင်းအသုံးပြုမှုများလာသည့်အတွက် ရေကြောင်းတိုက်ခိုက်ရေး ပြင်ဆင်နေမှုကြောင့် ပြည်သူ့စက်လှေများ ထိခိုက်မှုမရှိစေရန် ကြိုတင်သတိပေးခြင်းဟု၎င်းက ဆိုသည်။

ထို့ကြောင့် ပြည်သူ့စက်လှေ၊အမြန်​ရေယာဥ်များးသည် ယင်းမြစ်လက်ကြားအတွင်း ဖြတ်သန်းမောင်းနှင်ခြင်းမပြုဘဲ ပင်မမြစ်ကြောမှ သွားလာကြရန် မေတ္တာရပ်ခံသည်။

Public Service Announcement

Public Service Announcement

(ရေလက်ကြားအတွင်းသို့ဝင်လာသော ပြည်သူများ၏ မော်တော်ယာဥ်များအား မြစ်လက်ကြားမှ မလာရန် မေတ္တာရပ်ခံနေစဥ်၊ ဓာတ်ပုံ - Chaung U Revolution Army)
(ရေလက်ကြားအတွင်းသို့ဝင်လာသော ပြည်သူများ၏ မော်တော်ယာဥ်များအား မြစ်လက်ကြားမှ မလာရန် မေတ္တာရပ်ခံနေစဥ်၊ ဓာတ်ပုံ – Chaung U Revolution Army)

အဆိုပါ မြစ်လက်ကြားတွင် လုံခြုံရေပစ္စည်းများ တပ်ဆင်ထားသောကြောင့် ဆင်ဖြူရှင်တံတား အောက်ဖက်နှင့်အမြင့်အထက်ဖက်တွင်ရှိသော အဖွဲ့အစည်းများ၊ပြည်သူများအနေဖြင့် အစုန်အဆန် မောင်းနှင်လာသောယာဥ်များကို ရွှေလှေ – အမြင့် မြစ်လက်ကြားသို့ မဝင်ရောက်စေရေးတားမြစ်ပေးရန် ချောင်းဦးမြို့နယ်တော်လှန်ရေးတပ်-CRA အဖွဲ့က အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတွင်းမြစ်အတွင်းမှာ စစ်တပ်ရဲ့ ၂၈ စီးပါ စစ်ရေယာဉ်အုပ်စုကို တိုက်ခိုက်ခဲ့တဲ့ "မိချောင်းစစ်ဆင်ရေး" မှတ်တမ်းထုတ်ပြန်လိုက်ပြီး စစ်သင်္ဘော ၁စီး နစ်မြုပ်ကာ ၅စီးပျက်စီးကြောင်း ဖောင်းပြင်မြို့နယ်အခြေစိုက် မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်​​ကြောင်းအတိုင်း စစ်တပ်ရေယာဥ်တွေ စုန်ဆင်းလာလို့ မြစ်ကမ်းဘေးနေ ပြည်သူတွေ သတိပြုနေထိုင်ကြဖို့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက ထုတ်ပြန်ပါတယ်။

သတင်း

ချင်းတွင်းမြစ်အတွင်းက စစ်သင်္ဘောအုပ်စု ကနီမြို့နယ်မှာ တိုက်ခိုက်ခံရတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့မှာ ရှိနေတဲ့ စစ်သင်္ဘောအုပ်စုဟာ ပြန်လည်ထွက်ခွာလာနိုင်တာကြောင့် ချင်းတွင်းမြစ်ဘေးက ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာ ရှောင်တိမ်းကြဖို့ တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတချို့က ပြောပါတယ်။