Connect with us

Hi, what are you looking for?

သတင်း

ဒေါ်လာ​ဈေး ၂၅၀၀ ကျပ်အထိတက်လာ

အာဏာမသိမ်းခင် ၂၀၂၁ ဇန်နဝါရီ ၃၁ ရက် အမေရိကန်တစ်ဒေါ်လာကို ၁၃၂၀ ကျပ်ပေါက်ဈေးရှိခဲ့ပြီးစစ်တပ်အာဏာသိမ်းပြီး တနှစ်ခွဲအကြာတွင်နှိုင်းယှဉ်ပါက ကျပ်ငွေတန်ဖိုးသည် ၈၉ ရာခိုင်နှုန်းကျော်ကျဆင်းခဲ့ခြင်းဖြစ်သည်။

ဓါတ်ပုံ-EPA
ဓါတ်ပုံ-EPA

●အာဏာမသိမ်းခင်နှင့်နှိုင်းယှဥ်လျှင် ကျပ်​ငွေတန်ဖိုးတစ်နှစ်ခွဲအတွင်း ၉၀ ရာခိုင်နှုန်းခန့်ကျဆင်း

စစ်တပ်အာဏာသိမ်းပြီးတစ်နှစ်ခွဲကျော်ကြာမြင့်ချိန်တွင် ကျပ်ငွေတန်ဖိုး ၉၀ ရာခိုင်နှုန်းခန့်ကျဆင်းပြီး ယ​နေ့(ဇူလိုင်၂၀ )တွင် တစ်ဒေါ်လာကို ကျပ် ၂၅၀၀ အထိပေါက်ဈေးရှိလာသည်။

အာဏာမသိမ်းခင် ၂၀၂၁ ဇန်နဝါရီ ၃၁ ရက် အမေရိကန်တစ်ဒေါ်လာကို ၁၃၂၀ ကျပ်ပေါက်ဈေးရှိခဲ့ပြီးစစ်တပ်အာဏာသိမ်းပြီး တနှစ်ခွဲအကြာတွင်နှိုင်းယှဉ်ပါက ကျပ်ငွေတန်ဖိုးသည် ၈၉ ရာခိုင်နှုန်းကျော်ကျဆင်းခဲ့ခြင်းဖြစ်သည်။

“ဒေါ်လာဈေးကွက်က ပျက်သွားပြီ အရောင်းအဝယ်က ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်သွား”ဟု ငွေလဲကောင်တာပိုင်ရှင်တစ်ဦးကပြောသည်။

လက်ရှိတွင် ဈေးကွက်အတွင်း အရောင်းအဝယ်အဖြစ်ဆုံးနှုန်းမှာ တစ်ဒေါ်လာ ၂၄၅၀ကျပ်ဖြစ်ပြီး အချို့အရောင်းအဝယ်များတွင် တစ်ဒေါ်လာ ၂၅၀၀ကျပ်အထိရှိလာသည်ဟု ၎င်းကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

သို့သော်လည်း ဈေးကွက်အတွင်း ဒေါ်လာအရောင်းအဝယ်လုပ်သူများကို စစ်ကောင်စီက ဖမ်းဆီးမည်ဟု သတင်းများထွက်ပေါ်လာခြင်းကြောင့် ပေါ်တင်အရောင်းအဝယ်မလုပ်ရဲကြောင်း ငွေလဲကောင်တာပိုင်ရှင်များကပြောသည်။

၂၀၂၂ ဇူလိုင်လတွင် ထုတ်ပြန်ထားသော ကမ္ဘာ့ကုန်သွယ်ရေးအချက်အများအရ မြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွမှုသည် ၁၄ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်ဟုဆိုထားသည်။

ထိုသို့ငွေကြေးဖောင်ပွလာခြင်းကြောင့်ဆန်၊ဆီနှင့်အခြေခံစားသောက်ကုန်များအပါအဝင်ကုန်ဈေးနှုန်းလည်းအဆမတန်မြင့်တက်လာသည်။

လက်ရှိတွင်စားအုန်းဆီ၊ စက်သုံးဆီ၊ ဆေးဝါးစသည့်ပြည်ပမှတင်သွင်းရသည့်ကုန်ပစ္စည်းများလည်း အဆမတန်ဈေးမြင့်တက်လာသည်။

“ဆန်ဈေးတွေလည်းတက်တယ်၊ဆန်အချောတွေဆိုရင်တစ်ပတ်တည်းကိုကျပ် ၇၀၀၀ ပတ်လည်းတက်သွားတယ်”ဟု ဆန်ကုန်သည်တစ်ဦးကပြောသည်။

ထိုအပြင်စားအုန်းဆီးဈေးမှာလည်း စစ်ကောင်စီကတစ်ပိသာ၃၆၆၅ကျပ်သတ်မှတ်ထားသော်လည်းပြင်ပပေါက်ဈေးတွင်တပိဿာလျှင်ကျပ် ၇၀၀၀ကျော်အထက်တွင်ရှိနေသည်။

ပြည်ပမှဆေးဝါးများမှာလည်း ဈေးကြီးမြင့်ပြီး ဝယ်ယူရန်အခက်အခဲဖြစ်နေသည်ဟု ဆေးဆိုင်ပိုင်ရှင်များကပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ရုပ်ပုံ ပါရှိတဲ့ တစ်ဒေါ်လာတန် ဒင်္ဂါးတွေကို အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက တရားဝင် ထုတ်ဝေလိုက်ပါတယ်။

ဆောင်းပါး

ခွေးကိုက်ခံရတာက ကြောက်စရာကောင်းပါတယ်။ဒါပေမယ့် မြန်မာနိုင်ငံမှာ ခွေးကိုက်ခံရပြီးဆေးရုံရောက်သွားတဲ့အခါလိုအပ်တဲ့ ခွေးရူးကာကွယ်ဆေးကို အချိန်မီ မရနိုင်တာက ပိုပြီး ကြောက်စရာကောင်းလာနေပါတယ်။

နိုင်ငံတကာ

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မျက်နှာပုံပါတဲ့ တစ်ဒေါ်လာတန် ဒင်္ဂါးတွေ သွန်းလောင်း ထုတ်ဝေသွားမယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန လက်အောက်ခံ ကြေးသွန်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

လွှတ်တော်ဆီက ခွင့်ပြုချက်ရရင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ပုံ ရိုက်နှိပ်ထားတဲ့ ဒေါ်လာ ၂၅၀ တန် ငွေစက္ကူ အသစ်တွေ ထုတ်ဝေလာနိုင်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။

Facebook