Connect with us

Hi, what are you looking for?

သတင်း

တစ်​​ဒေါ်လာ​ ၂၂၀၀ ကျပ်အထိဈေးတက်လာ

ဒေါ်လာမှောင်ခိုဈေးကွက်တွင်ဇွန်လလယ်ကတစ်ဒေါ်လာလျှင် ၂၀၅၀ကျပ်သာရှိသော်လည်း ဇွန် တတိယပတ်မှစ၍ ဈေးဆက်တိုက်မြှင့်တက်လာခြင်းဖြစ်သည်။

(ဇူလိုင် ၁၃ မနက်တွင်​ဒေါ်လာ​ဈေးသာ် ပြင်ပဈးကွက်၌ ၁​​ဒေါ်လာ ၂၁၇၅ ကျပ်ဖြင့်ဖွင့်ပြီး ည​နေပိုင်းတွင် ၂၂၀၀ကျပ်ဖြင့်ပိတ်ခဲ့သည်။ ဓါတ်ပုံ-EPA)
(ဇူလိုင် ၁၃ မနက်တွင်​ဒေါ်လာ​ဈေးသာ် ပြင်ပဈးကွက်၌ ၁​​ဒေါ်လာ ၂၁၇၅ ကျပ်ဖြင့်ဖွင့်ပြီး ည​နေပိုင်းတွင် ၂၂၀၀ကျပ်ဖြင့်ပိတ်ခဲ့သည်။ ဓါတ်ပုံ-EPA)

အ​မေရိကန်​ဒေါ်လာ​ဈေးသည် ပြည်တွင်းမှောင်ခိုဈေးကွက်တွင်ယ​နေ့ တစ်ဒေါ်လာလျှင် ကျပ် ၂၂၀၀ အထိ ပေါက်ဈေးရှိလား ကြောင်း ငွေလဲလုပ်ငန်းဆောင်ရွက်နေသူများက​ပြောသည်။

အကြမ်းဖက်စစ်ကောင်စီထိန်းချုပ်ထားသည့်ဗဟိုဘဏ်က တစ်ဒေါ်လာကို ၁၈၅၀ ကျပ်ဟုပုံ​သေသတ်မှတ်ထားသော်လည်းလက်​တွေ့အ​ရောင်းအဝယ်လုပ်ကိုင်​​သောပြင်ပဈေးကွက်တွင် ဇူလိုင် ၁၃ ရက်ည​နေပိုင်း၌ တစ်ဒေါ်လာလျှင် ၂၂၀၀ကျပ်အထိ ပေါက်ဈေးရှိလာခြင်းဖြစ်သည်။

“ဒီနေ့ နေ့လယ်ပိုင်းက တစ်ဒေါ်လာကို ၂၁၉၅ကျပ်ရှိတာ၊ ညနေပိုင်းမှာ ၂၂၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်သွားတယ်”ဟု ငွေလဲကောင်တာပိုင်ရှင်တစ်ဦးကပြောသည်။

ယနေ့မနက်အဖွင့်ဈေးသည် တစ်ဒေါ်လာကို ၂၁၇၅ကျပ်ဖြင့်ဈေးဖွင့်သော်လည်း ညနေပိုင်းတွင် ဈေးမြှင့်တက်လာခြင်းဖြစ်သည်ဟု ၎င်းကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

“ဈေးကွက်ထဲမှာ ဒေါ်လာက အဝယ်ဘဲရှိတယ်။ ရောင်းတဲ့သူတွေကလဲဈေးတက်မှာသိတော့မရောင်းဘူး။အခုကဒေါ်လာဘယ်လောက်ရောင်းရောင်းဝယ်မယ့်သဘောပါ”ဟုကမာရွတ်မြို့နယ်ရှိ ငွေလဲကောင်တာပိုင်ရှင်တစ်ဦးကပြောသည်။

ဒေါ်လာမှောင်ခိုဈေးကွက်တွင်ဇွန်လလယ်ကတစ်ဒေါ်လာလျှင် ၂၀၅၀ကျပ်သာရှိသော်လည်း ဇွန် တတိယပတ်မှစ၍ ဈေးဆက်တိုက်မြှင့်တက်လာခြင်းဖြစ်သည်။

