Connect with us

Hi, what are you looking for?

သတင်း

မတူပီတွင် ယနေ့ညနေပိုင်း တိုက်ပွဲဆက်ဖြစ်ပြီး စစ်ကောင်စီတပ် နှစ်ဦးထပ်သေ

မတူပီ CDFသည် ယနေ့နံနက်ပိုင်းကလည်း မတူပီ – လိုင်လင်းပီ မြို့ လမ်းပိုင်း၌ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ ၄၅မိနစ်ကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟုဆိုသည်။

မတူပီတွင် ယနေ့ညနေပိုင်း တိုက်ပွဲဆက်ဖြစ်ပြီး စစ်ကောင်စီတပ် နှစ်ဦးထပ်သေ
မတူပီတွင် ယနေ့ညနေပိုင်း တိုက်ပွဲဆက်ဖြစ်ပြီး စစ်ကောင်စီတပ် နှစ်ဦးထပ်သေ

မတူပီမြို့နယ်တွင် ယနေ့ ညနေပိုင်း၌ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ နှစ်ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်းမတူပီ ချင်းကာကွယ် ရေးတပ်ဖွဲ့(CDF)က ထုတ်ပြန်သည်။

ဇူလိုင် ၆ရက် ညနေ ၆နာရီ မှစ၍ မတူပီ မြို့နယ် အမ်မိလိုင်ရွာ၌ စစ်ကောင်စီတပ်နှင့် နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

တိုက်ပွဲ၌ မတူပီ CDF ရဲဘော်များ ထိခိုက်ကျဆုံးမှုမရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

မတူပီ CDFသည် ယနေ့နံနက်ပိုင်းကလည်း မတူပီ – လိုင်လင်းပီ မြို့ လမ်းပိုင်း၌ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ ၄၅မိနစ်ကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ယနေ့နံနက် ၉နာရီကျော်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာပြင်းထန်ခဲ့ကြောင်း မတူပီ CDFက ထုတ်ပြန်ခဲ့သည်။ စစ်ကောင်စီတပ်သည် လိုင်လင်းပီမြို့မှ ဇွန်လ ၂၈ရက်တွင် ခြေလျင် ထွက်ခွာလာရာ ယနေ့တွင် CDFနှင့် တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းဆုံးရှုံးပြီးနောက် စစ်တပ်က ဗုံးကြဲနေပြီး မိုးမိတ်-မိုးကုတ်လမ်းပိုင်း ပိတ်

သတင်း

အာဏာသိမ်းစစ်တပ်က မကွေးတိုင်း၊ လောင်းရှည်မြို့ကတဆင့် ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ကို စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

သတင်း

ရန်ကုန်-ပြည်လမ်းပိုင်းက စစ်တပ်ဂိတ်စခန်းတိုက်ခိုက်မှုမှာ စစ်တပ်ဘက်က ၅ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ပဲခူးတိုင်းစစ်ဌာနကထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီ​နေ့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းကနေပစ်ကူ​ပေးဗုံးကြဲနေပါတယ်။

Facebook