Connect with us

Hi, what are you looking for?

သတင်း

ရေဦးမင်း​​မောင်းကုန်းရွာအနီးတိုက်ပွဲစစ်သား ၃ ဦး​သေဟုYUG ​ထုတိပြန်

(တန့်ဆည်မြို့နယ် ကျေးရွာတစ်ရွာကို အကြမ်းဖက်စစ်တပ် မီးရှို့စဉ်။ ။ဓာတ်ပုံ-Kaduma Platform)
(တန့်ဆည်မြို့နယ် ကျေးရွာတစ်ရွာကို အကြမ်းဖက်စစ်တပ် မီးရှို့စဉ်။ ။ဓာတ်ပုံ-Kaduma Platform)

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် ယနေ့ညနေပိုင်းကစစ်​ကောင်စီတ​ပ်နှင့် ဒေသတွင်း PDF များ ဆယ်မိနစ်ခန့်တိုက်ပွဲဖြစ်ပွားရာစစ်သား နှစ်ဦးသေဆုံးကြောင်း YEU URBAN GUERRILLA ( YUG)အဖွဲ့ကသတင်းထုတ်ပြန်သည်။

ယနေ့(ဇူလိုင်လ ၁၂ရက်) ညနေ ၃ နာရီခွဲခန့်ကရေဦးမြို့နယ်၊ မင်းမောင်းကုန်းကျေးရွာအနီး၌ အင်အား၁၀၀ခန့်ပါ အကြမ်းဖက်စစ်ကောင်စီ၏ စစ်တပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းYUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဖြစ်ပွားချိန် ဆယ်မိနစ်ခန့်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က နှစ်ဦးသေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။သို့​သော်စစ်​ကောင်စီတပ်​သေဆုံးထိ့ခိုက်မှုကို People’s Springကသီးခြားအတည်မပြုနိုင်​သေးပါ။

အဆိုပါစစ်ဆင်ရေးအား Special Attacking Force (Upper Burma)၊ ကျေးရွာပြည်သူ့လုံခြုံရေးအဖွဲ့၊ရေဦးမြို့​ပြပြောက်ကျားYEU URBAN GUERRILLA( YUG)အဖွဲ့၊တန့်ဆည်ရွှေဘိုတပ်ရင်း(၁၀)နှင့် ညီနောင်အဖွဲ့များပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး ပြည်သူ့ရဲဘော်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းတို့ကအသိပေးသည်။

Public Service Announcement

Public Service Announcement

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ YEU URBAN GUERRILLA ( YUG)အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

တိုက်ပွဲကြောင့် အထိနာနေသော အကြမ်းဖက်စစ်တပ်သည် ယနေ့ညနေ ၅ နာရီခွဲခန့်တွင်မင်းမောင်းကုံးရွာကိုဝင်ရောက်မီးရှို့ဖျက်ဆီးသဖြင့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းဒေသတွင်း Kaduma Platform စာမျက်နှာက ဖော်ပြသည်။

ဇူလိုင်လ၈ရက် နံနက်ပိုင်းက ရေဦးမြို့နယ်၊ စည်သာမြေရှိ ပကဖစခန်းငယ်တစ်ခုကို စကစမှစစ်သုံးတိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီး၊သယ်ပို့ရဟတ်ယာဉ်လေးစီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည်။လက်လုပ်ကိုးလုံးသေနတ်၊ ဆိုင်ကယ်၊သယ်ပို့ကား၊ မိုင်း နှင့် ဆက်စပ်ပစ္စည်းအချို့‌သိမ်းဆည်းခံခဲ့သည်။

ထိုနေ့မွန်းလွဲပိုင်းတွင် ကူဖြူရွာအနီး၌ အကြမ်းဖက်စစ်တပ်နှင့် ပြ​ည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ရာ ခန့်မှန်းခြေ ငါးဦးခန့် သေဆုံးခဲ့ကြောင်း ရေဦး ပကဖ၏ ထုတ်ပြန်ချက်များတွင်ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးနဲ့ တန့်ဆည်မြို့နယ်က စစ်ရှောင်စခန်း ၄ ခုထက်မနည်း ရေကြီးနစ်မြုပ်နေပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။