Connect with us

Hi, what are you looking for?

သတင်း

အရိပ်မဲ့စစ်ဆင်ရေးလှုပ်ရှားမှုအဖြစ် ပေါက်ခေါင်းလွတ်​မြောက်​ရေးအင်အားစုက ကံကျင်းနယ်မြေရဲစခန်းကို လက်နက်မဲ့ဝင်ရောက် မိုင်းဆွဲတိုက်ခိုက်

“ရဲစခန်းအတွင်းရှိ စခန်းမှူးပုန်းရှောင်အိပ်ရာဖြစ်သော အချုပ်သားထားရှိရာ နေအိမ်တစ်လုံး ပျက်ဆီးခဲ့ပါ သည်။ ထိခိုက်ဒဏ်ရာရရှိမှုနှင့်သေဆုံးစာရင်းမသိ‌ရသေးပါ”ဟု ဗိုလ်ဒိုင်ကြီးက ဆိုသည်။

ပေါက်ခေါင်းမြို့နယ်
ပေါက်ခေါင်းမြို့နယ်

အရိပ်မဲ့စစ်ဆင်ရေးလှုပ်ရှားမှုအဖြစ် ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ် ကံကျင်းနယ်မြေရဲစခန်းကို လက်နက်မဲ့ဝင်ရောက်၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပေါက်ခေါင်းလွတ်မြောက်ရေးအင်အားစုက အသိပေးထားသည်။

အရိပ်မဲ့စစ်ဆင်ရေးကို ဇူလိုင် ၁၂ရက်တွင် စတင်ပြုလုပ်ခဲ့သော်လည်း မိုင်းနှင့်ဆက်စပ်ပစ္စည်းများ၏ အားနည်း ချက်ကြောင့်မပြီးမြောက်ခဲ့ဘဲ ဇူလိုင် ၁၃ရက် ည​နေ ၆ နာရီခန့်တွင် အဆိုပါရဲစခန်းအတွင်းသို့ ထပ်မံဝင်ရောက်ကာ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပေါက်ခေါင်းလွတ် မြောက်ရေးအင်အားစုတာဝန်ခံ ဗိုလ်ဒိုင်ကြီးက ထုတ်ပြန်ထားသည်။

“ရဲစခန်းအတွင်းရှိ စခန်းမှူးပုန်းရှောင်အိပ်ရာဖြစ်သော အချုပ်သားထားရှိရာ နေအိမ်တစ်လုံး ပျက်ဆီးခဲ့ပါ သည်။ ထိခိုက်ဒဏ်ရာရရှိမှုနှင့်သေဆုံးစာရင်းမသိ‌ရသေးပါ”ဟု ဗိုလ်ဒိုင်ကြီးက ဆိုသည်။

ယင်းစစ်ဆင်ရေးကို မကွေးတိုင်း‌ဒေသကြီး ပြည်သူ့ကာကွယ်ရေးတပ်ဌာနချုပ် ဘာမြူဒါတွင် Unique သင်တန်းတတ်ရောက်နေသော ပေါက်ခေါင်းလွတ် မြောက်ရေးအင်အားစု၊ မကွေးတိုင်းပြည်သူ့ကာကွယ် ရေးတပ် – အောင်လံ၊ မကွေးတိုင်းဒေသကြီး ငါးပြေမပြောက်ကျားတပ်တို့မှ အထူးတပ်ဖွဲ့ဝင်များပါဝင်သည့် Team Aက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ကမကွေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဌာနချုပ်လက်အောက်မှာလှုပ်ရှားနေကြတာပါ။ ကျွန်တော်တို့ဆီမှာအထူးလေ့ကျင့်ပေးထားတဲ့ Unique လို့အမည်ရတဲ့ရဲဘော်တွေရှိပါတယ်။ အဲ့ဒီရဲဘော်တွေကိုအခုပထမဆုံးပွဲထွတ်တဲ့သဘောပါ။ မကွေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်အောင်လံ၊မကွေးတိုင်းဒေသကြီးငါးပြေမပြောက် ကျားတပ်ဖွဲ့နဲ့မဟာမိတ်အဖွဲ့ဖြစ်တဲ့ပေါက်ခေါင်းလွတ် မြောက်ရေးအင်အားစုတို့ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ”ဟု ​မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်(အောင်လံ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အထက်ပါတိုက်ခိုက်မှုကြောင့် ပေါက်ခေါင်းရဲစခန်းအတွင်းရှိ စခန်းမှုပုန်းရှောင်အိပ်သည့်နေရာဖြစ်သော အချုပ်သားထားသည့်နေအိမ်တစ်လုံးပျက်စီးခဲ့ပြီး လူထိခိုက်သေဆုံးမှုအား မသိရသေးဟု ဆိုသည်။

ပေါက်ကွဲမှုဖြစ်ပြီးချိန်၌ ရဲစခန်းဘက်မှ ပစ်ခတ်မှုများရှိခဲ့သော်လည်း အရိပ်မဲ့စစ်ဆင်ရေးအဖွဲ့သားအားလုံး အထိအခိုက်မရှိဘဲ ဆုတ်ခွာလာနိုင်ခဲ့ကြောင်း ဗိုလ်ဒိုင်ကြီးက ဆိုသည်။

ယင်းအဖွဲ့များအနေဖြင့် အခြားပူးပေါင်းအဖွဲ့များနှင့်အတူ အရိပ်မဲ့စစ်ဆင်ရေးများကို ဆက်လက်ပြုလုပ်၍ အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုတိယ ကမ္ဘာစစ်မှာ နာမည်ဆိုးနဲ့ အထူးကျော်ကြားခဲ့တဲ့ နာဇီ ခေါင်းဆောင်ကြီး အဒေါ့ဖ်ဟစ်တလာ မွေးဖွားခဲ့တဲ့ နေရာဟာ အခုတော့ ရဲစခန်းတစ်ခု ဖြစ်လာခဲ့ပါပြီ။

နိုင်ငံတကာ

လတ်တလော အီရန်အပေါ် တိုက်ခိုက်မှုတွေဟာ ကျဆုံး အမေရိကန် စစ်သည်တွေကို ဂုဏ်ပြုခြင်းလည်း ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နေပြည်တော်တိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးဖော်ဆောင်မှုတွေကြောင့် ဇွန်လအတွင်းမှာ စစ်တပ်က အရာရှိ ၄ဦး အပါအဝင် ၄၀ဦးကျော် သေဆုံးကာ ရဲစခန်းမှူး အပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း နေပြည်တော် PDFက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ညအချိန်တွေမှာ စစ်တပ်စခန်းတွေကို ဒရုန်းအသုံးပြုတိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေကို စုန်းမအဖွဲ့က ထုတ်ပြန်ပါတယ်။