Connect with us

Hi, what are you looking for?

သတင်း

ပြည်ပမှ​ဆေးဝါးတင်သွင်း​သောကုမ္ပဏီများ စစ်​ကောင်စီထံမှ​ဒေါ်လာမဝယ်ဘဲကိုယ်ပိုင်အစီအစဥ်ဖြင့်​ဒေါ်လာရှာ၍တင်သွင်းပါကခွင့်ပြုမည်ဟု​ကြေညာ

ရန်ကုန်မြို့ ရှိပုဂ္ဂလိက​ဆေးရုံတစ်ခုဖြစ်သာပင်လုံဆေးရုံကလည်း လတ်တလော အခြေအနေများကြောင့် ဆေးရုံတက်လူနာများ ဆေးလုံလောက်စွာရရှိစေရန်အတွက် ပြင်ပလူနာများကို ၂ ပတ်စာသာ ဆေးဝါးများရောင်းချပေးမည်ဟုမကြာ​သေးခင်ကထုတ်ပြန်ထားသည်။

ပြည်ပမှ​ဆေးဝါးတင်သွင်း​သောကုမ္ပဏီများ စစ်​ကောင်စီထံမှ​ဒေါ်လာမဝယ်ဘဲကိုယ်ပိုင်အစီအစဥ်ဖြင့်​ဒေါ်လာရှာ၍ တင်သွင်းပါကခွင့်ပြုမည်ဟု​ကြေညာ
ပြည်ပမှ​ဆေးဝါးတင်သွင်း​သောကုမ္ပဏီများ စစ်​ကောင်စီထံမှ​ဒေါ်လာမဝယ်ဘဲကိုယ်ပိုင်အစီအစဥ်ဖြင့်​ဒေါ်လာရှာ၍ တင်သွင်းပါကခွင့်ပြုမည်ဟု​ကြေညာ

ပြည်တွင်း၌ ဆေးဝါးများပြတ်လပ်လာပြီးနောက် ဆေးဝါးလုပ်ငန်းရှင်များကို ​ပြည်ပမှဆေးတင်သွင်းရန်စစ်ကောင်စီကဒေါ်လာထုတ်မပေးဘဲ ကိုယ်ပိုင်အစီအစဉ်ဖြင့် တင်သွင်းခွင့်ပြုမည်ဟု ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းက ယမန့်က ထုတ်ပြန်လိုက်သည်။

ဒေါ်လာရှားပါးလာခြင်းကြောင့် ပြည်ပမှတင်သွင်းရ​သော အခြေခံဆေးဝါးများရှားပါးလာသဖြင့် ဆေးကုမ္ပဏီအချို့သည်ဆေးဝါးရောင်းချမှုကိုရပ်နားထားရသည်ဟု ဆေးကုမ္ပဏီ အရောင်းဝန်ထမ်းအချို့က​ပြောသည်။

စစ်ကောင်စီက ဒေါ်လာများရသမျှစုပြီး ပုဂ္ဂလိကမှ​ဒေါ်လာစီးဆင်မှုကိုပိုမိုထိန်းချုပ်​နေ​သော​ကြောင့်ပြည်ပသွင်းကုန်များကို ရပ်တန့်သွားသလို ပြည်ပမှ​ဆေးဝါးများအဓိကတင်သွင်း​ရောင်းချ​​နေ​သော ဆေးဝါး​ဈေးကွက်တွင်လည်း​ဆေးဝါးများရှားပါးလာခြင်းဖြစ်သည်ဟုဆေးဝါးတင်သွင်း​ရောင်းချ​သောလုပ်ငန်းရှင်များကပြောသည်။

ပြည်ပမှ​ဆေးဝါးတင်သွင်း​သောကုမ္ပဏီများ စစ်​ကောင်စီထံမှ​ဒေါ်လာမဝယ်ဘဲကိုယ်ပိုင်အစီအစဥ်ဖြင့်​ဒေါ်လာရှာ၍ တင်သွင်းပါကခွင့်ပြုမည်ဟု​ကြေညာ
ပြည်ပမှ​ဆေးဝါးတင်သွင်း​သောကုမ္ပဏီများ စစ်​ကောင်စီထံမှ​ဒေါ်လာမဝယ်ဘဲကိုယ်ပိုင်အစီအစဥ်ဖြင့်​ဒေါ်လာရှာ၍ တင်သွင်းပါကခွင့်ပြုမည်ဟု​ကြေညာ

