Connect with us

Hi, what are you looking for?

သတင်း

အမြန်လမ်းမှာ နွားထိုးကြီး PDFက လမ်းပိုင်းစစ်ဆေးမှုလုပ်ပြီး ခရီးသည်တွေနဲ့ တွေ့ဆုံ

နွားထိုးကြီးPDFက ယခုလိုစစ်ဆေးမှုတွေပြုလုပ်အပြီးမှာ စစ်ကောင်စီတပ်တချို့နဲ့ပြည်သူ့စစ်တွေအဲဒီနေရာကိုရောက်လာသေးတယ်လို့ ပြည်သူတွေဆီကသိရပါတယ်။

(ခရီးသွားကားတွေကို နွားထိုးကြီး PDFက စစ်ဆေးနေစဥ် ဓာတ်ပုံ-File Video)
(ခရီးသွားကားတွေကို နွားထိုးကြီး PDFက စစ်ဆေးနေစဥ် ဓာတ်ပုံ-File Video)

နေ့သစ်/People’s Spring

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးပေါ်က မိုင်တိုင်(၃၁၈)မှာ ခရီးသွားကားတွေကို နွားထိုးကြီး PDFက လမ်းပိုင်းစစ်ဆေးမှု ပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဒီကနေ့ (ဒီဇင်ဘာ ၂၃ ရက်) မနက် ၁၀ နာရီခွဲခန့်က နွားထိုးကြီးမြို့နယ်နဲ့ မိတ္ထီလာမြို့နယ်ကြားက မိုင်တိုင်(၃၁၈)မှာ Natogyi People Defence Forceက​ နယ်မြေစိုးမိုးရေးလုပ်ဆောင်ခဲ့ပြီး ခရီးသွားယာဉ်တွေကို စစ်ဆေးတာ၊ ခရီးသည်တွေနဲ့ တွေ့ဆုံတာတွေ လိုအပ်တဲ့အသိပညာပေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

(ခရီးသွားကားတွေကို နွားထိုးကြီး PDFက စစ်ဆေးနေစဥ် ဓာတ်ပုံ-File Video)
(ခရီးသွားကားတွေကို နွားထိုးကြီး PDFက စစ်ဆေးနေစဥ် ဓာတ်ပုံ-File Video)

ပြည်သူတွေအနေနဲ့ ရန်ကုန် -မန္တလေး အမြန်လမ်းမကြီးပေါ်ကို မလိုအပ်ဘဲ ခရီးမသွားကြဖို့၊ည အချိန်မတော် မထွက်ကြဖို့နဲ့ တိုက်ပွဲနဲ့တိုးရင် ရှေ့ဆက်မမောင်းဘဲ နီးစပ်ရာ လုံခြုံတဲ့ နေရာတွေမှာ နေထိုင်ကြဖို့ နွားထိုးကြီး PDFက သတိပေးပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဘက်က ဒီနေ့မနက်၁၀နာရီခွဲမှာ နွားထိုးကြီး PDFက ရန်ကုန်-မန္တလေးအမြန်လမ်းမိုင်တိုင်၃၁၈/၆၈ဖာလုံမှာ ကားတွေကို စစ်ဆေးပြီး ယာဥ်ငယ်တစီးကို ဇီးတောဆည်ဘောင်ဘက်ကို ခေါ်သွားတယ်လို့ ရေးသားဖော်ပြထားကြပါတယ်။

(ခရီးသွားကားတွေကို နွားထိုးကြီး PDFက စစ်ဆေးနေစဥ် ဓာတ်ပုံ-File Video)
(ခရီးသွားကားတွေကို နွားထိုးကြီး PDFက စစ်ဆေးနေစဥ် ဓာတ်ပုံ-File Video)

