Connect with us

Hi, what are you looking for?

သတင်း

မောင်​တောတွင်တိုက်ပွဲဖြစ်၊ စစ်​ကောင်စီရဲကားတစ်စီးမိုင်းဆွဲခံရ ရဲတစ်ဦး​သေ၊အရာရှိအပါအဝင်ရဲ ၁၂ ဦး​ပျောက်ဆုံး​

“ကားမိုင်းဆွဲခံရပြီး ရဲတပ်ကြပ်တစ်ယောက် သေတယ်။ ၁၂ယောက် ပျောက်နေတယ်။ပျောက်နေတဲ့အထဲမှာ ရဲမှူးတစ်ယောက်နဲ့ ဒုရဲမှုးတစ်ယောက်ပါတယ်” ဟုအမည်မ​ဖော်လို​သောဒုရဲမှုးအဆင့်ရှိရဲတစ်ဦးကလည်းပြောသည်။

(AA တပ်ဖွဲ့ဝင်များကိုစစ်သင်တန်းတစ်ခုတွင်​တွေ့ရစဥ်။ ။AA ပြန်ကြား​ရေး)
(AA တပ်ဖွဲ့ဝင်များကိုစစ်သင်တန်းတစ်ခုတွင်​တွေ့ရစဥ်။ ။AA ပြန်ကြား​ရေး)

ရခိုင်ပြည်နယ်​မြောက်ပိုင်းမောင်တော​ဒေသတွင် ယနေ့နံနက်ပိုင်းမှစ၍ တိုက်ပွဲဖြစ်ပွား​နေပြီး စစ်ကောင်စီရဲကားတစ်စီးမိုင်းဆွဲတိုက်ခိုက်ခံရကာ ရဲတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးကာ ရဲမှုးတစ်ဦးအပါအဝင် ရဲ၁၂ယောက်ကို ပျောက်ဆုံးနေ​ကြောင်း အမည်မ​ဖော်လို​သောစစ်တပ်အတွင်းသတင်းရင်းမြစ်အချို့ကပြောသည်။

စစ်ကောင်စီတပ်နှင့် AAသည် မောင်တောမြို့နယ် မြဝတီကျေးရွာနှင့် တရိန်းကျေးရွာအကြားတွင် ယနေ့(ဇူလိုင်လ ၁၈ ရက်) နံနက် ၁၀ နာရီမှ စတင်၍ တိုက်ပွဲဖြစ်နေသည်ဟု ဒေသခံအချို့ နှင့် အမည်မ​ဖော်လို​သောစစ်​ကောင်စီသတင်းရင်းမြစ်များကကလည်းပြောသည်။​ဒေစတွင်းမီဒီယာများတွင် တိုက်ပွဲဖြစ်ပွား​နေ​ကြောင်း​ရေးသား​ဖော်ပြပြီး မည်သည့်အဖွဲ့နှင့် မည်သည့်အဖွဲ့ ကြားတိုက်​နေသည်ကိုအတည်ပြုမရ​ကြောင်း ​ရေးသား​ဖော်ပြကြသည်။

AA ​ပြော​ရေးဆိုခွင့်ရှိသူထံ People’s Spring ကဆက်သွယ်​ရန်ကြိုးစား​သော်လည်းဆက်သွယ်မရ​သေးပါ။

တိုက်ပွဲဖြစ်ပွား​နေစဥ်နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များလိုက်ပါလာသောစစ်ကောင်စီတပ်ကား တစ်စီးသည် မြဝတီ ကျေးရွာအနီးတွင် နေ့လည် ၁၂နာရီခန့်က မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး​​သေဆုံးထိခိုက်မှုများရှိခဲ့သည်။

Public Service Announcement

Public Service Announcement

“ကားမိုင်းဆွဲခံရပြီး ရဲတပ်ကြပ်တစ်ယောက် သေတယ်။ ၁၂ယောက် ပျောက်နေတယ်။ပျောက်နေတဲ့အထဲမှာ ရဲမှူးတစ်ယောက်နဲ့ ဒုရဲမှုးတစ်ယောက်ပါတယ်” ဟုအမည်မ​ဖော်လို​သောဒုရဲမှုးအဆင့်ရှိရဲတစ်ဦးကလည်းပြောသည်။

သေဆုံးသူသည် ရဲတပ်ကြပ်လှထွေးဆိုသူဖြစ်​ကြောင်းသိရသည်။ရခိုင်ပြည်နယ်တိုက်ပွဲတိုင်းတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်အများအပြား​သေဆုံး ဒဏ်ရာရခဲ့ဖူးသဖြင့်ယခုတိုက်ပွဲပြန်ဖြစ်လာ၍ စိုးရိမ်နေကြကြောင်း စစ်ကောင်စီတပ်ထောက်ခံသူများအချင်းချင်းလူမှုကွန်ရက်တွင် ပြောဆိုနေကြသည်ကိုလည်း​တွေ့ရသည်။

စစ်ကောင်စီနှင့် AA သည် ယနေ့ညတွင်လည်း တိုက်ပွဲဆက်ဖြစ်နေသည်ဟု မောင်တော ဒေသခံများကပြောသည်။စစ်ကောင်စီသည် လက်နက်ကြီးများဖြစ်ပစ်ခတ်နေ၍ အရပ်သားများသည် ဘေးလွတ်ရာ တိမ်းရှောင်နေကြရ​ကြောင်းလည်းသိရသည်။

ရခိုင်ပြည်နယ်တွင် အာဏာသိမ်းစစ်​ကောင်စီတပ်နှင့် AAတို့ကြား စစ်​ရေးတင်းမာ​နေသည်မှာ ရက်သတ္တပါတ်များစွာကြာ​နေပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

AA တပ်ဖွဲ့ဝင်​တွေကလက်နက်ခဲယမ်းနဲ့အ​လောင်း​တွေသိမ်းရ

သတင်း

စစ်တပ်ကဆယ်ချီထပ်မံသေဆုံးပြီးအင်အားဆက်တိုက်ဖြည့်နေ

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်က အောင်သပြေရွာဟောင်းအနီး စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်တပ်က ၆ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့(YGF)က ထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးလာလို့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနရဲ့ ဩဂုတ် ၁၂ရက် သတင်းဖော်ပြချက်မှာ အသိပေးထားပါတယ်။