Connect with us

Hi, what are you looking for?

သတင်း

ပု​လောတွင် တိုက်ပွဲပြင်းထန်​နေ

ပုလောမြို့နယ် ပဝတ်ကုန်းရွာတွင် ယနေ့(ဇူလိုင် ၁၃ရက်)နံနက် နာရီခန့်ကစ၍ တိုက်ပွဲဖြစ်နေခြင်းဖြစ်သည်။

(ပု​လောပြညိသူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-PPDF)
(ပု​လောပြညိသူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-PPDF)

●ဇူလိူင် ၁၂ ရက်တိုက်ပွဲတွင်စစ်​ကောင်စီတပ် ၉ ဦး​သေ

တနင်္သာရီတိုင်း ပုလောမြို့နယ်တွင် ဒေသခံပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ယနေ့ နံနက် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေသည်။

ပုလောမြို့နယ် ပဝတ်ကုန်းရွာတွင် ယနေ့(ဇူလိုင် ၁၃ရက်)နံနက် နာရီခန့်ကစ၍ တိုက်ပွဲဖြစ်နေခြင်းဖြစ်သည်။

“အခု ပုလောမှာ စစ်ကောင်စီနဲ့ မဟာမိတ်တပ်ပေါင်းစု တိုက်ပွဲဖြစ်နေပါတယ်”ဟု မြိတ်ခရိုင်၊ပြည်သူ့ကာကွယ်ရေးတပ်မတော်၊တပ်ရင်း-၁(ပုလောမြို့နယ်)မှ ယနေ့နံနက် ၁၀ နာရီခန့် အခြေအနေကို ပြည်သူ့ရဲဘော်တစ်ဦးကPeople’s Spring သို့အတည်ပြုသည်။

ပုလောမြို့နယ်တွင် ယ​မန်​နေ့(ဇူလိုင် ၁၂ ရက်)ကဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၇ ဦးသေဆုံးခဲ့သည်ဟု မြိတ်ခရိုင်၊ပြည်သူ့ကာကွယ်ရေးတပ်မတော်က သတင်းထုတ်ပြန်ထားသည်။ ဇူလိုင်၉ ရက်က တိုက်ပွဲတွင် စစ်​ကောင်စီတပ်မှ ၃ ဦးဒဏ်ရာရပြီး ၊ ပြည်သူ့ရဲဘော်တစ်ဦး ဒဏ်ရာရခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တရုတ်စီမံကိန်းတွေရှိတဲ့ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်းက တောင်မော်ဦးရေတပ်စခန်းဝန်းကျင်နဲ့ မင်းတက်တောင်လမ်းဆုံအနီး သိုင်းချောင်းဝန်းကျင်တို့မှာ စစ်တပ်စခန်း​တွေကို အာရက္ခတပ်တော်(AA)ကတိုက်ခိုက်​နေပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေကြတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

မြန်မာဖက်ခြမ်းနယ်စပ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေဟာမြန်မာ့ပြည်တွင်းရေးသာဖြစ်ပြီး ထိုင်းရဲ့ လုံခြုံရေးဆိုင်ရာ အခြေအနေတွေကိုတော့ကောင်းကောင်းထိန်းချုပ်ထားနိုင်ကြောင်း ထိုင်းတော်ဝင်ကြည်းတပ်က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ကသာမြို့မှာပိတ်မိတဲ့ကားတချို့ မန္တလေးဘက် ပြန်ဆုတ်ခိုင်း၊ ပိတ်မိနေသူတွေဆက်ရှိပြီး သေဆုံးသူ ထပ်တိုး

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနရဲ့ နိုဝင်ဘာ ၇ရက် သတင်းဖော်ပြချက်မှာ အသိပေးထားပါတယ်။