ဒီကိစ္စနဲ့ပတ်သက်ပြီး နွားထိုးကြီးမြို့နယ်က တာဝန်ရှိသူတွေကိုမေးမြန်းကြည့်ရာမှာ အမြန်လမ်းပေါ်ကို လုံခြုံရေးအရ တော်လှန်ရေးတပ်တွေက စစ်ဆေးခဲ့တာမှန်ကန်ပြီး အိမ်စီးကားတစီးပေါ်မှာ ပြောက်ကျားအင်္ကျီတွေ့တာမို့ ကားပေါ်ပါလာတဲ့သူတွေကို အောက်ခဏဆင်းခိုင်းကာ ယာယီစစ်ဆေးမှုပြုလုပ်ပေးပြီးပြန်လွှတ်ပေးလိုက်တာလို့ ဆိုပါတယ်။

“တပ်ရင်းတစ်ခုက ခ​ဏတင် စစ်လိုက်တာပါ။ဖမ်းတယ်ဆိုတာမဟုတ်ပါဘူး။ပြီးတော့ စစ်တဲ့ကားကပြည်သူတွေကားမို့အေးအေးဆေးဆေးပြန်လွှတ်လိုက်တာပါ”လို့ နွားထိုးကြီးမြို့နယ်၊ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

(ခရီးသွားကားတွေကို နွားထိုးကြီး PDFက စစ်ဆေးနေစဥ် ဓာတ်ပုံ-File Video)
(ခရီးသွားကားတွေကို နွားထိုးကြီး PDFက စစ်ဆေးနေစဥ် ဓာတ်ပုံ-File Video)

နွားထိုးကြီးPDFက ယခုလိုစစ်ဆေးမှုတွေပြုလုပ်အပြီးမှာ စစ်ကောင်စီတပ်တချို့နဲ့ပြည်သူ့စစ်တွေအဲဒီနေရာကိုရောက်လာသေးတယ်လို့ ပြည်သူတွေဆီကသိရပါတယ်။

တော်လှန်ရေးကာလ ၄ နှစ်ပြည့်တော့မှာမို့ ပြည်သူတွေအနေနဲ့ စည်းကမ်းလိုက်နာပြီး တော်လှန်ရေးမှာ ပါဝင်ပေးကြဖို့ နွားထိုးကြီး PDFက မေတ္တာရပ်ခံထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်ကလည်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်၊ မိုင်တိုင်(၃၁၉)က စစ်ဆေးရေးဂိတ်ကို နွားထိုးကြီး PDFက တိုက်ခိုက်ခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို အာဏာသိမ်းစစ်တပ်က ဖျက်ဆီးဖို့ ပြုလုပ်နေပြီး ဖျက်ဆီးသူတွေကို ခွင့်လွှတ်မှာ မဟုတ်ဘူးလို့ မြင်းခြံခရိုင်အမှတ်(၄-၁၀)တပ်ရင်းမှူးက သတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း မလှိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်​ကြောင်းကို ဒေသတွေင်း PDFနဲ့ ပကဖ ပူးပေါင်းတပ်က ခုခံတိုက်ခိုက်ခဲ့ရာ ၁၅ရက် ကြာ တိုက်ပွဲဖြစ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြင်းခြံခရိုင် တပ်ရင်း(၁)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ချောက်မြို့နယ်က တောင်သာကျေးရွာအနီးတိုက်ပွဲမှာ စစ်တပ်ကို ခုခံတိုက်ခိုက်နေတဲ့ PDF တပ်ဖွဲ့ဝင် ၂၀ ဦးဝန်းကျင်ကျဆုံးခဲ့တယ်လို့ ဒေသခံ တော်လှန်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံခရိုင်၊မလှိုင်မြို့နယ်၊ အိမ်ကြီးတောရွာသို့ စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်စစ်​ကြောင်းကို ​ဒေသခံPDF နဲ့ ပကဖတို့ကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အနည်းဆုံး ၂ဦးသေဆုံးပြီး ၁၀ဦး လက်နက်ချခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ရုံးချုပ်ကဒီသတင်းထုတ်ပြန်ပါတယ်။