Connect with us

Hi, what are you looking for?

သတင်း

ဆိပ်ဖြူတွင် တိုက်ပွဲပြင်းထန်နေပြီး PDF စခန်းတစ်ခု စီးနင်းခံထားရ

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုး ထိုးစစ်ဆင်မှုများကြောင့် အိုင်ကြီး၊ ဖလံမ၊ စိုက်ခင်း၊ သုံးလံပြည့် စသည့်ကျေးရွာလေးရွာမှ ဒေသခံပြည်သူ ၇၀၀ ကျော် ဘေးလွတ်ရာရှောင်တိမ်းနေကြရသည်။

(ဘေးလွတ်ရာရှောင်တိမ်းရန် ပြင်တင်နေကြသည့် ဆိပ်ဖြူဒေသခံများအားတွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)
(ဘေးလွတ်ရာရှောင်တိမ်းရန် ပြင်တင်နေကြသည့် ဆိပ်ဖြူဒေသခံများအားတွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)

●လောင်းရှည် PDF စခန်းမစွန့်ရရေးအပြင်းအထန်ခုခံနေ

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ် PDF များကြား တိုက်ပွဲပြင်းထန်လျှက်ရှိကြောင်း ဆိပ်ဖြူ ဘာမထီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

လက်ရှိတွင် ဘာမထီတပ်ဖွဲ့၏ အထိုင်ချစခန်းတစ်ခု စစ်ကောင်စီတပ်၏ စီးနင်းခြင်းခံထားရပြီး ယင်းစစ်ကြောင်းမှ အကြမ်းဖက်စစ်ကောင်စီတပ်သားများမှာ စခန်းနေရာတွင် အထိုင်ချထားကြောင်း ဘာမထီတပ်ဖွဲ့က ပြောသည်။

“ကျွန်တော်တို့ စခန်းကို ပထမစစ်ကြောင်းနဲ့ စခန်းမသိမ်းနိုင်တော့ ၃ ဖက် ဝိုင်းပြီးမှ စစ်ကြောင်းထိုးလာတာ။ အင်းအားမမျှတော့လို့ နောက်ဆုတ်ပေးလိုက်တာပါ”ဟု ဘာမထီတပ်ဖွဲ့မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်တပ်မှ ဘာမထီတပ်ဖွဲ့စခန်းအား စီးနင်းသည့်ဖြစ်စဥ်သည် ဇူလိုင် ၁၈ ရက်နေ့တွင် စတင်စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ပထမစစ်ကြောင်းတွင် အင်အား ၅၀ ခန့်သာပါရှိရာမှ ဇူလိုင် ၁၉ ရက်နှင့် ၂၀ ရက်နေ့များတွင် ဆော – ဆိပ်ဖြူလမ်းပိုင်းမှတဆင့် အင်အားထပ်မံတိုးချဲ့လျှက်ရှိရာ မိုင်းဆွဲတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“မိုင်းဆွဲတိုက်ခိုက်ရာမှာ ၇ ဦး ဂန့်ပြီး ထိခိုက်ဒဏ်ရာများနိုင်ပါတယ်။ အခုနောက်ပိုင်းမှာတော့ ၂ ဖက်လက်နက်ကြီးတွေနဲ့ပဲ ပစ်နေကြတာဆိုတော့ (ထိခိုက်သေဆုံး)စာရင်းအတိအကျ မသိရနိုင်ပါဘူး”ဟု ဘာမထီတပ်ဖွဲ့ဝင်ရဲဘော်က ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဆိပ်ဖြူမြို့နယ်အတွင် ဆိပ်ဖြူ၊ ဆောနှင့် ပေါက်မြို့နယ်များအစပ်နားရှိ နဂါးပွက်တောင်အနီး ဘန်ကာများပြုလုပ်၍ အထိုင်ချထားကာ လောင်းရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းအနီး ချဥ်းကပ်ရန် ပြင်ဆင်နေကြောင်း လောင်းရှည် LSRPDF တပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ရှင်းပြသည်။

“LSRPDF စခန်း မစီးခံရ​သေးပါ။ စခန်းနဲ့ အနီးဆုံးနေရာမှာစခတွေ ​ရောက်နေတာ။ စခန်းရှိနေရာနားအထိတော့ မရောက်နိုင်သေးဘူး။ ကျွန်တော်တို့ ကြိုးစားတိုက်ပွဲဝင်နေကြပါတယ်”ဟု ၎င်းက ဆိုသည်။

အထက်ပါ ဆိပ်ဖြူမြို့နယ်တွင်း တိုက်ပွဲများတွင် အကြမ်း ဖက်စစ်ကောင်စီတပ်မှ အင်အား ၄၀၀ ခန့်ဖြင့် ဆိပ်ဖြူမြို့ နယ်အဆုံးပိုင်းရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ အထိုင်ချစခန်းများထံ ထိုးစစ်ဆင်လာနေခြင်းဖြစ်ပြီး ဒေသကာ ကွယ်ရေးတပ်များမှ ဘာမထီတပ်ဖွဲ့၊ ချောက် PDF နှင့် လောင်းရှည် PDF အပါအဝင် ညီနောင်မဟာမိတ်တပ်များ ပူးပေါင်းခုခံနေခြင်းဖြစ်ကြောင်း ယင်းတပ်ဖွဲ့များထံမှ သိရသည်။

“ယခုထိ တစ်ဖက်နဲ့တစ်ဖက် လက်နက်ကြီးများအပြန်လှန် ပစ်ခတ်ပြီး စစ်ရေးတင်းမာနေဆဲပါ”ဟု LSRPD မှ တော် လှန်ရေးရဲဘော်တစ်ဦးက ယနေ့(ဇူလိုင် ၂၁)ညနေပိုင်းတွင် ပြောသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုး ထိုးစစ်ဆင်မှုများကြောင့် အိုင်ကြီး၊ ဖလံမ၊ စိုက်ခင်း၊ သုံးလံပြည့် စသည့်ကျေးရွာလေးရွာမှ ဒေသခံပြည်သူ ၇၀၀ ကျော် ဘေးလွတ်ရာရှောင်တိမ်းနေကြရသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