Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်တာဝန်ရှိသူအားလုံးကို အရေးယူရန်နှင့် ICCသို့ လွှဲပြောင်းရန် ကုလလူ့အခွင့်အရေးကောင်စီဆုံးဖြတ်ချက် NUG ထောက်ခံကြိုဆို

မြန်မာစစ်တပ်သည် ‘အပြစ်ပေးခံရခြင်းမှ ကင်းလွတ်ခွင့်’ ရရှိနေပြီး ယင်းအချက်က စစ်အုပ်စုကို နိုင်ငံတဝန်း ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ရန် ခွင့်ပြုပေးနေသည်ဟု NUG က ထောက်ပြသည်။

စစ်အုပ်စုအဖွဲ့အား တွေ့ရစဥ်၊ ဓာတ်ပုံ - cincds
စစ်အုပ်စုအဖွဲ့အား တွေ့ရစဥ်၊ ဓာတ်ပုံ - cincds

မြန်မာစစ်တပ်၏ အကြမ်းဖက်မှုများနှင့် နိုင်ငံတကာဥပဒေချိုးဖောက်မှုများအတွက် တာဝန်ရှိသူ အားလုံးကို အရေးယူရန်နှင့် နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)သို့လွှဲပြောင်းရန် ကုလသမဂ္ဂလူ့အခွင့် အရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို NUG က ထောက်ခံကြိုဆိုလိုက်သည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (၅၀)ကြိမ်မြောက်အစည်းအဝေးတွင် မြန်မာနိုင်ငံအတွင်းရှိ ရိုဟင်ဂျာမူဆလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ဆုံးဖြတ် ချက်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထောက်ခံ ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရိုဟင်ဂျာများနှင့် အခြားတိုင်းရင်းသားလူနည်းစုများအပေါ် သမိုင်းဝင်ချန်လှပ်ထားခဲ့သည့် ခွဲခြားဆက်ဆံသော မူဝါဒများ၊ အလေ့အထများနှင့် ကတိကဝတ်များက ရက်စက်ကြမ်းကြုတ်မှု များ ဖြစ်ပေါ်လာစေသော အခြေခံအုတ်မြစ်ဖြစ်ခဲ့ခြင်းကို ရှက်ရွံ့ဖွယ်ရာကိစ္စကြီးတစ်ခုအဖြစ် NUG က မှတ်ယူကြောင်း ဖော်ပြသည်။

မြန်မာစစ်တပ်သည် ‘အပြစ်ပေးခံရခြင်းမှ ကင်းလွတ်ခွင့်’ ရရှိနေပြီး ယင်းအချက်က စစ်အုပ်စုကို နိုင်ငံတဝန်း ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ရန် ခွင့်ပြုပေးနေသည်ဟု NUG က ထောက်ပြ သည်။

Public Service Announcement

Public Service Announcement

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနှင့် မြန်မာလူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင် ခံစာတင်သွင်းသူတို့ တင်ပြခဲ့သည့်အတိုင်း မြန်မာစစ်တပ်သည် လူသားမျိုးနွယ်အပေါ် ကျူးလွန် သည့်ရာဇဝတ်မှုများ(Crimes against Humanity)နှင့် စစ်ရာဇဝတ်မှုများ(War Crimes)များ ကျူးလွန်နေကြောင်း NUG က ထပ်လောင်းပြောသည်။

NUG သည် ဆုံးဖြတ်ချက်ပါ တိုက်တွန်းချက်များဖြစ်သည့် အများပါဝင်နိုင်မှု၊ လူ့အခွင့်အရေးများ နှင့် မြန်မာနိုင်ငံအတွင်း နေထိုင်သူများအားလုံး၏ ဂုဏ်သိက္ခာရှိမှုများအတွက် မြှင့်တင်ဆောင် ရွက်ရန်၊ ခွဲခြားဆက်ဆံမှုများနှင့် မုန်းတီးမှုများ ပျံ့နှံ့နေခြင်းကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ရိုဟင်ဂျာမူဆလင်များနှင့် အခြားလူနည်းစုများအားလုံးအပေါ် အမုန်းပွားစေသော အမုန်းစကားများ ကို တားဆီးတိုက်ဖျက်ရန်တို့ကို သဘောတူလက်ခံသည်ဟု ထုတ်ပြန်သည်။

ထို့အပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)အနေဖြင့်လည်း ၂၀၁၅ အမျိုး ဘာသာကာကွယ်စောင့်ရှောက်ရေးဥပဒေများနှင့် ၁၉၈၂ နိုင်ငံသားဥပဒေများအပါအဝင် ခွဲခြား ဆက်ဆံသည့် ဥပဒေများကို ပြင်ဆင်ရေးဆွဲရန် (သို့မဟုတ်) ဖျက်သိမ်းရန် အတွက် လိုအပ်သော အဆင့်များကို ဆက်လက်ဆောင်ရွက်သွားမည်ဟု ဆိုသည်။

သို့သော် ကုလလူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်တွင် မြန်မာပြည်သူများ၏ ပြတ်သားသောထောက်ခံမှုများနှင့် ဒီမိုကရေစီမျှော်မှန်းချက်များကို သိသာစွာဖော်ပြထားခြင်းမရှိကြောင်း NUG က ထုတ်ပြန်သည်။

ထို့အတွက် လူ့အခွင့်အရေးကောင်စီနှင့် အဖွဲ့ဝင်နိုင်ငံများသည် မြန်မာပြည်သူများနှင့် ၎င်းတို့၏ မျှော်မှန်းချက်များကို တရားဝင်ကိုယ်စားပြုသော အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုက်ရိုက် ချိတ်ဆက်၍ ဆုံးဖြတ်ချက်တွင် ပါရှိသည့်အချက်များကို အကောင်အထည်ဖော်ဆောင်ရွက်မှုများကို ပံ့ပိုးပေးသင့်ကြောင်း တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မိတ္ထီလာခရိုင်ထဲကမလှိုင်မြို့နယ်မှာတိုက်ပွဲဖြစ်တာမရှိဘဲ အာဏာသိမ်းစစ်တပ်ကစက်တပ်လေထီးနဲ့ ဗုံးကြဲတာကြောင့်ပြီးခဲ့တဲ့ ရက်ပိုင်းဇူလိုင်လ ၃၁ ရက်ညနေပိုင်းကအသက် ၆၀ အရွ​ယ်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရတယ်လို့ နယ်ခံအချို့ဆီကသိရပါတယ်။

ဆောင်းပါး

Tiktok လူမှုကွန်ရက်မှာ အမျိုးသမီးကြီးတစ်ဦးဟာ ဓါတ်ပုံလေးတွေကိုင်ပြီး ငိုကြွေးနေတဲ့ရုပ်သံတွေ တက်လာခဲ့ပါတယ်။ အဆိုပါအမျိုးသမီးကြီးဟာ ဒလမြို့နယ်ကဖြစ်ပြီး ၎င်းရဲ့သားနဲ့သမက်အပါအဝင် ယောကျာ်းလေး ၄ ဦး ပျောက်ဆုံးသွားတဲ့အတွက် Tiktok ကနေ အကူအညီတောင်းခံနေတာပါ။

ဆောင်းပါး

“အနက်ရောင်နယ်မြေထဲက စာသင်ကျောင်းတဲ့” မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ကျေးရွာတခုရဲ့ မူလတန်းကျောင်း မိဘ၊ဆရာတွေ့ဆုံပွဲက ပြန်လာကြတဲ့ ကျောင်းသားမိဘတွေဆီက ကြားရတဲ့ စကားပါ။