Connect with us

Hi, what are you looking for?

သတင်း

ဒေါက်တာဇော်မြင့်မောင်ကို ရွေးကောက်ပွဲမသမာမှုနဲ့ထောင် ၃ နှစ်ထပ်ချ

ဒီနေ့ထောင် ၃ နှစ်ထပ်ချလိုက်တဲ့ ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီဟာ ပုဒ်မအသီးသီးနဲ့ ထောင်ဒဏ် ၂၉ နှစ် ချထားတာရှိပါတယ်။

ဒေါက်တာဇော်မြင့်မောင်ကို ရွေးကောက်ပွဲမသမာမှုနဲ့ထောင် ၃ နှစ်ထပ်ချ
ဒေါက်တာဇော်မြင့်မောင်ကို ရွေးကောက်ပွဲမသမာမှုနဲ့ထောင် ၃ နှစ်ထပ်ချ

NLD ပါတီဒုဥက္ကဋ္ဌလည်းဖြစ်သူ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကို ရွေးကောက်ပွဲ မလျော်သြဇာသုံးမှုနဲ့ စစ်ကောင်စီက ဒီနေ့မှာ ထောင်ဒဏ် ၃ နှစ်ထပ်ချလိုက်ပါတယ်။

အိုးဘိုထောင်တွင်းတရားရုံးမှာ ရာဇသတ်ကြီးပုဒ်မ ၁၃၀(က) နဲ့ထောင်၃ နှစ် ချလိုက်တာလို့ တရားရေးအသိုင်းအဝိုင်းကနေသိရပါတယ်။

စစ်တပ်ဟာ မဲမသမာမှုအကြောင်းပြကာ အာဏာသိမ်းပြီးနောက် NLD အစိုးရအဖွဲ့ အကြီးအကဲတွေကို ရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်သြဇာသုံးတယ်ဆိုပြီး တရားစွဲဆိုထားတာဖြစ်ပါတယ်။

ဒီလိုစွဲဆိုခံရသူတွေထဲမှာ သမ္မတ ဦးဝင်းမြင့် ၊ ဒေါ်အောင်ဆန်းစုကြည်တို့လည်းပါဝင်ပါတယ် ။

Public Service Announcement

Public Service Announcement

ဒီနေ့ထောင် ၃ နှစ်ထပ်ချလိုက်တဲ့ ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီဟာ ပုဒ်မအသီးသီးနဲ့ ထောင်ဒဏ် ၂၉ နှစ် ချထားတာရှိပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ သွေးကင်ဆာ ဝေဒနာခံစားနေရသူဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။

နိုင်ငံတကာ

အတိုက်အခံ ခေါင်းဆောင်ရဲ့ ပြတ်သားတဲ့ ရွေးကောက်ပွဲ အနိုင်ရလဒ်နဲ့အတူ ဟန်ဂေရီကို ၁၆ နှစ်ကြာ ကြီးစိုး အုပ်ချုပ်ခဲ့တဲ့ ဗစ်တာအော်ဘန်ရဲ့ ခေတ်က အဆုံးသတ်သွားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေပါဝင်တဲ့ မွန်တော်လှန်ရေးဖိုရမ်က ကြေညာချက် တရပ်ထုတ်ပြန်ခဲ့ရာ စစ်တပ် ကျင်းပတဲ့ ရွေးကောက်ပွဲက ပေါ်လာမယ့် ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုကြောင်း အသိပေးထားသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) အခြေခံ နိုင်ငံရေးဆွေးနွေးပွဲတွေကိုလက်မခံကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲမှာ အရေးနိမ့်ခဲ့တဲ့ မဟာမိတ် ညွန့်ပေါင်း အင်အားစု မဲဆန္ဒနယ် ၃၀ ကျော်က ရလဒ်တွေနဲ့ ပတ်သက်လို့ မကျေနပ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် (EC)ဆီ တရားဝင် အရေးဆိုခဲ့ပါတယ်။