Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာမြို့နယ်အတွင်းရှိ လမ်းပိုင်းသုံးခု ဖြတ်သန်းသွားလာခြင်းမပြုရန် ​Black Dragon Special TaskForce အဖွဲ့ သတိပေး

ယနေ့ (ဇူလိုင် ၆) မွန်းလွဲပိုင်းမှစ၍ မုံရွာမြို့နယ် မုံရွာ – အရာတော်လမ်းပိုင်း၊ ကျောက္ကာ – ဗောဓိတစ်ထောင် ဖြတ်လမ်းပိုင်း၊ မုံရွာ – ဗောဓိတစ်ထောင် လမ်းပိုင်းများအား ယာယီအသုံးမပြုကြရန် Black Dragon အဖွဲ့က မေတ္တာရပ်ခံသည်။

မုံရွာမြို့နယ်
မုံရွာမြို့နယ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်းရှိ လမ်းပိုင်း သုံးခုတွင် ဖြတ်သန်းသွားလာခြင်းမပြုရန် ​ဒေသတွင်း Black Dragon Special TaskForce အဖွဲ့က သတိပေးသတင်းထုတ်ပြန်သည်။

ယနေ့ (ဇူလိုင် ၆) မွန်းလွဲပိုင်းမှစ၍ မုံရွာမြို့နယ် မုံရွာ – အရာတော်လမ်းပိုင်း၊ ကျောက္ကာ – ဗောဓိတစ်ထောင် ဖြတ်လမ်းပိုင်း၊ မုံရွာ – ဗောဓိတစ်ထောင် လမ်းပိုင်းများအား ယာယီအသုံးမပြုကြရန် Black Dragon အဖွဲ့က မေတ္တာရပ်ခံသည်။

ပြည်သူများအနေဖြင့် ထုတ်ပြန်ချက်များကို အလေးထား လိုက်နာပေးကြရန်နှင့် ထိုလမ်းများကို ဖြတ်သန်းသွားလာနေသည့် အိမ်စီးကားများအား ကားမှန်မချပါက မိုင်းဆွဲမည်ဖြစ်ကြောင်း၊ တက်နိုင်သမျှ ထိုလမ်းများကို အသုံးမပြုကြရန်နှင့် မဖြစ်မနေအသုံးပြုမည်ဆိုပါက ပတ်ဝန်းကျင် အခြေအနေကို လေ့လာပြီးမှအသုံးပြုကြပါရန် Black Dragon အဖွဲ့က ထပ်မံမေတ္တာရပ်ခံသည်။

ထိုအနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးနေပြီး စစ်ကူများသည် အိမ်စီးကားအမျိူးမျိုးကိုအသုံးပြုနေကြောင်း၊ မုံရွာအရာတော်လမ်းပိုင်းတွင်လည်း မြန်မာ့မဏ္ဏိုင်ဆီဆိုင်မှစ၍ ကျောက်ကာအထိ ဝါးတစ်ပြန်တိုင်း အစစ်အဆေးရှိကြောင်းသတင်းရရှိ၍ မဟာမိတ်အဖွဲ့များက လမ်းပိုင်းများအား ယာယီအသုံးမ​ပြုကြရန် အရေးပေါ်ထုတ်ပြန်ကြေညာရခြင်းဖြစ်ကြောင်း Black Dragon အဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

ယခင်ရက်ပိုင်းအတွင်းက မုံရွာ – အရာတော်လမ်းပိုင်းတွင် ပြည်သူ့ကားတစ်စီးအား အကြမ်းဖက်စစ်ကားထင်၍ မိုင်းဆွဲတိုက်ခိုက်ခံရဖူးပြီး ဒေသတွင်း PDFအဖွဲ့က တောင်းပန်ခဲ့ကာ
လမ်းပိုင်းတားမြစ်ထားလျှင် ဖြတ်သန်းသွားလာခြင်းမပြုကြရန် မေတ္တာရပ်ခံခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုများရှိပြီး အသေးစိပ်ကို အတည်မပြုနိုင်သေးကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

သတင်း

စစ်ကောင်စီ ထောင်ထားသော စွန့်လွှတ်မိုင်းအား နင်းမိသောကြောင့် ပလက်ဝမြို့နယ်၊ ဖွေလိုက်ဝ (၂) ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ရသည်ဟုလည်း အသိပေးထားသည်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ အလုပ်လက်မဲ့ ဦးရေ အချိုးအစားဟာ လက်ရှိမှာ ၁ ရာခိုင်နှုန်းအောက်သာ ရှိနေပြီး ထိုင်းအနေနဲ့ မြန်မာ အပါအဝင် အိမ်နီးချင်း နိုင်ငံတွေဆီက လုပ်သားရင်းမြစ်တွေကို ပိုမို လိုအပ်နေတယ်လို့လည်းဆရက်သာက ဆိုပါတယ်။

သတင်း

ရက္ခိုင်နှင့် ချင်းပြည်နယ် ပလက်၀မြို့နယ် တိုက်ပွဲများမှ ထွက်ပြေးလာသည့် စစ်သားများ အနက် ဗိုလ်ကြီးအဆင့် အပါအဝင် စစ်ကောင်စီတပ်သား ၁၅ဦးကို ဇန်နဝါရီ ၃၀ရက်တွင် CDF ဒိုင်ရ်ဒေသ၌ ဖမ်းမိခဲ့သည်ဟု အသိပေးထားသည်။