Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့နယ်အတွင်းရှိ လမ်းပိုင်းသုံးခု ဖြတ်သန်းသွားလာခြင်းမပြုရန် ​Black Dragon Special TaskForce အဖွဲ့ သတိပေး

ယနေ့ (ဇူလိုင် ၆) မွန်းလွဲပိုင်းမှစ၍ မုံရွာမြို့နယ် မုံရွာ – အရာတော်လမ်းပိုင်း၊ ကျောက္ကာ – ဗောဓိတစ်ထောင် ဖြတ်လမ်းပိုင်း၊ မုံရွာ – ဗောဓိတစ်ထောင် လမ်းပိုင်းများအား ယာယီအသုံးမပြုကြရန် Black Dragon အဖွဲ့က မေတ္တာရပ်ခံသည်။

မုံရွာမြို့နယ်
မုံရွာမြို့နယ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်းရှိ လမ်းပိုင်း သုံးခုတွင် ဖြတ်သန်းသွားလာခြင်းမပြုရန် ​ဒေသတွင်း Black Dragon Special TaskForce အဖွဲ့က သတိပေးသတင်းထုတ်ပြန်သည်။

ယနေ့ (ဇူလိုင် ၆) မွန်းလွဲပိုင်းမှစ၍ မုံရွာမြို့နယ် မုံရွာ – အရာတော်လမ်းပိုင်း၊ ကျောက္ကာ – ဗောဓိတစ်ထောင် ဖြတ်လမ်းပိုင်း၊ မုံရွာ – ဗောဓိတစ်ထောင် လမ်းပိုင်းများအား ယာယီအသုံးမပြုကြရန် Black Dragon အဖွဲ့က မေတ္တာရပ်ခံသည်။

ပြည်သူများအနေဖြင့် ထုတ်ပြန်ချက်များကို အလေးထား လိုက်နာပေးကြရန်နှင့် ထိုလမ်းများကို ဖြတ်သန်းသွားလာနေသည့် အိမ်စီးကားများအား ကားမှန်မချပါက မိုင်းဆွဲမည်ဖြစ်ကြောင်း၊ တက်နိုင်သမျှ ထိုလမ်းများကို အသုံးမပြုကြရန်နှင့် မဖြစ်မနေအသုံးပြုမည်ဆိုပါက ပတ်ဝန်းကျင် အခြေအနေကို လေ့လာပြီးမှအသုံးပြုကြပါရန် Black Dragon အဖွဲ့က ထပ်မံမေတ္တာရပ်ခံသည်။

ထိုအနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးနေပြီး စစ်ကူများသည် အိမ်စီးကားအမျိူးမျိုးကိုအသုံးပြုနေကြောင်း၊ မုံရွာအရာတော်လမ်းပိုင်းတွင်လည်း မြန်မာ့မဏ္ဏိုင်ဆီဆိုင်မှစ၍ ကျောက်ကာအထိ ဝါးတစ်ပြန်တိုင်း အစစ်အဆေးရှိကြောင်းသတင်းရရှိ၍ မဟာမိတ်အဖွဲ့များက လမ်းပိုင်းများအား ယာယီအသုံးမ​ပြုကြရန် အရေးပေါ်ထုတ်ပြန်ကြေညာရခြင်းဖြစ်ကြောင်း Black Dragon အဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

ယခင်ရက်ပိုင်းအတွင်းက မုံရွာ – အရာတော်လမ်းပိုင်းတွင် ပြည်သူ့ကားတစ်စီးအား အကြမ်းဖက်စစ်ကားထင်၍ မိုင်းဆွဲတိုက်ခိုက်ခံရဖူးပြီး ဒေသတွင်း PDFအဖွဲ့က တောင်းပန်ခဲ့ကာ
လမ်းပိုင်းတားမြစ်ထားလျှင် ဖြတ်သန်းသွားလာခြင်းမပြုကြရန် မေတ္တာရပ်ခံခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လက်ဘနွန်ကို အစ္စရေးက ဆက်ပြီး တိုက်ခိုက်နေမယ်ဆိုရင် နောင်တရသွားလောက်အောင် လက်တုံ့ပြန်ရလိမ့်မယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က တောပုပျူစောထီး ကျေးရွာကို PDF ပူး ပေါင်းတပ်တွေက အဝေးပစ် လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ‌ ‌‌ နေအိမ်တွေ ထိခိုက်ပျက်ဆီးခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း(၃၅)၊တပ်ခွဲ(၃)တောင်ပံနီအထူး ပြောက်ကြားတပ်ဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်း ရိက္ခာပို့သည့် စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ရာ သေဆုံးထိခိုက်မှုရှိကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တိုက်ခိုက်​ရေးတပ် CHU PDFမှ တာဝန်ရှိသူက ပြောသည်။

သတင်း

နွားထိုးကြီးPDFက ယခုလိုစစ်ဆေးမှုတွေပြုလုပ်အပြီးမှာ စစ်ကောင်စီတပ်တချို့နဲ့ပြည်သူ့စစ်တွေအဲဒီနေရာကိုရောက်လာသေးတယ်လို့ ပြည်သူတွေဆီကသိရပါတယ်။