အရိပ်မဲ့စစ်ဆင်ရေးလှုပ်ရှားမှုအဖြစ် ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ် ကံကျင်းနယ်မြေရဲစခန်းကို လက်နက်မဲ့ဝင်ရောက်၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပေါက်ခေါင်းလွတ်မြောက်ရေးအင်အားစုက အသိပေးထားသည်။
အရိပ်မဲ့စစ်ဆင်ရေးကို ဇူလိုင် ၁၂ရက်တွင် စတင်ပြုလုပ်ခဲ့သော်လည်း မိုင်းနှင့်ဆက်စပ်ပစ္စည်းများ၏ အားနည်း ချက်ကြောင့်မပြီးမြောက်ခဲ့ဘဲ ဇူလိုင် ၁၃ရက် ညနေ ၆ နာရီခန့်တွင် အဆိုပါရဲစခန်းအတွင်းသို့ ထပ်မံဝင်ရောက်ကာ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပေါက်ခေါင်းလွတ် မြောက်ရေးအင်အားစုတာဝန်ခံ ဗိုလ်ဒိုင်ကြီးက ထုတ်ပြန်ထားသည်။
“ရဲစခန်းအတွင်းရှိ စခန်းမှူးပုန်းရှောင်အိပ်ရာဖြစ်သော အချုပ်သားထားရှိရာ နေအိမ်တစ်လုံး ပျက်ဆီးခဲ့ပါ သည်။ ထိခိုက်ဒဏ်ရာရရှိမှုနှင့်သေဆုံးစာရင်းမသိရသေးပါ”ဟု ဗိုလ်ဒိုင်ကြီးက ဆိုသည်။
ယင်းစစ်ဆင်ရေးကို မကွေးတိုင်းဒေသကြီး ပြည်သူ့ကာကွယ်ရေးတပ်ဌာနချုပ် ဘာမြူဒါတွင် Unique သင်တန်းတတ်ရောက်နေသော ပေါက်ခေါင်းလွတ် မြောက်ရေးအင်အားစု၊ မကွေးတိုင်းပြည်သူ့ကာကွယ် ရေးတပ် – အောင်လံ၊ မကွေးတိုင်းဒေသကြီး ငါးပြေမပြောက်ကျားတပ်တို့မှ အထူးတပ်ဖွဲ့ဝင်များပါဝင်သည့် Team Aက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
“ကျွန်တော်တို့ကမကွေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဌာနချုပ်လက်အောက်မှာလှုပ်ရှားနေကြတာပါ။ ကျွန်တော်တို့ဆီမှာအထူးလေ့ကျင့်ပေးထားတဲ့ Unique လို့အမည်ရတဲ့ရဲဘော်တွေရှိပါတယ်။ အဲ့ဒီရဲဘော်တွေကိုအခုပထမဆုံးပွဲထွတ်တဲ့သဘောပါ။ မကွေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်အောင်လံ၊မကွေးတိုင်းဒေသကြီးငါးပြေမပြောက် ကျားတပ်ဖွဲ့နဲ့မဟာမိတ်အဖွဲ့ဖြစ်တဲ့ပေါက်ခေါင်းလွတ် မြောက်ရေးအင်အားစုတို့ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ”ဟု မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်(အောင်လံ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အထက်ပါတိုက်ခိုက်မှုကြောင့် ပေါက်ခေါင်းရဲစခန်းအတွင်းရှိ စခန်းမှုပုန်းရှောင်အိပ်သည့်နေရာဖြစ်သော အချုပ်သားထားသည့်နေအိမ်တစ်လုံးပျက်စီးခဲ့ပြီး လူထိခိုက်သေဆုံးမှုအား မသိရသေးဟု ဆိုသည်။
ပေါက်ကွဲမှုဖြစ်ပြီးချိန်၌ ရဲစခန်းဘက်မှ ပစ်ခတ်မှုများရှိခဲ့သော်လည်း အရိပ်မဲ့စစ်ဆင်ရေးအဖွဲ့သားအားလုံး အထိအခိုက်မရှိဘဲ ဆုတ်ခွာလာနိုင်ခဲ့ကြောင်း ဗိုလ်ဒိုင်ကြီးက ဆိုသည်။
ယင်းအဖွဲ့များအနေဖြင့် အခြားပူးပေါင်းအဖွဲ့များနှင့်အတူ အရိပ်မဲ့စစ်ဆင်ရေးများကို ဆက်လက်ပြုလုပ်၍ အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ထားသည်။


















































