Connect with us

Hi, what are you looking for?

သတင်း

KNU နယ်မြေများ၌ ဇွန်လအတွင်း တိုက်ပွဲ ၃၆၀ ကျော်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၄၀၀ ကျော်သေ

တိုက်ပွဲကြီး တိုက်ပွဲငယ် စုစုပေါင်း ၃၆၅ ကြိမ်အနက်စစ်ကောင်စီ နှင့် BGF တပ်များဘက်က ၄၁၀ ဦး သေဆုံးပြီး ၃၃၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

(ဇွန် ၂၆ ရက်ကစ၍ဖြစ်ပွား​နေ​သောဥကရစ်ထတိုက်ပွဲတွင်စစ်​ကောင်စီတပ်​သေဆုံး​နေသူများ၏ရုပ်အ​လောင်းများနှင့်စစ်ကူလာ​သောတပ်မ ၄၄ ထံမှသိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းများ။ ။ဓါတ်ပုံ-Cobra Column/Karen History)
(ဇွန် ၂၆ ရက်ကစ၍ဖြစ်ပွား​နေ​သောဥကရစ်ထတိုက်ပွဲတွင်စစ်​ကောင်စီတပ်​သေဆုံး​နေသူများ၏ရုပ်အ​လောင်းများနှင့်စစ်ကူလာ​သောတပ်မ ၄၄ ထံမှသိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းများ။ ။ဓါတ်ပုံ-Cobra Column/Karen History)

ပူးပေါင်းတပ်ဖွဲ့မှ ၁၇ဦး ကျဆုံးပြီး ၂၈ ဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း၌ ဇွန်လအတွင်း တိုက်ပွဲ ၃၆၅ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

KNU နယ်မြေများအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုး အသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)၊ ပူးပေါင်းတပ်ဖွဲ့ များနှင့် အာဏာသိမ်းစစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်(BGF)တို့ အကြား နေ့စဉ် တိုက်ပွဲများ ဖြစ်ခဲ့သည်ဟုဆိုသည်။

တိုက်ပွဲကြီး တိုက်ပွဲငယ် စုစုပေါင်း ၃၆၅ ကြိမ်အနက်စစ်ကောင်စီ နှင့် BGF တပ်များဘက်က ၄၁၀ ဦး သေဆုံးပြီး ၃၃၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

KNLA/KNDO နှင့် ပူးပေါင်းတပ်ဖွဲ့များဘက်ကလည်း ၁၇ ဦး ကျဆုံးခဲ့ပြီး ၂၈ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဇွန်လကုန်ပိုင်းတွင် KNU တပ်မဟာ(၆)နယ်မြေ ဥကရစ်ထ ဒေသ၌ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ ဇွန်လ ၂၇ရက်မှ ၃၀ရက်အထိ ၄ရက်တာကာလအတွင်း စစ်ကောင်စီတပ်က ဥကရစ်ထ ဒေသတိုက်ပွဲသို့ လေကြောင်း ပစ်ကူ (၉၄) ကြိမ်ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီ၏ ဥကရစ်ထ တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ရန် ပူးပေါင်းအဖွဲ့က ဇွန်လ၂၆ရက်မှစ၍ တိုက်ခိုက်ခဲ့ရာ ဇူလိုင်လဆန်းအထိ တစ်ပတ်ခန့်ကြာသည်အထိ နေ့စဉ် တိုက်ပွဲပြင်းထန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။