“ဇွန်၊ ဇူလိုင်က စပြီး စက်တင်ဘာလအထိ ပြည်တွင်းမှာ ဒေါ်လာလိုတဲ့ကာလပဲ။ ဒီကာလမှာ ဈေးမြင့်တက်လာလေ့ရှိတယ်။ နောက်ပြီး မြို့ပြပျောက်ကျား အရှိန်မြင့်မယ်ဆိုတော့ စစ်တပ်အသိုင်းအဝိုင်းက ဒေါ်လာလုဝယ်နေကြတယ်”ဟု ငွေကြေးလုပ်ငန်းဆောင်ရွက်နေသူတစ်ဦးက မှတ်ချက်ပေးသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်းဒေါ်လာဈေးမြင့်တက်လာပြီး ၂၀၂၁ စက်တင်ဘာ ၂၇ ရက်တွင် တစ်ဒေါ်လာကို ၂၇၀၀ကျပ် အထိသမိုင်းတစ်​လျှောက်စံချိန်တင်မြင့်တက်ခဲ့သည်။ စစ်တပ်အာဏာမသိမ်းခင် ဇန်နဝါရီ ၂၉ ရက်က တစ်ဒေါ်လာကို ၁၃၂၀ကျပ်သာရှိခဲ့သည်။စစ်​ကောင်စီက ​ဒေါ်လာ​ဈေးထိန်းချုပ်နိုင်ရန် ပုံ​သေ​ငွေလဲနှုန်း ၁၈၅၀ သတ်မှတ်၍ အဆိုပါနှုန်းဖြင့် နိုင်ငံခြားဝင်​ငွေရှိသူများကို ၁ ရက်အတွင်း၎င်းတို့သတ်မှတ်​​​သောဘဏ်များတွင် ​ကျပ်​ငွေဖြင့်လဲ​စေခြင်း၊ ပြည်ပမှ သွင်းကုန်များကို တိုး၍ ပိတ်ပင်လာခြင်းများပြုလုပ်ခဲ့​သော်လည်း ​ဒေါ်လာ​​ဈေးမကျဘဲတိုင်းပြည်စီးပွား​ရေးမှာပိုမိုဆိုးဝါးကျဆင်းလာသည်။ ထို​ကြောင့်ကမ္ဘာဘဏ်ကပင် ၂၀၂၂ တွင်မြန်မာနိုင်ငံ၏စီးပွား​ရေး ခန့်မှန်းတွက်ချက်ရန် မတက်နိုင်၍ တွက်ချက်ခန့်မှန်းခြင်းမလုပ်​တော့ဘဲ ချန်လှပ်ခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ရုပ်ပုံ ပါရှိတဲ့ တစ်ဒေါ်လာတန် ဒင်္ဂါးတွေကို အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက တရားဝင် ထုတ်ဝေလိုက်ပါတယ်။

ဆောင်းပါး

ခွေးကိုက်ခံရတာက ကြောက်စရာကောင်းပါတယ်။ဒါပေမယ့် မြန်မာနိုင်ငံမှာ ခွေးကိုက်ခံရပြီးဆေးရုံရောက်သွားတဲ့အခါလိုအပ်တဲ့ ခွေးရူးကာကွယ်ဆေးကို အချိန်မီ မရနိုင်တာက ပိုပြီး ကြောက်စရာကောင်းလာနေပါတယ်။

နိုင်ငံတကာ

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မျက်နှာပုံပါတဲ့ တစ်ဒေါ်လာတန် ဒင်္ဂါးတွေ သွန်းလောင်း ထုတ်ဝေသွားမယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန လက်အောက်ခံ ကြေးသွန်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

လွှတ်တော်ဆီက ခွင့်ပြုချက်ရရင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ပုံ ရိုက်နှိပ်ထားတဲ့ ဒေါ်လာ ၂၅၀ တန် ငွေစက္ကူ အသစ်တွေ ထုတ်ဝေလာနိုင်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။

Facebook