Connect with us

Hi, what are you looking for?

သတင်း

က​လေးမြို့နယ်တိုက်ပွဲ သုံးရက်အတွင်းစစ်သား၄၂ ဦး​သေ၊ PDF နှစ်ဦးကျဆုံးဟု က​လေးပကဖ ​ပြော

ဇူလိုင် ၁၁ရက်မှ ဇူလိုင် ၁၃ရက်အထိ သုံးရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၄၂ သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုဖက်မှရဲ​ဘော် နှစ်ဦးကျဆုံးပြီးငါးဦး မစိုးရိမ်ရဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ထားသည်။

(က​လေး PDF တပ်ဖွဲ့ဝင်အချို့ ။ ။ဓါတ်ပုံ-က​လေးPDF)
(က​လေး PDF တပ်ဖွဲ့ဝင်အချို့ ။ ။ဓါတ်ပုံ-က​လေးPDF)

ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များသုံးရက်ကြာ တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၄၂ သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံးခဲ့ကြောင်း ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ ထုတ်ပြန်သည်။

ကလေးမြို့နယ်တောင်ပိုင်း ဟားခါးလေးကျေးရွာတစ်ဝိုက်တွင်ပ.က.ဖ.(ကလေး)၊ PDF kalay၊CNDF၊ CDF KKG၊ RKDF၊ UGF Kalay ပူးပေါင်းတပ်ဖွဲ့များပါဝင်သောပြည်သူကာကွယ်ရေးတပ်ပေါင်းစုက စစ်ကောင်စီကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“အ​ကြမ်းဖက်အဖွဲ့ကို ရင်ဆိုင်တိုက်ပွဲ ပြင်းထန်စွာဆင်နွှဲခြေမှုန်းခဲ့သည်” ဟု ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပ.က.ဖ.(ကလေး)က ထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း အပြင်းစား မိုင်းများဆွဲကာ လက်နက်ကြီးလက်နက်ငယ်များအသုံးပြုတိုက်ခိုက်ချေမှုန်းခဲ့သည်ဟုလည်းပါရှိသည်။စစ်​ကောင်စီတပ်ဖွဲ့ဝင်များသည် ယ​နေ့တွင်မိုင်းကွင်း​ပေါ်​ရောက်​ရှိလာသဖြင့် မိုင်းဆွဲတိုက်ခိုက်ရာ ​သေဆုံးထိ့ခိုက်မှု များခြင်းဖြစ်​ကြောင်း PDF တပ်ဖွဲ့ဝင်အချို့က​ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဇူလိုင် ၁၁ရက်မှ ဇူလိုင် ၁၃ရက်အထိ သုံးရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၄၂ သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုဖက်မှရဲ​ဘော် နှစ်ဦးကျဆုံးပြီးငါးဦး မစိုးရိမ်ရဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ကျဆုံးခဲ့သည့် ပြည်သူ့ရဲဘော်နှစ်ဦးမှာPDF kalay တပ်ရင်း-၂ မှ အသက် ၂၄နှစ်အရွယ်တပ်သားဆန်းမင်းငွေနှင့်CNDFမှရဲဘော်တစ်ဦးဖြစ်သည်။

“ဒီနေ့တိုက်ပွဲက ကိုယ်တေဘက်အသာစီးဆိုပေမဲ့ရဲဘော်တစ်ယောက်ကိုတော့ပေးဆပ်လိုက်ရပြန်ပြီတာဝန်ကျေတာထက်လွန်ပါတယ်ရဲဘော်။အလေးနီပြုပါတယ်။ကောင်းရာဘုံမှာ နားပါတော့” ဟု ကျဆုံးသွား​သောတပ်သား ဆန်းမင်းငွေအတွက် ဝမ်းနည်းကြောင်း PDF kalay တပ်ရင်း -၂ မှ ရဲဘော်တစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

ကျဆုံးရဲဘော်နှစ်ဦးအတွက် ဝမ်းနည်းကြောင်းနှင့် ဂုဏ်ယူကြောင်းကိုCNDFနှင့် PDF kalay တပ်ရင်း -၂တို့ကအသီးသီးထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းရှိနေသေးပြီးယနေ့ညနေနှစ်နာရီခန့်မှစတင်ကာ ပြည်သူကာကွယ်ရေးတပ်ပေါင်းစုဘက်က ဆုတ်ခွာထားသည်ဟု ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေး ထားသည်။ယခုရက်ပိုင်း တိုက်ပွဲဆက်နေ၍ သေနတ်ကျည်လိုအပ်ချက်ကြီးမားနေပြီးကျည်ဖိုးကူညီအားဖြည့်ပေးရန် ပြည်သူ့ကာကွယ်​ရေးရဲဘော်များက လူထုအား မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook