Connect with us

Hi, what are you looking for?

သတင်း

လေးလခန့်ကြာ ရှေ့တန်းတာဝန်များထမ်းဆောင်ပြီးနောက် မိခင်တပ်ရင်းသို့ ပြန်ရောက်ရှိလာသည့် ကျားဖြူတပ်ခွဲ(၁) ရဲ​ဘော်များ

ကျားဖြူတပ်ခွဲ(၁)သည် အမျိုးသားညီညွတ်ရေး အစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်တွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်နေခြင်းဖြစ်သည်။

ဓာတ်ပုံ - ကျားဖြူတပ်ခွဲ (၁)
ဓာတ်ပုံ - ကျားဖြူတပ်ခွဲ (၁)

လေးလခန့်ကြာရှေ့တန်းတာဝန်များထမ်းဆောင်ပြီးနောက် မိခင်တပ်ရင်းသို့ ပြန်ရောက်ရှိလာသည့် ရဲဘော်များ၏ မှတ်တမ်းကို ကျားဖြူတပ်ခွဲ (၁)က ယနေ့(ဇူလိုင် ၉ ရက်) ထုတ်ပြန်သည်။

“တာ၀န်ကိုယ်စီကို လေးလနီးပါး တောတောင်တွေထဲထမ်းဆောင်‌ရင်း မိခင်တပ်ဆီပြန်ရောက်တဲ့အခါမှာတော့ ရဲဘော်တွေဟာ အချင်းချင်းပွေ့ဖက်ဂုဏ်ပြုကြ အော်ဟစ်ရယ်မောကြနဲ့…ဒါဟာပျော်ရွှင်ခြင်းအစစ်အမှန်ပေါ့”ဟု အဆိုပါတပ်ဖွဲ့က ဆိုသည်။

သို့သော် လိုလားတောင့်တသည့် ပျော်ရွှင်မှုမျိုးမဟုတ်သေးဘဲ နွေးထွေးသည့် မိဘအိမ်ပြန်နိုင်ခြင်း၊ချစ်ရသူများနှင့် ပြန်လည်ဆုံဆည်းနိုင် ခြင်း အပါအဝင် အာဏာရှင်စနစ်ဆိုးကို အမြစ်ဖြတ်တိုက်ထုတ်နိုင်ရန် ဆက်လက်တိုက်ပွဲဝင်ရမည်ဟု ဖော်ပြသည်။

“ကမ္ဘာစစ်ကြီးကို အောင်နိုင်သူတွေရဲ့ပျော်ရွှင်ခြင်းထက် ခမ်းနားမယ့်တစ်နေ့ ။အော်ဟစ်ရယ် မောသံတွေနဲ့ တစ်တိုင်းပြည်လုံးသောသောညံနေမယ့်တစ်နေ့..ပင်ပန်းခက်ခဲလာကြတာသိပေမယ့်မဝေးတော့တဲ့တစ်နေ့အတွက် ဆက်လက်တိုက် ပွဲ၀င်သွားကြရအောင်လားခင်ဗျာ”ဟု ကျားဖြူတပ်ခွဲ (၁)က တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

အလားတူ ပြည်သူတို့၏ကူညီထောက်ပံ့မှုများစွာ လိုအပ်လျက်ရှိသောကြောင့် ထောက်ပံ့မှုများ ဆက်လက်ပြုလုပ်ပေးရန်လည်း မေတ္တာရပ်ခံသည်။

ကျားဖြူတပ်ခွဲ(၁)သည် အမျိုးသားညီညွတ်ရေး အစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်တွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

Facebook