Connect with us

Hi, what are you looking for?

သတင်း

အချက်အလက်ပေါက်ကြားမှုအပေါ် စစ်ဆေးအရေးကာ K4U ကျောင်းအား ရပ်ဆိုင်းသင့်ကြောင့် ပြည်သူ့ပညာရေးကျောင်းအဖြစ်လျှောက်ထားခြင်း ရှိမရှိ ထုတ်ပြန်ပေးရန် တိုက်တွန်း

အချက်အလက်များ ပေါက်ကြားခြင်းသည် ဇွန်လအတွင်းကတည်းက ဖြစ်ပေါ်လျက်ရှိနေပြီး ပညာရေးဝန်ကြီးဌာနအနေဖြင့် ထိုအချိန်တွင် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေး နွေးခြင်းအပြင် အရေးယူမှုများအား မဆောင်ရွက်ခဲ့သည် မှာ ဝန်ကြီးဌာန၏ ကြေညာချက်အမှတ် (၈/၂၀၂၂) ပါ ပုဒ်မ(၃)၊ (ဋ) နှင့် ကိုက်ညီမှုမရှိသည်ကို တွေ့ရသည်ဟု ဆို သည်။

ဗကသများအဖွဲ့ချုပ်
ဗကသများအဖွဲ့ချုပ်

အချက်အလက်များပေါက်ကြားခဲ့ခြင်းအပေါ် စစ်ဆေးအရေးယူ၍ Kaung For You ကျောင်းအား ရပ်ဆိုင်းသင့်ကြောင်းနှင့် ယင်းကျောင်းသည် ပြည်သူ့ပညာရေးကျောင်းအဖြစ် လျှောက်ထားခဲ့ခြင်းရှိ၊မရှိ အသိပေးထုတ်ပြန်သင့်ကြောင်း ဗကသများအဖွဲ့ချုပ်နှင့် ကျောင်းသားအင်အားစုများက NUG အစိုးရ၊ ပညာရေးဝန်ကြီးဌာနထံ အိတ်ဖွင့်ပေးစာပေးတောင်းဆိုလိုက်သည်။

ပညာရေးဝန်ကြီးဌာန၏ ၂၀၂၂ခုနှစ်၊ မေလ (၂၆)ရက်နေ့ရက်စွဲပါ ကြေညာချက်အမှတ် (၈/၂၀၂၂)ပါ ပုဒ်မ (၃) (ဋ) တွင် ” ဒီမိုကရေစီနှင့် လူ့အခွင့်ရေးစံနှုန်းများမှ သွေဖည်ခြင်း၊ အကျိုးစီး ပွားအတွက် ဆောင်ရွက်ခြင်းနှင့် အငြင်း ပွားမှုပဋိပက္ခများ ဖြစ်ပွားခြင်းများ ပေါ်ပေါက်လာပါက လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်ပြီး မူဝါဒများနှင့် မကိုက်ညီကြောင်းထင်ရှားပါက ပြည်သူ့ပညာရေးကျောင်းအဖြစ် အသိအမှတ်ပြုခြင်းအား ရပ်ဆိုင်းမည်ကို လက်ခံ ရမည်”ဟု ထည့်သွင်းထားသည်ကို တွေ့ရသည်ဟုဖော်ပြသည်။

ဗကသများအဖွဲ့ချုပ်
ဗကသများအဖွဲ့ချုပ်

ထို့ကြောင့် ယခုလက်ရှိ K4U ကိစ္စအား ပညာရေးဝန်ကြီး ဌာန၏ ကြေညာချက် ပါအချက်နှင့် လျော်ညီစွာ စစ်ဆေးအရေးယူကာ ရပ်ဆိုင်းသင့်ပါကြောင်းနှင့် အကယ်၍ ပြည်သူ့ ပညာရေးကျောင်းအဖြစ် လျှောက်ထားခြင်းမရှိပါကလည်း မရှိကြောင်းကို ပြည်သူလူထုနှင့် CDM ပညာရေးဝန်ထမ်းများ သိရှိစေရန် ရှင်းလင်းစွာ ထုတ်ပြန်ပေးရန်လိုအပ်ကြောင်း ထောက်ပြသည်။

K4U မှာ ပညာရေးဝန်ကြီးဌာန၏ ကြေညာချက်အမှတ် (၈/၂၀၂၂)ပါ အချက်(၁၁)ချက်ဖြင့် ပေါ်ပေါက်လာသော ကျောင်းတစ်ကျောင်းဖြစ်သည်ဟု သိရှိရကြောင်းလည်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“ယခု K4U မှ ဆရာ/မများ၊ ကျောင်းသားမိဘများ၊ကျောင်း သားများ မတရားဖမ်းဆီး၊ အချုပ်အနှောင်ခံနေရခြင်းများသည် အချက်အလက်များပေါက်ခြင်းကြောင့်သာဖြစ်သည်”ဟု ထုတ်ပြန်သည်။

