Connect with us

Hi, what are you looking for?

သတင်း

ကျောက်ကြီးမြို့နယ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်က ရွာခံများကို ဓားစာခံအဖြစ်သုံးနေဟု KNU/PDF ကျောက်ကြီး ထုတ်ပြန်

“ဖမ်းခေါ်သွားတဲ့ လူတွေလဲသေလားရှင်လား ဘာသတင်းမှ မရတော့ပါဘူး စကစ စစ်ကြောင်းတွေ ထက်တိုးလာပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားနေပါတယ် ဖမ်းခေါ်သွားတဲ့ ပြည်သူတွေအတွက် ကူညီပေးကြပါလို့ ဒေသခံတစ်ဦးက KNU / PDF ကို ပြောပါတယ်” ဟု KNU/PDF ကျောက်ကြီးက ယနေ့ သတင်းထုတ်ပြန် သည်။

(KNU တပ်ဖွဲ့ဝင်များ ​တွေ့ရစဥ်)
(KNU တပ်ဖွဲ့ဝင်များ ​တွေ့ရစဥ်)

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ ကျောက်ကြီးမြို့နယ် အတွင်းတိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ဒေသခံများကို ဓားစာခံအဖြစ် အသုံးပြုနေသည်ဟု KNU/PDFကျောက်ကြီးက ယနေ့ (ဇူလိုင် ၁၇ရက်) သတင်းထုတ်ပြန်သည်။

ကျောက်ကြီးမြို့နယ် နတ်သံကွင်း တောကြောင်ပေါက်ရွာမှ ဖမ်းခေါ်သွားသည့် ရွာသားများကို စစ်ကောင်စီတပ်က ပြန်မလွှတ်သေးကြောင်း၊ စစ်ကောင်စီက ရွာခံများကို ဓားစားခံအဖြစ် သုံးပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ဖော်ပြသည်။ ရွာခံများမည်သည့်နေ့ရက်တွင်ဖမ်းဆီးခံရသည်ဆိုသည်ကိုမူ ဖော်ပြမထားပေ။

“ဖမ်းခေါ်သွားတဲ့ လူတွေလဲသေလားရှင်လား ဘာသတင်းမှ မရတော့ပါဘူး စကစ စစ်ကြောင်းတွေ ထက်တိုးလာပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားနေပါတယ် ဖမ်းခေါ်သွားတဲ့ ပြည်သူတွေအတွက် ကူညီပေးကြပါလို့ ဒေသခံတစ်ဦးက KNU / PDF ကို ပြောပါတယ်” ဟု KNU/PDF ကျောက်ကြီးက ယနေ့ သတင်းထုတ်ပြန် သည်။

KNU/PDF ပူးပေါင်းတပ်ဖွဲ့ နှင့် စစ်ကောင်စီတပ်တို့ကြား နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားနေ၍ပြည်သူများ အနေဖြင့် သတိဖြင့် သွားလာကြရန်လိုအပ်ကြောင်းလည်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။