ယခုအခါ ဆေးဝါးနှင့် ဆေးဝါးပစ္စည်းများ သွင်းကုန်လိုင်စင်လျှောက်ထားရာတွင်စစ်ကောင်စီထံနိုင်ငံခြားငွေဝယ်ယူခြင်းမပြုဘဲ ကုမ္ပဏီအစီအစဉ်ဖြင့် ငွေလွှဲပါက တင်သွင်းခွင့်ပြုမည်ဟု ထုတ်ပြန်လာခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ကိုယ်ပိုင်အစီအစဉ်ဖြင့်တင်သွင်းမည့်ကုမ္ပဏီများကိုအသင်းက စာရင်းပြုစု၍ စစ်ကောင်စီ ထိန်းချုပ်ထားသည့် ကုန်သွယ်ရေးဦးစီးဌာနကို တင်ပြပေးမည်ဟု ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်းကဆိုသည်။

“ဒေါ်လာဈေးက မငြိမ်တော့ ကုမ္ပဏီဘက်ကဆေးတင်သွင်းတာရပ်ထားတယ်။ရှိတဲ့ဆေးကိုပဲထိန်းရောင်းပေးနေရတယ်။ဆေးအများစုကတော့ ပြတ်နေပြီ”ဟု ရန်ကုန်မြို့အခြေစိုက် ဆေးဝါးဖြန့်ဖြူးနေသည့်ကုမ္ပဏီတစ်ခု အရောင်းမန်နေဂျာတစ်ဦးကပြောသည်။

လက်ရှိတွင် ဒေါ်လာဈေးမြင့်တက်လာခြင်းကြောင့် ဆေးဝါးဈေးနှုန်းများမှာလည်းပိုမိုမြင့်တက်နေသည်။

“သူတို့ဘက်က Import လိုင်စင်(သွင်းကုန်လိုင်စင်)ချမပေးတော့ ဈေးတွေတက်တာ။ လိုင်စင်က ၃ လ တဖြတ်ချချပေးတာအခုမချပေးတော့ ကုမ္ပဏီတွေက အရောင်းပိတ်တာ”ဟု ဆေးဝါးတင်သွင်း​ရောင်း​ချ​နေ​သောကုမ္ပဏီပိုင်ရှင်တစ်ဦးကပြောသည်။

လက်ရှိတွင်ဆေးဝါး​ဈေးနှုန်းများမှာ ၂၀ ရာခိုင်နှုန်းအထက်မြင့်တက်နေပြီး ကင်ဆာကဲ့သို့သော အရေးကြီးဆေးဝါးများကိုပင် စစ်ကောင်စီက တင်သွင်းခွင့်မပြုကြောင်းအထက်ပါကုမ္ပဏီပိုင်ရှင်က​ပြောသည်။

“အမေက နာတာရှည်ရောဂါသည်မို့ ပုံမှန်ဆေးသောက်ရတာ။ အခုက ဈေးတွေတက်ပြီး ဝယ်မရလည်းဖြစ်နေတယ်”ဟုရန်ကုန်မြို့ခံတစ်ဦးကပြောသည်။

ရန်ကုန်မြို့ ရှိပုဂ္ဂလိက​ဆေးရုံတစ်ခုဖြစ်သာပင်လုံဆေးရုံကလည်း လတ်တလော အခြေအနေများကြောင့် ဆေးရုံတက်လူနာများ ဆေးလုံလောက်စွာရရှိစေရန်အတွက် ပြင်ပလူနာများကို ၂ ပတ်စာသာ ဆေးဝါးများရောင်းချပေးမည်ဟုမကြာ​သေးခင်ကထုတ်ပြန်ထားသည်။

လက်ရှိတွင် ဆေးဂိုထောင်အများသည်လည်း အရောင်းပိတ်ထားပြီးလက်ရှိဒေါ်လာဈေးအရဆေးဝါးဈေးနှုန်းများထပ်မံမြင့်တက်နိုင်​ကြောင်းဆေးဝါးလုပ်ငန်းရှင်များကပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ရုပ်ပုံ ပါရှိတဲ့ တစ်ဒေါ်လာတန် ဒင်္ဂါးတွေကို အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက တရားဝင် ထုတ်ဝေလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ဆောင်းပါး

ခွေးကိုက်ခံရတာက ကြောက်စရာကောင်းပါတယ်။ဒါပေမယ့် မြန်မာနိုင်ငံမှာ ခွေးကိုက်ခံရပြီးဆေးရုံရောက်သွားတဲ့အခါလိုအပ်တဲ့ ခွေးရူးကာကွယ်ဆေးကို အချိန်မီ မရနိုင်တာက ပိုပြီး ကြောက်စရာကောင်းလာနေပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်