အချက်အလက်များ ပေါက်ကြားခြင်းသည် ဇွန်လအတွင်းကတည်းက ဖြစ်ပေါ်လျက်ရှိနေပြီး ပညာရေးဝန်ကြီးဌာနအနေဖြင့် ထိုအချိန်တွင် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေး နွေးခြင်းအပြင် အရေးယူမှုများအား မဆောင်ရွက်ခဲ့သည် မှာ ဝန်ကြီးဌာန၏ ကြေညာချက်အမှတ် (၈/၂၀၂၂) ပါ ပုဒ်မ(၃)၊ (ဋ) နှင့် ကိုက်ညီမှုမရှိသည်ကို တွေ့ရသည်ဟု ဆို သည်။

“ထို့ကြောင့် ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်း သူများနှင့် (CDM) ပညာရေးဝန်ထမ်းများ များစွာနစ်နာခဲ့ရသည့်အပေါ် တာဝန်ယူမှု တာဝန်ခံမှုအနေဖြင့် တောင်းပန်သင့်ပါသည်ဟု ကျွန်ုပ်တို့မှ မှတ်ယူသည်။ ယခုအချိန်တွင်လည်း K4U နှင့်ပတ်သက်သည့် အရေးယူ ဆောင်ရွက်ခြင်းများအား ထိထိရောက်ရောက်ဖြင့် အမြန်ဆုံးဆောင်ရွက်ပေးရန် ကျွန်ုပ်တို့မှ အကြံပြုလိုပါသည်”ဟု ဖော်ပြသည်။

ယခုကိစ္စတွင် NUG/MOE သည်လည်း အခန်းကဏ္ဍတစ်ခုအနေဖြင့် ပါဝင်နေသည်ဖြစ်ရာ စစ်ဆေးတွေ့ရှိချက်အချို့နှင့် လုပ်ငန်းဆောင်ရွက်မှုများကို ပြည်သူလူထုနှင့် CDM ပညာရေးဝန်ထမ်းများသို့ ရှင်းလင်းတိကျစွာ ချပြထုတ်ပြန်သင့်ပြီး ပြင်ပပုဂ္ဂိုလ်များ၏ ပြည်သူ့ပညာရေးကျောင်းများနှင့် ပြည်သူ့ပညာရေးယန္တရားအပေါ် စွပ်စွဲပုတ်ခတ် ပြစ်တင်နေမှုများကိုလည်း တားဆီးနိုင်ရေးနှင့် လိုအပ်ပါက NUG ၏ တရားရေးမဏ္ဍိုင်မှ ထိထိရောက်ရောက် အရေးယူနိုင်ရေးကို ဆောင်ရွက်ပေးသင့်ကြောင်း တိုက် တွန်းထားသည်။

အထက်ပါအိတ်ဖွင့်ပေးစာအား အခြေခံပညာ ကျောင်း သားသမဂ္ဂများ ကွန်ရက်၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားသမဂ္ဂများအဖွဲ့ချုပ်၊ အခြေခံပညာပညာရေးလုပ်သားသမဂ္ဂများတိုက်ပွဲဦးဆောင်ကော်မတီ၊ အခြေခံပညာ ပညာ ရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီတို့မှ ယနေ့ (ဇူလိုင် ၂၀)ရက်တွင် ပူးတွဲထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

၂၀၂၆တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့ အနေနဲ့ ဒီနေ့ (မတ်၁၇)မှာ ဇီဝ‌ဗေဒ နဲ့ ဘောဂဗေဒ ဘာသာရပ်တွေ ဖြေဆိုခဲ့ကြပါတယ်။

ဆောင်းပါး

ကျောင်းတွေ နဲ့ စာသင်ခန်းတွေထဲမှာ အသက်သေဆုံးတဲ့အထိဖြစ်လာတဲ့ ကျောင်းသားချင်းအုပ်စုဖွဲ့ရန်ပွဲသတင်းတွေကို ကိုသက်နိုင်တစ်ယောက် နားနဲ့မဆန့်အောင် မကြာခဏကြားနေရပါတယ်။ကျောင်းသားမိဖတစ်ဦးမို့ အလုပ်လုပ်ရတာလည်း မဖြောင့်တော့ပါဘူး။ လူက အလုပ်ထဲမှာပေမယ့် စိတ်က သားဖြစ်သူရှိတဲ့ စာသင်ခန်းကိုပဲ ရောက်နေပါတယ်။

အတွေးအမြင်

ဟိုးတစ်ချိန်က ရန်ကုန်ကို “အရှေ့တိုင်းရဲ့” (Pearl of East) လို့ခေါ်ခဲ့ကြတယ်လို့ဖတ်ဖူးပါတယ်။ တချို့ကလည်း “အာရှတိုက်ရဲ့ပဲရစ်” (Paris of the East) လို့တောင်ညွှန်းခဲ့ကြပါသတဲ့။

သတင်း

လူမဆန်သည့် လုပ်ကြံသတ်ဖြတ်မှုများကို ဆန့်ကျင်ရှုတ်ချကြောင်းနှင့် အမှုမှန်အမြန်ဆုံး ပေါ်ပေါက်စေရေးတို့အတွက် တိုက်တွန်းတောင်းဆိုခြင်းဖြစ်ကြောင်း BEGSCက အသိပေးသည်။